×

MPT အသုံးပြုသူများအတွက် 200GB အထိ ကံထူးခွင့်ရရှိမည့် Lucky Data အစီအစဉ်သစ်ကို မိတ်ဆက်

18 Jul 2019

(ရန်ကုန် – ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၈ ) – မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT သည် သုံးစွဲသူများအတွက် ပြီးပြည့်စုံသော ဒီဂျစ်တယ်လူမှုဘဝများကို အပြည့်အဝခံစားနိုင်စေရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ သည်။ ယနေ့တွင် MPT သည် မြန်မာပြည်သူပြည်သားများအတွက် ဒေတာကံထူးခွင့်များရရှိမည့် Lucky Data ပရိုမိုးရှင်းအစီအစဉ်သစ်တစ်ရပ်ကို မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သတင်းထုတ် ပြန်လိုက်သည်။
Lucky Data ပရိုမိုးရှင်းအစီအစဉ်ကို MPT သုံးစွဲသူများ အလွယ်တကူ အသုံးပြုနိုင်ရန်အတွက် အရိုးရှင်းဆုံး စီစဉ်ပေးထားပြီး၊ ဇူလိုင် ၁၈ ရက် နေ့မှ စတင်၍ ထပ်မံမကြေညာခင်အချိန်အထိ Data Carry Pack ဝယ်ယူသူတိုင်းအတွက် 200GB အထိ ကံထူးခွင့်ရရှိမည်ဖြစ်သည်။ အဆိုပါအစီအစဉ်ကို MPT GSM/WCDMA အသုံးပြုသူတိုင်း ပါဝင်နိုင်မည်ဖြစ်ပြီး စိတ်ဝင်စားဖွယ် Data ဆုလက်ဆောင်များကို ရရှိကံထူးနိုင်ကြမည် ဖြစ်ပါသည်။ Data Carry Pack အား ဝယ်ယူရန်အတွက် *777# ကိုခေါ်ဆိုပြီး၊ မိမိတို့နှစ်သက်ရာ ဒေတာပက်ကေ့ချ်များကို ဝယ်ယူခြင်းဖြင့် အပိုဆောင်းဒေတာများကို ရက်ပေါင်း ၃၀ အထိသုံးစွဲနိုင်ပြီး ယခင်လက်ကျန်ရှိနေသည့် ဒေတာ များ ကိုလည်း ပက်ကေ့ချ်သက်တမ်းအတိုင်း ဆက်လက်သယ်ဆောင် အသုံးပြုနိုင်မည် ဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် MPT4U app ကို အသုံးပြုပြီးလည်း အဆိုပါ ပက်ကေ့ချ်များကို ဝယ်ယူနိုင်မည်ဖြစ်သည်။

MPT အသုံးပြုသူများအနေဖြင့် မိမိ၏မိသားစုနှင့် မိတ်ဆွေများထံသို့ ဒေတာ လက်ဆောင်ပေးနိုင်ရန် *777# သို့မဟုတ် *106*2# သို့ ခေါ်ယူပြီး၊ မိမိပေးလိုသည့် ဒေတာပက်ကေ့ချ်အားရွေးချယ်ကာ အမှတ်စဉ် “2.Gift (သို့) 2.လက်ဆောင်ပေးမည်” ကို ရွေးချယ်ပြီး၊လက်ဆောင်ပေးမည့် မိုဘိုင်းလ်နံပါတ်ကို ရိုက်နှိပ်ပြီး တခြားသူများကိုလက်ဆောင်ပေးနိုင်မည်ဖြစ်သည်။ အသုံးပြုသူများအနေဖြင့် မိမိတို့လိုအပ်သလောက် ဒေတာပက်ကေ့ချ်များကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ကာ Lucky Data များကံထူးရန် အခွင့်အလမ်းပိုမိုရရှိနိုင်မည် ဖြစ်သည်။ ဝယ်ယူလိုက်သည့် ဒေတာပက်ကေ့ချ်များအတွက်ဒေတာပမာဏနှင့်သက်တမ်း ကို ပေါင်းစည်းအသုံးပြုနိုင်မည်ဖြစ်သော်လည်း Lucky Data ၏ အသုံးပြုနိုင်သည့် ဒေတာပမာဏနှင့် သက်တမ်းကို ပေါင်းစည်းအသုံးပြုနိုင်မည်မဟုတ်ပါ။ Lucky Data များကိုမူ ၇ ရက်အတွင်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။
MPT အသုံးပြုသူများကို ပိုမိုပျော်ရွှင်စေမည့် Happy Friday + Lucky Data Promotion အစီအစဉ်
သောကြာနေ့များတွင် Data Carry Pack ဝယ်ယူသည့် MPT သုံးစွဲသူများအနေဖြင့် Happy Friday အပိုဆောင်းဒေတာ (MBs) များရရှိနိုင်မည်ဖြစ်သည့်အပြင် အခြားနေ့များတွင်လည်း 200GB အထိ ဒေတာကံထူးခွင့်များရရှိမည့် Lucky Data ပရိုမိုးရှင်းအစီအစဉ် ကိုလည်းကံထူးရရှိနိုင်မည်ဖြစ်သည်။
MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှလည်း ယခု ပရိုမိုးရှင်း အစီအစဉ်သစ်နှင့် ပတ်သက်၍ “ အခုဆိုရင် မြန်မာနိုင်ငံသားတွေအတွက် ဒေတာပက်ကေ့ချ်တွေဟာ အထူးသဖြင့် အင်တာနက်ကို ပမာဏများများ အသုံးပြုနေကြတဲ့ သူတွေအတွက် အရေးကြီးတဲ့ပြတင်းပေါက်တစ်ခုအနေနဲ့ အင်မတန်အရေးပါလာပါပြီ။ ကျွန်တော်တို့ အိမ်မှာ၊ ရုံးမှာ၊ ကျောင်းမှာ၊ စီးပွားရေးလုပ်ငန်းတွေမှာ၊ ဘယ်နေရာမှာမဆို ဒေတာ တွေက ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေကို မောင်းနှင်နေကြတဲ့ အသက်သွေးကြောလို့တောင် ပြောလို့ရပါတယ်။ ဒါကြောင့်လည်း MPT အနေနဲ့ သုံးစွဲသူတွေကို စိတ်ကျေနပ်မှုရရှိစေနိုင်ဖို့နဲ့ ဒီအစီအစဉ်ကနေတစ်ဆင့် ပြီးပြည့်စုံတဲ့ ဒီဂျစ်တယ်လူမှုဘဝတွေကို အပြည့်အဝခံစားနိုင်စေဖို့နဲ့ သုံးစွဲသူတွေ အကျိုးအမြတ် ပိုမိုရရှိစေဖို့ အခြားသော ပရိုမိုးရှင်းတွေနဲ့ ပေါင်းစပ်ထားတာဖြစ်လို့ သုံးစွဲသူတွေအနေနဲ့ MPT ကို ရွေးချယ်ရကျိုးနပ်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော့်အနေနဲ့ MPT အသုံးပြုသူအားလုံးကို ဒီ Lucky Data နဲ့ Happy Friday အစီအစဉ်ကို ရယူအသုံးပြုပြီးတော့ မိမိတို့ရဲ့ ဒီဂျစ်တယ်လူမှုဘဝတွေကို ပိုမိုကောင်းမွန်အောင်လုပ်ကြပါလို့ ဖိတ်ခေါ်တိုက်တွန်းချင်ပါ တယ်”ဟု ပြောကြားခဲ့ပါသည်။
Lucky Data အပါအဝင် အခြားသော အရောင်းမြှင့်တင်မှုများ၊ MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် ပိုမိုသိရှိ လိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ဖုန်းခေါ်ဆို၍၎င်း၊ MPT ၏ တရားဝင် Facebook page ဖြစ်သည့် https://www.facebook.com/mptofficialpage/ နှင့် MPT ၏ တရားဝင် website ဖြစ်သည့် www.mpt.com.mm သို့၎င်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။