×

MPT ၊ MFF နှင့် MNL တို့ပူးပေါင်း၍ မြန်မာ့မျိုးဆက်သစ်လူငယ်ဘောလုံးကစားသမားများ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ပေးနိုင်မည့် အခြေခံဘောလုံးကစားနည်း ဗီဒီယိုစီးရီးများကို ထုတ်ဝေဖြန့်ချိ

25 Sep 2018

(ရန်ကုန်၊ ၂၀၁၈ခုနှစ် စက်တင်ဘာလ ၂၅ရက်) – မြန်မာ့ဆက်သွယ်ရေးအော်ပရေတာ MPT က မြန်မာနိုင်ငံအနှံ့ ရှိ အခြေခံပညာ ကျောင်းများနှင့် ဒေသခံဘောလုံးအသင်းများမှ လူငယ်ခြေတက်ကစားသမားများ၏ တက်သစ်စ ဘောလုံးစွမ်းရည်များကို ပိုမိုထူးချွန်လာစေရန်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF)၊ မြန်မာ နေရှင်နယ်လိဂ် (MNL)၊ သက်ဆိုင်ရာမြို့နယ် ဘောလုံးအဖွဲ့အစည်း (TFA) နှင့် အခြေခံပညာဦးစီးဌာနတို့ အတူပူးပေါင်း၍ အရေးအကြီးဆုံးသော အခြေခံဘောလုံးကစားနည်းစနစ်များ ပါဝင်သည့် သင်ကြားရေး ဗီဒီယို ရုပ်သံစီးရီးအစီအစဉ်များကို စတင်ဖြန့်ဝေလိုက်ပြီဖြစ်သည်။

ဘောလုံးအခြေခံအားကစားနည်း သင်ကြားရေးဗီဒီယို ရုပ်သံစီးရီးအစီအစဉ် ပါဝင်သည့် ဒီဗွီဒီအချပ်ရေ စုစုပေါင်း ၁၅,၀၀၀ ကို ပဲခူး၊ မန္တလေး၊ မော်လမြိုင်၊ မုံရွာ၊ ပုသိမ်၊ စစ်တွေ၊ တောင်ကြီးနှင့် ရန်ကုန် စသည့်တို့ရှိ အခြေခံပညာကျောင်းများအပြင် MNL ကလပ်အသင်းများ၊ မြို့နယ်အလိုက်ဘောလုံးအဖွဲ့အစည်းများ၊ Grassroots ဘောလုံးပွဲတော်နှင့် ၁၄နှစ်အောက် ဘောလုံးပြိုင်ပွဲများတွင် အဆိုပါ ဒီဗွီဒီများကို အောက်တိုဘာလ မှ စတင်၍ အခမဲ့ဖြန့်ချိသွားမည်ဖြစ်သည်။ ကျန်းမာပျော်ရွင် သောလူမှုဘဝနှင့် နည်းလမ်းတကျ ဖွံ့ဖြိုးကြီးထွားရေးကို ဦးတည်ဆောင်ရွက်ထားသော ၎င်းအစီအစဉ်တွင် ဘောလုံးထိန်းချုပ်နည်း၊ ဘောလုံးကိုဆွဲယူနည်း၊ ဘောလုံးအပေးအယူလုပ်နည်း၊ ဂိုးဖမ်းနည်း၊ ဘောလုံးကန် နည်း စသည်တို့အပြင် အသင်းငယ်လေးများခွဲ၍ ယှဉ်ပြိုင်ကစားကြပုံကိုပါ ထည့်သွင်းပေးထားသည်။

“ကျွန်တော်အနေနဲ့ အခုလိုမျိုး MPT၊ MNL နှင့် MFF တို့နဲ့အတူ ပူးပေါင်းပြီးလူငယ်ဘောလုံးကစားသမားတွေကို အခြေခံဘောလုံးလေ့ကျင့်သင်ကြားရေး အစီအစဉ်စတင် ဆောင်ရွက်ပေးခွင့်ရတဲ့အတွက် အရမ်းပဲစိတ်လှုပ်ရှား ရပါတယ်။ ယခုအစီအစဉ်မှာ လက်ရွေးစင်နည်းပြတွေက ပါဝင်ပြီးလေ့ကျင့်သင်ကြားပေးထားလို့ လူငယ် ကစားသမားလေးတွေအတွက် အလွယ်တကူ လိုက်ပါပြီးလေ့ကျင့်သင်ကြားနိုင်မှာပဲဖြစ်ပါတယ်။ အနာဂတ်မှာ မြန်မာ့ဂုဏ်ဆောင်လူငယ်ကစားသမားများ ပေါ်ထွက်လာစေဖို့ ရည်ရွယ်ပြီး ဒီရုပ်သံစီးရီးတွေကို ကျွန်တော်တို့ MPT က မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူပူးပေါင်းလုပ်ဆောင်တဲ့ ကဏ္ဍတစ်ခုအဖြစ်နဲ့ ကျောင်းသားကျောင်းသူ တွေကို အခမဲ့ကူညီထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။အဲဒီအတွက် အခုလိုမျိုးအစီအစဉ် ဖြစ်မြောက်အောင်မြင် အောင် အဘက်ဘက်ကနေ ကူညီပံပိုးပေးခဲ့တဲ့ MFF, MNL နဲ့ ပညာရေးဝန်ကြီးဌာနတို့ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။” ဟု MPT- KSGM Joint Operations လုပ်ငန်းလည်ပတ်မှုဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr. Yoshiaki Benino က ပြောသည်။

 

အထက်ပါပုံပါ “ Foobaall Basic Skills Drill and Exercises” ဒီဗွီဒီ ကို စုစုပေါင်း ၁၅၀၀၀ ချပ် ထုတ်လုပ် ကာ ကျောင်းများ၊ မြို့နယ် ဘောလုံးအဖွဲ့သွာများ နှင့် MNL အသင်းမျာသို့ ဖြန့်ချသွားမည်ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်၏ စီအီးအိုဖြစ်သူ ဦးစိုးမိုးကျော်က “ဒီပရိုဂရမ်ဟာ မြန်မာ့ဘောလုံးလောကအတွက် တစ်ကယ့်ကို အရေးပါတဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။ ယခင်က အခုလိုမျိုး အခြေခံဘောလုံး လေ့ကျင့်ခန်းတွေ ပါဝင်တဲ့ DVD မျိုး မြန်မာပြည်မှာ မရှိသေးပါဘူး။ အင်္ဂလိပ် စကားပြော DVD တွေတော့ ရှိတာပေါ့လေ။ ဒါပေမယ့် ဘာသာစကားဆိုတဲ့ ဘောင်တစ်ခု ခံနေတာကြောင့် အခြေခံ ဘောလုံးပညာ လေ့လာချင်တဲ့ ကလေးငယ်တွေ အတွက် အခက်အခဲရှိခဲ့ပါတယ်။ အခုတော့ ဒီအဟန့်အတားကို MPT ရဲ့ ကူညီမှုနဲ့ ကျွန်တော်တို့ ကျော်လွှားနိုင်ခဲ့ ပါပြီ။ ဒီအခွေက မြန်မာနိုင်ငံက ကလေးတွေအတွက် အခြေခံဘောလုံးပညာသင်ယူမှုမှာ အများကြီး အထောက်အပံ့ ပေးနိုင်မှာပါ။ နောက်ပိုင်းမှာလည်း အခြေခံထက်ပိုတဲ့ ဘောလုံးပညာရပ် အခွေတွေကိုလည်း ထပ်ပြီး ဖန်တီးသွားဖို့ အစီအစဉ် ရှိပါတယ်။ ဒီပရိုဂရမ်လေးဟာ မြန်မာ့ဘောလုံးတိုးတက်ရေးအတွက် တစ်စုံ တစ်ရာအထောက်ကူပြုပေးတဲ့၊ ဘောလုံးကိုစိတ်ဝင်စားတဲ့ကလေးလူငယ်လေးတွေအတွက် များစွာ အထောက် အကူဖြစ်တဲ့ အစီအစဉ်လေးတစ်ခုဖြစ်လို့ ဒီအစီအစဉ်လေးဖြစ်မြောက်အောင် အဓိကပံ့ပိုးပေးတဲ့ကျွန်တော်တို့ ပါတနာ MPT ကိုရော ပါဝင်ကူညီဆောက်ရွက်ပေးခဲ့ကြသူအားလုံးကို အားလုံးကိုယ်စားကျေးဇူးတင်မိပါတယ်။” ဟု ပြောကြားသည်။
မြန်မာ့အားကစားလောကဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပံ့ပိုးကူညီသွားမည်ဟူ သော MPT၊ MFF နှင့် MNL တို့၏ သန္နိဌာန်များအတိုင်း Grassroots ဘောလုံးပွဲတော်များကျင်းပခဲ့သည့် တိုင်းနှင့်ပြည်နယ်များရှိ ကျောင်းပေါင်း ၁၆ ကျောင်းတွင် ယခုရုပ်သံဗွီဒီယိုကို နည်းစနစ်သရုပ်ပြသသည့် အစီအစဉ်များကိုလည်း ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ယင်းတွင် ကျွမ်းကျင်နည်းပြ ၅၀ ဦးတို့ ပါဝင်လေ့ကျင့်ပေးသွားမည်ဖြစ်ပါသည်။ ထို့အပြင် အဆိုပါရုပ်သံစီးရီးများကို MPT ၊ MFF နှင့် MNL တို့၏ တရားဝင် Facebook စာမျက်နှာများ၊ ဝက်ဘ်ဆိုက် များနှင့် MPT ၏ လိုတရ Portal ၊ MPT-MNL အက်ပလီကေးရှင်းအစရှိသည်တို့တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင် အောင်ဆောင်ရွက်သွားမည်ဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလမှ စတင်၍ MPT က မြန်မာ့ဘောလုံးအားကစား၏ အခန်းကဏ္ဍကို မြှင့်တင်ရန်နှင့် ကစား သမားများ၏စွမ်းဆောင်ရည်များ ပိုမိုတိုးတက်လာစေရန်အတွက် မြန်မာနေရှင်နယ်လိဂ် နှင့်အတူ ခိုင်ကြည်သော ယုံကြည်ချက်များဖြင့် ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ “နှလုံးသားထဲက မြန်မာ” လှုပ်ရှားမှုခေါင်းစဉ်အောက် တွင် တစ်ခုအပါအဝင်အဖြစ် MPT မှ MNL နှင့်အတူပူးပေါင်း၍ မြန်မာနိုင်ငံသားများအတွက် ကျန်းမာကြံံ့ခိုင်မှု ရရှိစေရန်ရည်ရွယ်ကာ ကလေးငယ်များအတွက် ဘောလုံးအားကစားပွဲတော်များ၊ တက္ကသိုလ်ဘောလုံးပြိုင်ပွဲ များနှင့် အခြားသော ပြိုင်ပွဲများကို လာမည့်သုံးနှစ်တာကာလအတွင်း ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။