×

MPT ၏ ခေါ်သူနားဆင် တေးသံစဉ် ဝန်ဆောင်မှု (CRBT) ကို နေ့စဉ်ရယူနိုင်မည့် အစီအစဉ်သစ်ကို မိတ်ဆက်

13 Jul 2016

တေးသီချင်းချစ်သူများအနေဖြင့် မိမိကြိုက်နှစ်သက်ရာ သီးသန့်ဖုန်းတေးသံများကို တစ်နေ့လျှင် ၄၅ကျပ်နှုန်းဖြင့် စိတ်ကြိုက်ရယူနိုင်တော့မှာဖြစ်ပါတယ်။

(ရန်ကုန်။ ၂၀၁၆ ခုနှစ် ဇူလိုင် ၁၃ ရက်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် သုံးစွဲသူများအား ကျေးဇူးတုံ့ပြန်ရန်အတွက် Caller Ring Back Tone (CRBT) ဝန်ဆောင်မှုကို တစ်နေ့လျှင် ၄၅ ကျပ်သာ ကျသင့်မည့် အလွန်သက်သာနှုန်းထားဖြင့် နေ့စဉ် ရယူနိုင်တော့မည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံတွင် သက်တမ်းအရှည်ကြာဆုံးသော ဆက်သွယ်ရေးကုမ္ပဏီဖြစ်သည့်အလျောက် ယခုအခါတွင် MPT ၏ ဝန်ဆောင်မှုကို သုံးစွဲသူပေါင်း သန်း၂ဝကျော်ရှိပြီဖြစ်ပါသည်။ အစဉ်အဆက်အားပေးခဲ့သော သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့်လည်း MPT မှ ဆက်သွယ်ရေးဝန်ဆောင်မှုများကို အမြဲဆန်းသစ် တီထွင်မှုများ ပြုလုပ်နေသည့်အပြင် ပရိုမိုးရှင်းအစီအစဉ်များ၊ အထူးဆုများလည်း ပြုလုပ်ပေးလျက်ရှိသည်။

CRBT မှာ တစ်စုံတစ်ဦး သင့်ဖုန်းကို ခေါ်ဆို၍ ဖုန်းပြန်လည်ဖြေကြားမှုကို စောင့်ဆိုင်းနေစဉ်အတွင်း သီချင်းသံ နားဆင်နိုင်မည့် ဝန်ဆောင်မှုဖြစ်ပြီး ယခုအချိန်တွင် ရွေးချယ်နိုင်မည့် သီချင်းအပုဒ်ရေ များစွာ ရှိနေသည့် အတွက် မိုဘိုင်းဖုန်းအသုံးပြုသူများအနေဖြင့် မိမိနှစ်သက်ရာတေးသံစဉ်များကို အလွန်သက်သာသော နှုန်းထားဖြင့် ရယူနိုင်မည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် နေ့စဉ်နေ့တိုင်း အဆိုပါ နှုန်းထားဖြင့် သီးသန့်ဖုန်းတေးသံဝန်ဆောင်မှုကို ရယူနိုင်မည်ဖြစ်သည်။

MPT ၏ GSM နှင့် WCDMA အသုံးပြုသူများအနေဖြင့် နေ့စဉ်ကြေးဖြင့် မိမိတို့နှစ်သက်ရာတေးသီချင်းများကို သီးသန့်ဖုန်းတေးသံအဖြစ် ထည့်သွင်းထားလိုပါက 7979 သို့ ဟု ရေးသားကာ စာတိုပေးပို့နိုင် ပါသည်။ နေ့စဉ်ကြေးဖြင့် ဖုန်းတေးသံဝန်ဆောင်မှုသည် မိမိရယူသည့်နေ့၏ ည ၁၂ နာရီ အချိန်တွင် ကုန်ဆုံးမည်ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က MPT သည် အမြဲသုံးစွဲသူများအား တန်ဖိုးထားသည့်အလျောက် စိတ်ဝင်စားဖွယ် အပိုဆုအစီအစဉ်များကို အစဉ်မပြတ် ဖန်တီးပေးခြင်းဖြင့် သုံးစွဲသူများကို တန်ဖိုးထားမှုပြသခြင်းဖြစ်သည်ဟုပြောပါသည်။ “ကျွန်တော်တို့ရဲ့ စဉ်ဆက်မပြတ် သုံးစွဲသူတွေကို ကျေးဇူးတု့ံပြန်တဲ့အနေနဲ့ လက်ရှိပြုလုပ်နေတဲ့ လစဉ်ကြေးပေးသွင်းပြီး ဖုန်းတေးသံဝန်ဆောင်မှု ရယူတာကနေ ပိုမိုအဆင်ပြေအောင် နေ့စဉ်နှုန်းထားနဲ့ ဖုန်းတေးသံ ရယူနိုင်ဖို့ ပြုလုပ် ပေးလိုက်ပါတယ်။ သုံးစွဲသူတွေဟာ တေးသီးချင်းမြောက်များစွာထဲကမှ အခြားသူတွေနဲ့ မတူနိုင်တဲ့ မိမိတို့ အနှစ်သက်ဆုံးရွေးချယ်မှုတစ်ခုကို လစဉ်နှုန်းထားနဲ့ရောနေ့စဉ်နှုန်းထားနဲ့ပါ ရယူနိုင်ပြီဖြစ်ပါတယ်။ CRBT ဝန်ဆောင်မှုကနေတစ်ဆင့် သုံးစွဲသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ သုံးစွဲမှုအတွေ့အကြုံတွေကို ပေးသွားမှာပါ” ဟု ပြောပါသည်။

MPT GSM နှင့် WCDMA ဖုန်းအသုံးပြုသူများသည် လစဉ်ကြေး ၁,ဝဝဝကျပ်နှင့် CRBT ခေါ်သူနားဆင်တေးသံစဉ် ဝန်ဆောင်မှုကို ရွေးချယ်အသုံးပြုနေကြသော သုံးစွဲသူများ အတွက်လည်း 7979 သို့ ဟု စာတိုပေးပို့ခြင်းဖြင့် လစဉ် ၁ ရက်နေ့တိုင်း သီချင်းတစ်ပုဒ်လျှင် ကျပ် ၃၀၀ နှုန်းပေးသွင်းကာ မိမိနှစ်သက်ရာ တေးသီချင်းသံစဉ်များကို မိမိ၏မူပိုင်ဖုန်းတေးသံအဖြစ် ရယူနိုင် မည်ဖြစ်ပါသည်။

အသုံးပြုလိုသူများသည် ပြည်တွင်းမှ နာမည်ကျော်အဆိုတော်များဖြစ်ကြသည့် မျိုးကြီး၊ အိုင်းရင်းဇင်မာမြင့်၊ နီနီခင်ဇော်၊ ဝိုင်းဆုခိုင်သိန်း၊ ဝဏ္ဏ၊ ရွှေထူး၊ နိုင်းဝမ်း နှင့် ဂျီဂျီကဲ့သို့သော အဆိုတော်များ၏ သီချင်းများအပြင် နိုင်ငံတကာမှ နာမည်ကျော်သီချင်းများကိုလည်း ရယူနိုင်ပါသည်။

အဆိုပါ CRBT ဝန်ဆောင်မှုကို ရယူလိုသူများသည် နှစ်သက်ရာသီချင်းများကို လိုတရ Websitehttp://lotayamm.com/service/crbt/MPTRingTune.စာမျက်နှာတွင် ရွေးချယ် နားဆင် ပြီးရယူနိုင်ပါသည်။

(အဆိုပါ ဝန်ဆောင်ခများကို ကုန်သွယ်လုပ်ငန်းခွန် ၅% ထပ်ဆောင်း ပေးဆောင်ရပါမည်)