×

MPT ၏ ဆွေသဟာအစီအစဉ် သုံးစွဲသူပေါင်း ၁၀ သန်းအထိရောက်ရှိ

23 Oct 2015

လက်ရှိသုံးစွဲသူ ၁၆ သန်းကျော်နှင့် အောင်မြင်မှုများဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဦးဆောင်

ရန်ကုန်၊ မြန်မာ၊ ၂၀၁၅ ခုနှစ် အောက်တိုဘာ၊ ၂၃ ရက် – မြန်မာနိုင်ငံ၏ ထိပ်တန်းဆက်သွယ်ရေး အော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် ၄င်းတို့၏ ဆွေသဟာအစီအစဉ်ကို ရယူသုံးစွဲသူပေါင်း ၁၀ သန်းအထိ အောက်တိုဘာလ ၂၃ရက်နေ့တွင် ရောက်ရှိနေပြီဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်လိုက်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် လက်ရှိတွင် သုံးစွဲသူ ၁၆ သန်းကျော်ဖြင့် မြန်မာနိုင်ငံ၏ ထိပ်တန်းဆက်သွယ်ရေး အော်ပရေတာအဖြစ် ရပ်တည်လျက်ရှိသည်။ အစဉ်အမြဲအားပေးခဲ့သော သုံးစွဲသူများအားကျေးဇူးတုံ့ပြန်သောအားဖြင့် ၁၀ သန်းမြောက် ဆွေသဟာရယူသုံးစွဲသူအား MPT မှ လက်ဆောင်ပေးအပ်သွားမည် ဖြစ်သည်။

၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် စတင်မိတ်ဆက်ခဲ့သော ဆွေသဟာအစီအစဉ်သည် ပိုမိုစျေးနှုန်းသက်သာသော ဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့စနစ်နှင့် မြန်နှုန်းမြင့်အင်တာနက်များဖြင့် GSM/WCDMA အသုံးပြုသူများကို ဝန်ဆောင်မှု ပေးခဲ့သည်။ အခမဲ့ စာတိုတစ်စောင်ပေးပို့ရုံဖြင့် လွယ်ကူစွာ ရယူနိုင်ခြင်းကြောင့် သုံးစွဲသူများအကြား အကြိုက်တွေ့စေခဲ့သော ဆွေသဟာသည် ယခုအခါ သုံးစွဲသူပေါင်း ဆယ်သန်းအထိ ရှိလာပြီဖြစ်သည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆွေသဟာအစီအစဉ်ကို အသုံးပြုသူများထံသို့ ပိုမိုကောင်းမွန်သောဝန်ဆောင်မူပေးနိုင်ရန် အစဉ်တစိုက်အားထုတ်လျက်ရှိသည်။ လက်ရှိ၌ ဆွေသဟာအစီအစဉ်ကို် ဖုန်းခေါ်ဆိုခ တစ်မိနစ်လျှင် ၂၃ ကျပ်နှင့် စာတိုတစ် စောင်ကို ၁၀ ကျပ်နှုန်း ပေးထားပြီး မြန်နှုန်းမြင့်အင်တာနက်ကို 1 MB လျှင် ၆ ကျပ်ဖြင့် သုံးစွဲနိုင်မည်ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ဝန်ဆောင်မူတွေကို အစဉ်တစိုက်ရယူသုံးစွဲကြတဲ့ မိဘပြည်သူတွေအားလုံးကို အထူး ကျေးဇူးတင်ရှိ ပါတယ်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဟာ မြန်မာနိုင်ငံရဲ့ သက်တမ်းအရှည်ကြာဆုံး နဲ့ အကောင်းဆုံး ဆက်သွယ်ရေးလုပ်ငန်း တစ်ခုလည်းဖြစ်ပါတယ်။ လက်ရှိမှာလဲ ၀န်ဆောင်မှုအသစ်တွေ ၊ ပရိုမိုးရှင်း အစီစဉ်တွေ၊ အောင်မြင်မူတွေနဲ့အတူ နှစ်သစ်တစ်ခုဆီသို့ ရှေ့ဆက်လျက်ရှိပါတယ်။ MPT အနေဖြင့် သုံးစွဲသူများကြား အထူးရေးပန်းစားနေတဲ့ ဆွေသဟာအစီအစဉ်ရဲ့ ချိုသာတဲ့စျေးနှုန်း၊ ပိုမိုမြန်ဆန်တဲ့အင်တာနက်မြန်နှုန်း နှင့် ပိုမိုကောင်းမွန်တဲ့ ၀န်ဆောင်မှုတွေကို ပေးစွမ်းလျက်ရှိပြီး MPT ကို သုံးစွဲသူတွေအားလုံးကိုလည်း အထူးကျေးဇူးတင် ပါတယ်။ ကျွန်တော်တို့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ရှေ့သို့လှမ်းချီမြန်မာပြည်ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီပိုမိုကောင်းမွန်အောင် ကြိုးစားလုပ်ဆောင်သွားမှာပါ”ဟု MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က ပြောသည်။

၁၀ သန်းမြောက် ဆွေသဟာရယူသုံးစွဲသူအား MPT မှ ၁ သန်းဖိုး ဖုန်းငွေဖြည့်ကတ်ကို လက်ဆောင်ပေးအပ်သွားမည် ဖြစ်ပြီး ဆုရရှိသူအား မကြာမီ ထုတ်ပြန်ကြေငြာပေးသွားမည်ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် သုံးစွဲသူများ၏ ဝေဖန်ချက်၊ အကြံပြုချက်များကို အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်။ သုံးစွဲသူမိဘပြည်သူများ၏ စကားသံများကို အလေးအနက်ထားခြင်း၊ လူမူမီဒီယာလုပ်ဆောင်ချက်များ၊ ပရဟိတဆောင်ရွက်ချက်များဖြင့် မြန်မာ့ဆက်သွယ်ရေးနယ်ပယ်ကိုမြှင့်တင်ပေးပြီး မြန်မာနိုင်ငံ နှင့် လူမျိုးများတိုးတက်ဖွံ့ဖြိုးလာစေရန် အားထုတ်လုပ်ဆောင်လျက်ရှိသည်။

စျေးနှုန်းသက်သာသော ဖုန်းခေါ်ဆိုမှုများ၊ မြန်နှုန်းမြင့်အင်တာနက်နှင့် အထူးအစီအစဉ်များကို ရရှိခံစားနိုင်ရန်အတွက် ဆွေသဟာအစီအစဉ်ကို ရယူကြရန် MPT မှ တိုက်တွန်းပါသည်။ လက်ရှိတွင် အခြေခံဖုန်းခေါ်ဆိုမှုကို အသုံးပြုနေသူများအနေဖြင့် ဆွေသဟာအစီအစဉ်ကို ရယူအသုံးပြုလိုပါက “SWE” သို့မဟုတ် “POSTSWE” ဟု ရိုက်နှိပ်ပြီး 1332 သို့ SMS အခမဲ့ပေးပို့ ခြင်းအားဖြင့် ဆွေသဟာအစီအစဉ်ကို အလွယ်တကူ ရယူနိုင်ပါသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ၏ ဖုန်းဆင်းမ်ကတ်များကို အသစ်စတင် ဝယ်ယူသုံးစွဲသူ မိဘပြည်သူများအနေဖြင့် ဆွေသဟာအစီအစဉ်ကို သီးသန့်လျှောက်ထားရန်မလိုတော့ဘဲ အလိုအလျောက် ရယူသုံးစွဲနိုင်ပါသည်။