×

MPT ၏ ထပ်ဆောင်းဝန်ဆောင်မှုများဖြင့် ပိုမိုလွယ်ကူကာ ပျော်ရွှင်သည့် လူမှုဘဝကို ဖန်တီးပေးမည်

10 May 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ မေလ ၁၀ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT သည် သုံးစွဲသူများအတွက် ထပ်ဆောင်းဝန်ဆောင်မှုများ(VAS)ကို သုံးစွဲသူများထံ ယူဆောင်လာပြီဖြစ်ကြောင်း ယနေ့ထုတ်ပြန်လိုက်သည်။ နိုင်ငံ၏ အကြီးမားဆုံး 2G၊ 3G နှင့် 4G LTE+ ကွန်ရက်များကို ဖြန့်ကျက် ထားနိုင်သည့် MPT က သုံးစွဲသူများအတွက် ပြီးပြည့်စုံသော ဘဝကို ရရှိနိုင်ရန်အတွက် ၎င်းတို့နှင့် ကိုက်ညီမှုရှိသည့် သတင်းများ၊ ဖျော်ဖြေရေးကဏ္ဍ၊ ဂီတနှင့် ကျန်းမာရေး၊ အားကစား၊ ဗေဒင် အစရှိသည့် ဆန်းသစ်တီထွင်မှုရှိသော ဒီဂျစ်တယ်ဝန်ဆောင်မှုများကို စိတ်ဝင်စားဖွယ်နှုန်းထားများဖြင့် ပေးအပ်လျက် ရှိနေပါသည်။ ပြီးခဲ့သည့် နှစ်များကတည်းက MPT သည် ပြည်တွင်းရှိ လုပ်ငန်းများနှင့် အတူပူးပေါင်း၍ သုံးစွဲသူ ၂၅ သန်းကျော်၏ မတူကွဲပြားသောအကြိုက်မျိုးစုံနှင့် လိုအပ်ချက်တို့နှင့် ကိုက်ညီစေရန် အသုံးတည့်သည့် အကြောင်းအရာများပါဝင်သည့် ပြီးပြည့်စုံသော ဝန်ဆောင်မှုများစွာကို မိတ်ဆက်ပေးလျက်ရှိပါသည်။

MPT အနေဖြင့် လက်ရှိဆောင်ရွက်နေသည့် ထပ်ဆောင်းဝန်ဆောင်မှုများအပြင် ယနေ့တွင် စိတ်ဝင်စားဖွယ်ရာ ကောင်းသည့် သုတမြေနှင့် Gameloft ဝန်ဆောင်မှုများကို ထပ်လောင်း မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါသည်။ သုတမြေမှာ တောင်သူဦးကြီး များ လိုအပ်နေသည့် သတင်းအချက်အလက်များဖြစ်သော ဒေသထွက်ကုန်စည် ဈေးနှုန်းများ၊ မိုးလေဝသ နှင့် ကျန်းမာရေး၊ သတင်းနှင့် အခြားဝန်ဆောင်မှုများစွာကို အလွယ်တကူ ရယူနိုင်မည့် အက်ပလီကေးရှင်းဖြစ်ကာ လယ်ယာမြေအထွက်နှုန်းကောင်းရန်နှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာ အသစ်များကို လေ့လာနိုင်ရန် ကူညီပေးမည် ဖြစ်ပါသည်။ MPT သည် မိုဘိုင်းလ်ဂိမ်းတီထွင်သူ Gameloft နှင့်လည်း ပူးပေါင်းလိုက်ပြီး မြန်မာနိုင်ငံတွင် လူကြိုက်များနေသည့် လွယ်လွယ်ကူကူ ဆော့ကစားနိုင်သော ဂိမ်းများကို သက်သာသည့် နေ့စဉ်နှုန်းထားဖြင့် သုံးစွဲသူများက အကန့်အသတ်မရှိ ရယူဆော့ကစားနိုင်ရန် ဆောင်ရွက်လိုက်ပြီလည်း ဖြစ်ပါသည်။ သုတမြေအက်ပလီကေးရှင်း၊ Gameloft တို့နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်ကို တွဲလျက်ပါ သီးသန့်ရေးသားထားသော အချက်အလက်စာရွက်တွင် ကြည့်ရှု နိုင်ပါသည်။

MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ကျွန်တော်တို့ရဲ့ အကောင်းဆုံးသော ဒီဂျစ်တယ်မိုဘိုင်းလ်ထပ်ဆောင်းဝန်ဆောင်မှုမျိုးစုံကို သုံးစွဲသူတွေကို ကမ်းလှမ်းခွင့်ရလို့ အရမ်းဝမ်းမြောက်မိပါတယ်။ ဂီတ၊ သတင်း၊ ဗေဒင် ဒါမှမဟုတ် ကျန်းမာရေးအကြံပေးချက်စတဲ့ အချက်အလက် တွေကတစ်ဆင့် နိုင်ငံတစ်ဝှမ်းက သန်းနဲ့ချီတဲ့ သုံးစွဲသူတွေရဲ့ လူနေမှုဘဝတွေ ပိုမိုတိုးတက်စေဖို့ကို MPT က ရည်ရွယ်ထားတာပါ။ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအနေနဲ့ မိုဘိုင်းလ် ဆက်သွယ်ရေးပစ္စည်းတွေကနေ အကောင်းဆုံးတွေကိုပဲ လိုချင်ကြတယ်ဆိုတာ နားလည်ထားပါတယ်။ ဒါကြောင့်ကျွန်တော်တို့ရဲ့ အမြန်ဆုံးနဲ့ ယုံကြည်စိတ်ချနိုင်တဲ့ ကွန်ရက်ကတစ်ဆင့် တကယ့်ကို သက်သာတဲ့နှုန်းထားနဲ့ သုံးစွဲသူတွေလိုအပ်နေတဲ့ သတင်းအချက်အလက် ဒါမှမဟုတ် ဖျော်ဖြေရေး ဝန်ဆောင်မှုတွေကို ပေးစွမ်းဖို့အတွက် သန္နိဌာန်ချပြီး ဆောင်ရွက်ပေးနေတာပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေထဲမှာ သုတမြေနဲ့ Gameloft နှစ်ခုလုံး ထပ်မံပေါင်းထည့် လိုက်ပါပြီ။ တောင်သူဦးကြီးတွေအနေနဲ့ မြန်မာဘာသာစကားနဲ့ အဆင်ပြေလွယ်ကူစွာ ဖတ်ရှုနိုင်ဖို့ လုပ်ဆောင်ပေးထားတဲ့ ပုံစံရယ်၊ အထွက်နှုန်းတိုးစေမယ့် လမ်းညွှန်ချက်တွေရယ် ပါရှိပါတယ်။ မိုဘိုင်းလ်ဂိမ်းကို နှစ်သက်တဲ့ သုံးစွဲ သူတွေအတွက်လည်း Gameloft ရဲ့ Asphalt® နဲ့ Real Football® တို့လို အရည်အသွေးမြင့်တဲ့ ဂိမ်းတွေကို ဆော့ကစားရင်း မိုဘိုင်းလ်ဖုန်းကိုလက်လွတ်နိုင်တော့မှာမဟုတ်ပါဘူး။ သုံးစွဲသူတွေအနေနဲ့ ကျွန်တော်တို့ရဲ့ ကောင်းမွန်တဲ့ ထပ်ဆောင်းဝန်ဆောင်မှုတွေကို ဆက်လက်ပြီး နှစ်ခြိုက်သုံးစွဲကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်”ဟု ထပ်မံပြောကြားခဲ့သည်။

ယခုဝန်ဆောင်မှုနှင့်ပတ်သက်ပြီး ထပ်မံသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့မဟုတ် MPT၏ တရားဝင် ဝက်ဘ်ဆိုက် http://mpt.com.mm/ နှင့် Facebook စာမျက်နှာ facebook.com/mptofficialpage တွင် ဆက်သွယ်စုံစမ်း နိုင်ပါသည်။

သုတမြေနဲ့ Gameloft  အသေးစိတ်အချက်အလက်များကို ဤနေရာတွင် Download ပြုလုပ်ပြီး ကြည့်ရှုနိုင်ပါသည်။