×

MPT ၏ နေ့စဉ်သုံး Facebook ဒေတာအပိုလက်ဆောင် အစီအစဉ်သစ်ကြောင့် ချစ်ခင်ရသူများအကြား အဆက်အသွယ်မပြတ် ချိတ်ဆက်နိုင်တော့မည်

10 Jan 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၁၀) – MPT သည် ဆိုရှယ်မီဒီယာအသုံးပြုသူများအတွက်  နေ့စဉ်သုံး Facebook ဒေတာအပိုလက်ဆောင် ရရှိမည့် အစီအစဉ်သစ်တစ်ရပ်ကို ဇန်နဝါရီလ (၁၁) ရက်နေ့မှစ၍ သုံးစွဲသူများ ထံသို့ ပေးအပ်သွားမည်ဖြစ်ပါသည်။ MPT သုံးစွဲသူများအနေဖြင့် E-Top up ငွေဖြည့်စနစ် (သို့မဟုတ်) မိုဘိုင်းလ် ဘဏ်စနစ်ကိုအသုံးပြု၍ ငွေဖြည့်သွင်းလိုက်သည်နှင့် Facebook ၊ Messenger ၊ Viber ၊ LINE ၊ Instagram စသည့် ဆိုရှယ်မီဒီယာများကို အသုံးပြုနိုင်မည့် ဒေတာအပိုဆုလက်ဆောင်ကို ရရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် အကျယ်ပြန့်ဆုံးသော MPT ၏ မိုဘိုင်းလ် ကွန်ရက်ပေါ်တွင် မိသားစုဝင်များ၊ မိတ်ဆွေသူငယ်ချင်းများ နှင့် ချစ်ခင်ရသူများအကြားတွင် အချိန်ကြာကြာပိုမိုဆက်သွယ်နိုင်တော့မည်ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “သုံးစွဲသူတွေက ကျွန်တော်တို့ရဲ့ အရည်အသွေးမြင့်ကွန်ရက်ကိုသုံးပြီး Facebook နဲ့ အခြား လူမှုကွန်ရက်တွေ ပေါ်ကနေ သူတို့နှစ်သက်တဲ့ သတင်းတွေ၊ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ကြည့်ရှုရတာကို ဘယ်လောက်အထိ နှစ်သက်ကြသလဲဆိုတာကို MPT က သိရှိနားလည်ထားပါတယ်။ မြန်မာ့အမြန်ဆုံးအင်တာနက်ဆုရရှိထားတဲ့ ကျွန်တော်တို့ရဲ့ LTE+ ကွန်ရက်ပေါ်ကနေ ဒေတာသုံးစွဲနှုန်းတွေဟာ ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာပဲ သိသိသာ သာ မြင့်တက်လာတာကိုတွေ့ရသလို ဆိုရှယ်မီဒီယာအခန်းကဏ္ဍဟာလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု အဖြစ်ပါဝင်နေပါတယ်။ ဒါကို အသိအမှတ်ပြုတဲ့အနေနဲ့ သုံးစွဲသူတွေ နှစ်သက်တဲ့အက်ပလီကေးရှင်းတွေကို နေ့စဉ်သုံးစွဲဖို့အတွက် ဒေတာအပိုဆောင်းလက်ဆောင်ပေးအပ်မယ့် အစီအစဉ်သစ်တစ်ခုကို မိတ်ဆက်ပေး လိုက်ပါပြီ။ သုံးစွဲသူတွေကို ကျေးဇူးပြုပြီး သတိထားစေချင်တာကတော့  ခဲခြစ်ငွေဖြည့်ကတ်တွေနဲ့ ငွေဖြည့်သွင်းရင်တော့ ဒေတာအပိုလက်ဆောင်ကိုရရှိမှာ မဟုတ်ပါဘူး။ ငွေဖြည့်သွင်း ရတာလွယ်ကူတဲ့ E-Top Up ငွေဖြည့်စနစ်က ဖုန်းသုံးနေတဲ့အခါမှာ အလွန်အဆင်ပြေစေသလို အချိန်ကုန်လည်းသက်သာစေမှာဖြစ်တဲ့အပြင် ဒေတာအပိုလက်ဆောင်အစီအစဉ်တွေလည်း ရရှိစေမှာဖြစ်ပါ တယ်။ ကျွန်တော်တို့ရဲ့နေ့စဉ်သုံး Facebook ဒေတာအပိုလက်ဆောင် အစီအစဉ်သစ်ကို နှစ်သက်ကြမယ်လို့ မျှော်လင့် ပါတယ်” ဟု ပြောကြားပါသည်။

ဒေတာအပိုလက်ဆောင်အစီအစဉ်မှာ ငွေဖြည့်သွင်းသည့်ပမာဏအပေါ်မူတည်ပြီး ကွာခြားသွားမည်ဖြစ်ပါသည်။ အသုံးပြုသူများအနေဖြင့် ငွေများများဖြည့်သွင်းပါက နေ့စဉ်သုံး Facebook ဒေတာအပိုလက်ဆောင်ကို ပိုမိုရရှိမည် ဖြစ်ပါသည်။ ထို့အပြင် သောကြာနေ့တိုင်းတွင် ငွေဖြည့်သွင်းပါက ယခုနေ့စဉ်ရရှိမည့် နေ့စဉ်သုံး Facebook ဒေတာအပိုလက်ဆောင် အပြင်၊ ယခင်က Happy Friday အပိုလက်ဆောင်ကိုပါ ထပ်ဆောင်း ရရှိမည် ဖြစ်ပါသည်။ နေ့စဉ်သုံး Facebook ဒေတာအပိုဆုလက်ဆောင် ကို (၃) ရက်အတွင်း အသုံးပြုရမည် ဖြစ်ပြီး ခဲခြစ်ငွေဖြည့်ကတ်များ နှင့် ၁,၀၀၀ ကျပ်အောက်ငွေဖြည့်သွင်းမှုများအတွက် ရရှိမည်မဟုတ်ပါ။

 ပမာဏ (ကျပ်) ဒေတာအပိုလက်ဆောင် (MB)ကုန်ဆုံးရက် အသုံးပြုနိုင်မည့် Social App များ
E-Top up ငွေဖြည့်စနစ်ခဲခြစ် ငွေဖြည့်ကတ်မိုဘိုင်းလ် ဘဏ်စနစ်
 ၅၀၀ – – – – ဆိုရှယ်မီဒီယာများ (Facebook, Messenger, Viber, LINE, Instagram)
 ၁,၀၀၀ ၅၀ – ၅၀ ၃ရက်
 ၃, ၀၀၀ ၁၅၀ – ၁၅၀
 ၅, ၀၀၀ ၂၅၀ – ၂၅၀
 ၁၀, ၀၀၀ ၅၀၀ – ၅၀၀
 ၂၀, ၀၀၀ ၁, ၀၀၀ – ၁, ၀၀၀
 ၃၀, ၀၀၀ ၁, ၅၀၀ – ၁, ၅၀၀
 ၄၀, ၀၀၀ ၂, ၀၀၀ – ၂, ၀၀၀
 ၅၀, ၀၀၀ ၂, ၅၀၀ – ၂, ၅၀၀
 ၆၀, ၀၀၀ ၃, ၀၀၀ – ၃, ၀၀၀
 ၇၀, ၀၀၀ ၃, ၅၀၀ – ၃, ၅၀၀
 ၈၀, ၀၀၀ ၄, ၀၀၀ – ၄, ၀၀၀
 ၉၀, ၀၀၀ ၄, ၅၀၀ – ၄, ၅၀၀
 ၁၀၀, ၀၀၀ ၅, ၀၀၀ – ၅, ၀၀၀

ဒေတာအပိုဆုအစီအစဉ်၏ သက်တမ်းကုန်ဆုံးရက်မှာ ဇန်နဝါရီလ (၃၁) ရက်နေ့ဖြစ်ပါသည်။ ယခုသတင်းထုတ်ပြန်ချက် နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက http://mpt.com.mm/mm/ နှင့် MPT အမှတ်တံဆိပ်ပါ အရောင်းဆိုင်များတွင် စုံစမ်းမေးမြန်း နိုင်မည် ဖြစ်ပါသည်။