×

MPT ၏ ပိုမြန်သည့်ဒေတာအမြန်နှုန်း၊ ပိုမိုကြည်လင်ပြတ်သားသည့် ဖုန်းခေါ်ဆိုမှုတို့နှင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် အသုံးပြုနိုင်မည့် အနာဂတ်၏ LTE+ နည်းပညာ

21 Dec 2017

(ရန်ကုန်၊ ၂၀၁၇ ခုုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်) – မြန်မာနိုင်ငံတစ်ဝန်းရှိ MPT သုံးစွဲသူများအတွက် မြန်နှုန်းမြင့် ဒေတာကွန်ရက်များ၊ ကောင်းမွန်သော ဖုန်းခေါ်ဆိုမှုများကို အစဉ်အမြဲ အလေးထားဆောင်ရွက်နေသည့် MPT သည် နောက်ဆုံးပေါ်နည်းပညာများဖြင့် ပိုမိုဆန်းသစ်တီထွင်ထားသည့် LTE+ ကွန်ရက်အဆင့်မြှင့်တင်ခြင်းနှင့် တိုးချဲ့ခြင်း အကြောင်းမိတ်ဆက်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ရှိ PARKROYAL ဟိုတယ်တွင် ယနေ့ကျင်းပပြု လုပ်ခဲ့ပါသည်။

“မြန်မာ့အမြန်ဆုံး မိုဘိုင်းလ်ကွန်ရက်” ဆုရထားသည့် MPT သည် မြန်မာပြည်တစ်ဝှမ်းရှိ သုံးစွဲသူများအားလုံး အတွက် အမြန်နှုန်းများကို ပိုမိုကောင်းမွန်အောင် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျှက်ရှိပြီး ယခုလည်း နောက်ဆုံးပေါ် 4×4 MIMO နည်းပညာအသုံးပြုထားသည့် LTE+ ကွန်ရက်ပေါ်တွင် bandwidth ပမာဏကို ယခင်ကထက် နှစ်ဆတိုးမြှင့်လိုက်သည့်အတွက် သုံးစွဲသူများအနေဖြင့် ယခင်ကရရှိခဲ့သည့် နှုန်းထားထက် နှစ်ဆပိုမိုမြန်ဆန်သည့် 300 Mbps အထိ အမြင့်ဆုံးအဖြစ် တိုးမြှင့် ရရှိနိုင်မည်ဖြစ်ပါသည်။ နည်းပညာကိုက်ညီသည့် မည်သည့် ဖုန်းအမျိုးအစားဖြင့်မဆို Download/Upload ပိုမိုမြန်ဆန်စွာ ပြုလုပ်နိုင်မည် ဖြစ်သည့်အပြင် ကြည်လင်ပြတ်သားသည့် High Resolution ဗွီဒီယိုများကို ကြာရှည်စွာ စောင်းဆိုင်းရန်မလိုဘဲ ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

တစ်ချိန်တည်းမှာပင် MPT က Carrier Aggregation ဟုခေါ်သည့် နည်းပညာသစ်ကို အသုံးပြုမှုမှတစ်ဆင့် ရန်ကုန်မြို့ပေါ်ရှိ သုံးစွဲသူများအတွက် အွန်လိုင်းသုံးစွဲမှုအတွေ့အကြုံများကို တိုးမြှင့်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။ ယခု အဆင့်မြှင့်တင်ဆောင်ရွက်မှုကို ဇန်နဝါရီလအတွင်းတွင် ရန်ကုန်မြို့ရှိ Junction Mawtin, Junctioin Square နှင့် တော်ဝင်စင်တာ စသည့် စျေးဝယ်စင်တာများတွင် စတင်သွားမည်ဖြစ်သဖြင့် အဆိုပါနေရာများရှိ MPT သုံးစွဲသူများအနေဖြင့် ပိုမိုကောင်းမွန်သည့် အင်တာနက်သုံးစွဲမှုအတွေ့အကြံုကို ရရှိခံစားနိုင်မည်ဖြစ်ပါသည်။ သုံးစွဲသူများ၏ မိုဘိုင်းလ်ကိရိယာများမှတစ်ဆင့် မတူညီသည့် LTE+ Frequency Bands နှစ်ခုကို ချိတ်ဆက်စေခြင်းဖြင့် MPT ၏ ဖုန်းလိုင်းကို အသုံးပြုသူများအတွက် LTE+ အတွင်း အလွှာအချင်းချင်း ပေါင်းစပ်စေကာ အမြန်ဆုံးဒေတာ နှုန်းထားတစ်ခုကို ဖြစ်ပေါ်စေခြင်းပင်ဖြစ်ပါသည်။ ထို့အပြင် MPT ၏ LTE+ အတွက် လှိုင်းနှုန်းစဉ် သုံးခုကို ပေါင်းစပ်ထားခြင်းဖြင့် အမြန်ဆုံးသော ဒေတာနှုန်းထားဖြစ်သည့် 800Mbps အထိကိုပင်ရရှိစေပြီး မြန်မာနိုင်ငံအတွင်း အမြန်ဆုံးနှုန်းထားတစ်ခုအဖြစ် မှတ်ကျောက် တင်နိုင်ပြီဖြစ်ပါသည်။

MPT အနေဖြင့် ဒေတာကွန်ရက်၏ အရေးပါမှုကို နားလည်သိရှိထားပြီး ဖြစ်သော်လည်း အသုံးပြုသူ အများအပြားသည် အရည်အသွေးကောင်းမွန်သည့် ကွန်ရက်ပေါ်မှ ဖုန်းခေါ်ဆိုမှုများကို လိုအပ်လျက် ရှိသည်ကိုလည်း နားလည်ထားပါသည်။ ယင်းအတွက် ပိုမိုကောင်းမွန်သည့် နည်းလမ်းများကို ရှာဖွေခဲ့ပြီး ယနေ့တွင် အနာဂတ်၌ ပြောင်းလဲလာမည့် တယ်လီဖုန်းခေါ်ဆိုမှု အရည်အသွေးများကို လက်တွေ့ သရုပ်ပြ ခဲ့ပါသည်။ Voice over LTE (VoLTE) ဟုခေါ်သော နည်းပညာသည် ပိုမိုကြည်လင်ပြတ်သား သောအသံ ခေါ်ဆိုမှုများနှင့် နောက်ခံ ဆူညံသံ နည်းပါးသော ဖုန်းခေါ်ဆိုမှုများကို ပြုလုပ်နိုင်စေမည်ဖြစ်ပါသည်။ MPT သည် မြန်မာနို်င်ငံ၏ ထိပ်တန်းမိုဘိုင်းလ် ကွန်ရက်ပေါ်မှတစ်ဆင့် အနာဂတ်တယ်လီဖုန်းခေါ်ဆိုမှု အရည်သွေးများကို မီဒီယာများသို့ ပထမဦးဆုံးအကြိမ် ရှင်းလင်းမိတ်ဆက်ပေး နိုင်ခဲ့ခြင်းဖြစ်ပါသည်။ “ VoLTE နဲ့ ဆိုရင် ကိုယ့်ဘေးနားမှာ လာထိုင်ပြီး စကားပြောနေသလိုပါပဲ” ဟု MPT-KSGM Joint Operations ၏ Chief Technical Officer ဖြစ်သူ Mr. Noboru Edagawa က ပြောကြားပါသည်။

နောက်ဆုံးအနေဖြင့် MPT က LTE+ ကွန်ရက်ကို မြို့နယ်ပေါင်း (၂၈၀) ရှိ သုံးစွဲသူများထံသို့ ၂၀၁၈ ခုနှစ် အကုန်တွင် ဖြန့်ကျက်ချိတ်ဆက် ပေးသွားနိုင်မည့်အကြောင်းကို ကြေညာနိုင်သည့်အတွက် အထူးပင် စိတ်လှုပ်ရှား ဝမ်းမြောက်မိပါသည်။ MPT ရဲ့ နောက်ထပ်မှတ်တိုင်အသစ်ဖြစ်သည့် မြန်မာ့အမြန်ဆုံး MPT LTE+ ကွန်ရက်ကို နိုင်ငံတစ်ဝှမ်းလုံးရှိ တိုင်းနှင့်ပြည်နယ်အသီးသီးတို့တွင် ချိတ်ဆက်အသုံးပြုနိုင်တော့မည် ဖြစ်ပါသည်။

Mr. Noboru Edagawa က ဆက်လက်ပြောကြားရာတွင် “ဒီနှစ်အစောပိုင်းက LTE+ ကို မိတ်ဆက်ခဲ့ ပြီးတဲ့နောက် သုံးစွဲသူတွေရဲ့ ဒေတာ သုံးစွဲမှုနှုန်း အဆမတန် မြင့်တက်လာတာကို သိရှိခဲ့ရပါတယ်။ ဒါကြောင့် ရန်ကုန်နဲ့အနီးတစ်ဝိုက်အပြင် သတ်မှတ်ထားတဲ့ နေရာတွေမှာလည်း ပိုမိုလျင်မြန်တဲ့ ဒေတာအမြန်နှုန်းတွေကို အသုံးပြုနိုင်မယ့် LTE+ ကွန်ရက် အဆင့်မြှင့်တင်မှုတွေကို ကြေညာနိုင်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ပျော်ရွှင်မိပါတယ်။ နောက်ပြီး Voice over LTE လို့ခေါ်တဲ့ နည်းပညာနဲ့အတူ အနာဂတ်မှာ တိုးတက်ပြောင်းလဲလာမယ့် တယ်လီဖုန်းခေါ်ဆိုမှုကို သရုပ်ပြသဖို့အတွက် အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ ဒီနည်းပညာက ပိုမိုကြည် လင်ပြတ်သားတဲ့ အသံခေါ်ဆိုမှုတွေကို နောက်ခံဆူညံသံအနည်းဆုံးနဲ့ ကြားရနိုင်စေမှာဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ MPT ရဲ့ နောက်ဆုံးပေါ် LTE+ ကွန်ရက်ကို နိုင်ငံတစ်ဝှမ်းလုံးက ပြည်နယ်နှင့်တိုင်းများအားလုံးမှာ မကြာမီအချိန်အတွင်း ချိတ်ဆက်အသုံးပြုနိုင်တော့မှာပဲဖြစ်ပါတယ်” ဟု ပြောကြားပါသည်။