×

MPT ၏ ဘောလုံးစတား အက်ပလီကေးရှင်းအသစ်ဖြင့် နောက်ဆုံးပေါ် ဘောလုံးသတင်းအချက်အလက်များကို လက်လွတ်မခံဘဲ ရယူနိုင်မည်

30 Aug 2017

(ရန်ကုန်၊ ၂၀၁၇ ခုနှစ် သြဂုတ်လ ၃၀ ရက်) – မြန်မာနိုင်ငံ၏ အကြီးမားဆုံး ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သော MPT သည် ဘောလုံးအက်ပလီကေးရှင်းအသစ်ဖြစ်သည့် “ဘောလုံးစတား” အက်ပလီကေးရှင်းကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ယနေ့သတင်း ထုတ်ပြန်ကြေညာလိုက်သည်။ နောက်ဆုံးပေါ် ဘောလုံးသတင်းအချက်အလက်များ၊ မိမိတို့ကြိုက်နှစ်သက်သောဘောလုံးအသင်းများ၊ အားကစားသမားများ၏ နောက်ဆုံးရသတင်းများ၊ ဂိုးရလဒ်များ ကိုသာမက ကမ္ဘာတစ်ဝှမ်းရှိ ဘောလုံးသတင်းများကို ရယူနိုင်မည့် ဘောလုံးစတား အက်ပလီကေးရှင်းကို မြန်မာဘာသာစကားဖြင့် အချိန်မရွေး၊ နေရာမရွေး လွယ်ကူလျင်မြန်စွာ ရယူသိရှိနိုင်တော့မည်ဖြစ်ပါသည်။

ယခု ထုတ်လုပ်လိုက်သော “ဘောလုံးစတား” အက်ပလီကေးရှင်းသည် ကမ္ဘာတစ်ဝန်းရှိ လူကြိုက် အများဆုံး ဘောလုံးအားကစား ပြိုင်ပွဲသတင်းများ၊ ဘောလုံးချစ်သူများကြားတွင် ရေပန်းစားနေသော နိုင်ငံတကာလိဂ်ပွဲစဉ်(၇)ခုထက်မနည်း များပြားလှသော ပြိုင်ပွဲသတင်းများကို MPT ကွန်ရက် အသုံးပြု သူများ၏ လက်တွင်းသို့ အချိန်နှင့်တပြေးညီ ရောက်ရှိစေမည်ဖြစ်ပါသည်။ သုံးစွဲသူများမှ မိမိနှစ်သက်ရာ ကလပ်အသင်းများ၊ နိုင်ငံတကာအသင်းများနှင့် ကစားသမားများကို ရွေးချယ်ပြီး ၎င်းတို့၏ သတင်းများကို စောင့်ကြည့်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် အသုံးပြုသူများ ရယူသုံးစွဲတွင် အဆင်ပြေလွယ်ကူစေရန် ရေးဆွဲထားခြင်းကြောင့့် ဗွီဒီယိုများ၊ ပွဲစဉ်အချိန်ဇယားများ၊ ရှုံးထွက် ပွဲပယ်များ နှင့် ဒဏ်ရာရ နောက်ဆုံးရသတင်းများ၊ တိုက်ရိုက်ဂိုးရလဒ်များနှင့် ပွဲကြို ခန့်မှန်းချက်များ စသည့် စိတ်လှုပ်ရှားဖွယ်ရာ အကြောင်းအရာများ အားလုံးကို “ဘောလုံးစတား” အက်ပလီကေးရှင်းပေါ်မှတစ်ဆင့် သိရှိနို်င်မည် ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ ဘောလုံးအားကစားနဲ့ ပတ်သက်ပြီး တကယ့်ကို နှစ်နှစ်ခြိုက်ခြိုက် အားပေးလေ့ရှိတဲ့ မြန်မာဘောလုံး ပရိတ်သတ်တွေကြားမှာ ကမ္ဘာတစ်ဝှမ်းက အောင်မြင်နေတဲ့ ဘောလုံးအသင်းတွေအကြောင်း၊ ဘောလုံးအားကစားသမားတွေအကြောင်းကို အခုလို မြန်မာဘာသာနဲ့ ပြည့်ပြည့်စုံစုံ သိရှိစေနိုင်မယ့် MPT အသုံးပြုသူသီးသန့် အက်ပလီကေးရှင်းအသစ်ကို ထုတ်လုပ် ဖြန့်ချိနိုင်တဲ့အတွက် ကျွန်တော်တိ့ု အနေနဲ့ စိတ်လှုပ်ရှားဂုဏ်ယူနေမိပါတယ်။ အရင်က ဘောလုံးအားကစားကိုနှစ်ခြိုက်တဲ့ ဝါသနာရှင် ပရိတ်သတ်တွေက သူတို့လက်လွတ်မခံချင်တဲ့ ဘောလုံးပွဲစဉ်တွေကို တီဗီသတင်းကနေဖြစ်စေ၊ သတင်းစာ ဂျာနယ်တွေကနေဖြစ်စေ အချိန်ပေးပြီး စောင့်ကြည့်ခဲ့ကြရတာပါ။ အခု ဘောလုံးစတားအက်ပလီကေးရှင်းနဲ့ ဆိုရင်တော့ ဘောလုံးအားကစား ကြိုက်နှစ်သက်သူများ အတွက် အဆင်အပြေဆုံး နည်းလမ်းကောင်း တစ်ခု ရှာဖွေတွေ့ရှိစေမှာဖြစ်ပြီး မလွတ်တမ်းစောင့်ကြည့ချင်တဲ့ ဘောလုံးပွဲစဉ်တွေအတွက် ဂိုးရလဒ်တွေ၊ ဘောလုံးလောက ပညာရှင်တွေရဲ့ ပွဲကြိုခန့်မှန်းသုံးသပ်ချက်တွေ အပြင် ဘောလုံးပွဲသတင်း ဗီဒီယိုတွေကို MPT ရဲ့ အကြီးမားဆုံးနဲ့ အကျယ်ပြန့်ဆုံး ဆက်သွယ်ရေးကွန်ရက်ပေါ်က တစ်ဆင့် အချိန်နဲ့ တပြေးညီ လွယ်ကူစွာ သိရှိနိုင်တော့မှာပါ။” ဟု ပြောကြားခဲ့ ပါသည်။

ဘောလုံးစတား ဝန်ဆောင်မှုကို ရယူရန် စာရင်းသွင်းရမည့် ပုံစံမှာ ရိုးရှင်းပြီး အက်ပလီကေးရှင်းကို မိမိတို့၏ မိုဘိုင်းလ်ဖုန်းအင်တာနက်ဖြင့် အသုံးပြုရမည်ဖြစ်ပါသည်။ အန်းဒရွိုက် မိုဘို်င်းလ်ဖုန်း အသုံးပြုသူများ အတွက် ဘောလုံးစတားအက်ပလီကေးရှင်းကို လိုတရဝက်ဘ်ဆိုက် (http://bs.lotayamm.com) ပေါ်မှ တစ်ဆင့် အခမဲ့ဒေါင်းလုတ် ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် 8118 သို့ “DL” ဟု စာတို ပေးပို့ကာ အက်ပလီကေးရှင်း ဒေါင်းလုတ် လုပ်ရန် လင့်ခ်ကို SMS မှ တစ်ဆင့် ရယူနိုင်မည်ဖြစ်ပါသည်။

စာရင်းသွင်းခြင်းပြီးဆုံးပါက ဝန်ဆောင်မှုကို သင့်တင့်သော နှုန်းထားဖြင့် စတင်အသုံးပြုနိုင်ပြီ ဖြစ်ကာ အသုံးပြုသူစိတ်ကြိုက် တစ်ရက်တာ နှင့် တစ်ပတ်စာ စနစ်ဟူ၍ ရွေးချယ်ရယူနိုင်မည်ဖြစ်ပါသည်။ တစ်ရက်တာ အသုံးပြုသူများအတွက် ဝန်ဆောင်ခ (၁၀၅)ကျပ်၊ တစ်ပတ်တာ အသုံးပြုသူများအတွက် ဝန်ဆောင်ခ (၅၂၅)ကျပ် ကျသင့်မည်ဖြစ်ပြီး ဝန်ဆောင်ခများကို ၄င်းတို့၏ မိုဘိုင်းလ်ဖုန်းဘေလ် အတွင်းမှ ဖြတ်တောက်သွားမည်ဖြစ်ပါသည်။ တစ်ရက်တာ ရယူရန် 8118 သို့ “DD”ဟု လည်ကောင်း၊ တစ်ပတ်စာ ရယူရန် “ww”ဟု လည်ကောင်း စာတိုပေးပို့ရမည်ဖြစ်ပါသည်။

ဘောလုံးစတားအက်ပလီကေးရှင်းကို ပထမဆုံးအကြိမ် စာရင်းသွင်း အသုံးပြုသူများအတွက် MPT မှ စတင်အသုံးပြုခြင်း အထိမ်းအမှတ်အဖြစ် တစ်ပတ်တိတိ အခမဲ့ အသုံးပြုခွင့်ကို ပေးအပ်သွားမည် ဖြစ်ပါသည်။ အခမဲ့အသုံးပြုခွင့် အချိန်အတိုင်းအတာ ပြီးဆုံးလျင်မူ သုံးစွဲသူများရယူထားသည့် ဝန်ဆောင်မှု စနစ်အတိုင်း နှုန်းထားများကို စတင်ကောက်ခံသွားမည်ဖြစ်ပါသည်။

ဘောလုံးစတား အယ်ပလီကေးရှင်း မိတ်ဆက်ခြင်း အထိမ်းအမှတ်အဖြစ် ထပ်ဆင့် ကျေးဇူးတုန့်ပြန်သည့် အနေနှင့် MPTမှ ကံစမ်းမဲအစီအစဉ်များကို အပတ်စဉ် ပြုလုပ်ပေးသွားမည်ဖြစ်ပြီး အယ်ပလီကေးရှင်း အသုံးပြုသူများအနေနှင့် MPT ၏ 4G စနစ်သုံး M-50A စမတ်ဖုန်းများကို ပါဝင်ကံစမ်းရယူနို်င်မည်ဖြစ်ပါသည်။

အစီအစဉ်နှုန်းထား(ကျပ်)ရယူရန်
တစ်ရက်တာ၁၀၅8118 သို့ ‘DD’ ဟု စာတိုပေးပို့ခြင်း
တစ်ပတ်စာ၅၂၅8118 သို့ ‘WW’ ဟု စာတိုပေးပို့ခြင်း

မှတ်ချက် : ဝန်ဆောင်ခနှုန်းထားများတွင် ကုန်သွယ်ခွန် ၅ရာခိုင်နှုန်း ပါဝင်ပြီးသား ဖြစ်ပါသည်။*

ဘောလုံးစတား မိုဘိုင်းအက်ပလီကေးရှင်းနှင့်ပတ်သတ်၍ ပိုမိုအသေးစိတ်သိရှိလိုပါက MPT ၏ Call Center နံပါတ် 106 သို့ ခေါ်ဆို၍ ဖြစ်စေ၊ Customer Service Team ဖုန်းနံပါတ် ၀၉-၄၅၅၅၀၀၄၄၀ (သို့မဟုတ်) ၀၉-၄၅၅၅ ၀၀၈၈၀ သို့ တိုက်ရိုက်ဆက်သွယ်၍ဖြစ်စေ မေးမြန်းနို်င်ပါသည်။