×

MPT ၏ မိုဘိုင်းလ်ဆက်သွယ်ရေးဝန်ဆောင်မှုများကို နေပြည်တော် လယ်ဝေးမြို့နှင့် ပျဉ်းမနား မြို့တို့ရှိ အလှမ်းကွာသည့် ကျေးရွာ ၆ ရွာတွင် ဖြန့်ကျက်နိုင်ခဲ့ပြီဖြစ်

18 Feb 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်) မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT သည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးသို့ အကောင်းဆုံးသောဆက်သွယ်ရေးကွန်ရက်ကို ဖြန့်ကျက် နေသည် နှင့်အညီ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သန္နိဌာန်ချ ဆောင်ရွက်နေပြီး ဆက်သွယ်ရေးကွန်ရက်ကို ဖြန့်ကျက်လျက်ရှိပါသည်။ သုံးစွဲသူများအတွက် အကောင်းဆုံးသော ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ရန်အတွက် လက်ရှိတည်ရှိနေသော ဆက်သွယ်ရေး ကွန်ရက်အရည်အသွေးကို မြှင့်တင်ခြင်း ဆောင်ရွက်နေသည့်အပြင် တစ်ချိန်တည်းမှာပင် နိုင်ငံအဝှမ်းရှိ မြို့နယ်ပေါင်း (၃၁၄) မြို့နယ်၌ လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကပင် စတင်ပြီး MPT ၏ LTE+ မိုဘိုင်းလ်ကွန်ရက်ကို အသုံးပြုနိုင်နေပြီလည်း ဖြစ်ပါသည်။
ယခုလည်း နေပြည်တော် လယ်ဝေးမြို့နှင့် ပျဉ်းမနားမြို့တို့ရှိ ကျေးရွာ ၆ ရွာတွင် ဆက်သွယ်ရေး ကွန်ရက်ကို MPT က ဖြန့်ကျက်ချိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ဂုဏ်ယူ ဝမ်းမြောက်စွာ ယနေ့သတင်းထုတ်ပြန်လိုက်ပါသည်။ ဆက်သွယ်ရေး ဝန်ဆောင်မှုရရှိသွားပြီဖြစ်သည့် ကျောက်မီးကူရွာ၊ ချင်ပြစ်ရွာ၊ ဖလောင်းရွာ၊ မဲပေါက်ရွာ၊ ဆန်းသစ်လွင်ရွာ နှင့် ထိန်ပြောင်အောက်ရွာ စသည့် ရွာ (၆) ရွာနေ ဒေသခံပြည်သူများအနေဖြင့် MPT ၏ ယုံကြည်စိတ်ချရသော ဆက်သွယ်ရေးကွန်ရက်ကိုအသုံပြုပြီး မိုဘိုင်းလ်ဆက်သွယ်ရေးပစ္စည်းများကို သုံးကာ ဖုန်းခေါ်ဆိုခြင်းများပြုလုပ်နိုင်ပြီ ဖြစ်သည့်အပြင် အွန်လိုင်းဝန်ဆောင်မှုများကို အသုံးပြုပြီး မိမိတို့ချစ်ခင်သူ

မိတ်ဆွေ မိသားစုများကို ဆက်သွယ်နိုင်ပြီဖြစ်ကာ မိမိတို့၏ စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုများကိုလည်း တိုးတက်လုပ်ဆောင်နိုင်ပြီ ဖြစ်သည်။
MPT-KSGM Joint Operations ၏ နည်းပညာဌာနမှ အရာရှိချုပ်ဖြစ်သူ Mr. Noboru Edagawa က “အခုလို MPT ရဲ့ ဆက်သွယ်ရေးကွန်ရက်တွေကို မြို့ပြဒေသတွေသာမကဘဲ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမှာ ဆက်သွယ်ရေးကို အဓိကကျပြီး အမှန်တကယ်လိုအပ်နေတဲ့ကျေးလက်ဒေသတွေအထိပါ ဖြန့်ကျက်နိုင်ခဲ့လို့ အရမ်းပဲ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ဒါဟာ MPT က မြန်မာနိုင်ငံကိုရှေ့သို့လှမ်းချီနိုင်စေဖို့ အတွက် ကြိုးပမ်းလုပ်ဆောင်နေတဲ့ သက်သေသာဓက ကောင်းတစ်ခုလဲ ဖြစ်ပါတယ်။ ဒီဒေသတွေမှာ နေထိုင်ကြ တဲ့ ဒေသခံပြည်သူတွေအတွက် အင်တာနက်ရနိုင်ရေးဟာ အခုချိန်မတိုင်ခင်အထိ စိန်ခေါ်စရာ အချက်တစ်ခု ဖြစ်နေခဲ့တာ ဖြစ်ပါတယ်။ အခုလို MPT ရဲ့ ဝန်ဆောင်မှုကို ချဲ့ထွင်လိုက်ခြင်းကြောင့် အဲဒီဒေသမှာ နေထိုင်ကြတဲ့ဒေသခံတွေအနေနဲ့ သူတိုရဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ ပိုပိုပြီးတော့ ဆက်သွယ်နိုင်ဖို့ အွန်လိုင်း ဝန်ဆောင်မှုကို ရရှိလာစေပြီး အလုပ်အတွက်အပြင် မိမိတို့ ဆောင်ရွက်လိုတဲ့ အရေးပါတဲ့ သတင်းအချက်အလက်တွေကို ရရှိနိုင်စေမှာဖြစ်တဲ့အတွက် အကျိုုးကျေးဇူးတွေ ရစေမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
ကျေးရွာ (၆) ရွာ အနက်မှ လယ်ဝေးမြို့ရှိ ချင်ပြစ်ရွာ၊ ပျဉ်းမနားမြို့ရှိ မဲပေါက်ရွာ နှင့် ဆန်းသစ်လွင်ရွာတို့မှာ မိုဘိုင်းလ်ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ပထမဆုံးအနေဖြင့် ရရှိကြမည်ဖြစ်ပြီး ဒေသခံပြည်သူများက MPT ၏ အကောင်းမွန်ဆုံးကွန်ရက်များမှတစ်ဆင့် နိုင်ငံအတွင်းသာမက ပြည်ပအထိပါ ဆက်သွယ် နိုင်ကြမည် ဖြစ်သည်။
ကျောက်မီးကူ ကျေးရွာမှဒေသခံပြည်သူတစ်ဦးဖြစ်သူ ဦးထွန်းလင်းကလည်း “လမ်းပန်းဆက်သွယ်ရေး မလွယ်ကူတဲ့အပြင် ဆက်သွယ်ရေးဆိုင်ရာမှာ အခက်အခဲရှိနေတဲ့ ကျွန်တော်တို့ရွာတွေမှာ MPT က အခုလို ဆက်သွယ်ရေးကွန်ရက် ဖြန့်ကျက်ပေးတာ ကျွန်တော်တို့အနေနဲ့ အတိုင်းမသိဝမ်းသာမိပါတယ်။

စီးပွားရေးအရရော၊ လူမူရေးအရပါ တစ်ယောက်နဲ့တစ်ယောက်၊ တစ်နေရာနဲ့ တစ်နေရာ ဆက်သွယ်ဖို့ အခက်အခဲ ဖြစ်နေရာကနေ MPT ကြောင့် အခုဆိုရင် မြန်မြန်ဆန်ဆန် ဆက်သွယ်လုပ်ဆောင်နိုင်တော့မှာဖြစ်လို့ အရမ်းလဲ ဝမ်းသာပြီး ဒေသခံပြည်သူတွေရဲ့ကိုယ်စား MPT ကို အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ” ဟု ပြောကြားခဲ့ပါသည်။