×

MPT ၏ မြန်နှုန်းမြင့် 4G/ LTE+ ကွန်ရက်ကို နိုင်ငံအနှံ့အပြားရှိ မြို့နယ်ပေါင်း ၃၁၄ မြို့နယ်တွင် အသုံးပြုနိုင်ပြီ

25 Dec 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်)- မြန်မာနိုင်ငံ၏ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က ၎င်း၏ LTE+ မိုဘိုင်းလ်ကွန်ရက်ကို နိုင်ငံတစ်ဝှမ်းရှိ မြို့နယ်ပေါင်း ၃၁၄ မြို့နယ်သို့ လွှမ်းခြုံလိုက်နိုင်ပြီဖြစ်ကြောင်း ဂုဏ်ယူ ဝမ်းမြောက်စွာဖြင့် သတင်းထုတ်ပြန်လိုက်သည်။ ၂၀၁၈ခုနှစ် နိုဝင်ဘာလအတွင်းကပင် မြို့နယ်ပေါင်း ၂၅၆ မြို့နယ်သို့ ရောက်ရှိဖြန့်ကျက်ထားနိုင်ခဲ့ခြင်းနှင့်အတူ ယခုလအတွင်း မြို့နယ်အသစ်ပေါင်း ၅၈ မြို့နယ်သို့ ထပ်မံ ဖြန့်ကျက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုဆိုလျှင် ပိုမိုကောင်းမွန်စေရန် အဆင့်မြှင့်တင်ထားသော 4×4 MIMO ကွန်ရက်ပေါ်တွင်အခြေခံထားသည့် MPT ၏ မြန်နှုန်းမြင့် LTE+ ကွန်ရက်ကို နိုင်ငံတစ်ဝှမ်းမှ သုံးစွဲသူများ အားလုံး နီးနီး ခံစားရယူနိုင်တော့မည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များ၊ သတင်းများနှင့် ပညာရေးဆိုင်ရာ ကဏ္ဍများအား အွန်လိုင်းမှတစ်ဆင့် ကြည့်ရှုအသုံးချနိုင်မည်ဖြစ်သကဲ့သို့ မိတ်ဆွေများ၊ မိသားစုဝင်များနှင့် ချိတ်ဆက်နိုင်ရန်အတွက် လှုမှုကွန်ရက်မီဒီယာများကိုလည်း အသုံးပြုနိုင်ပြီဖြစ်သည်။

“ဒီလအတွင်းမှာ မယုံကြည်နိုင်လောက်အောင်ပဲ မြန်မာနိုင်ငံအနှံ့အပြားမှာရှိတဲ့ မြို့နယ်ပေါင်း ၃၀၀ ကျော်ဆီကို ဖြန့်ကျက်ရောက်ရှိသွားနိုင်တဲ့အပေါ် အားလုံးနဲ့အတူ MPT အနေနဲ့လည်း အထူးပဲ ကျေနပ်ဝမ်းသာဖြစ်မိပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ LTE+ ကွန်ရက်ကို စတင်မိတ်ဆက်ပေးခဲ့ကတည်းက ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံရဲ့ မိုဘိုင်းလ် ဆက်သွယ်ရေးကဏ္ဍမှာ မြန်မာနိုင်ငံသားတွေတိုင်းက လာမယ့်နှစ်တွေမှာ မြန်နှုန်းမြင့် 4G မိုဘိုင်းလ်ကွန်ရက်တွေ ရရှိခံစားရစေမယ်ဆိုတဲ့ ရည်မှန်းချက်မျိုးကို ရည်ရွယ်ထားရှိခဲ့တာလည်း ဖြစ်ပါတယ်။ အခုလို တိုတောင်းတဲ့ ကာလအတွင်းမှာပဲ ကျွန်တော်တို့အနေနဲ့ 4×4 MIMO စနစ်သုံး LTE+ ကွန်ရက်ကို နိုင်ငံရဲ့ အဓိက မြို့နယ်ကြီးတွေဆီကို အောင်အောင်မြင်မြင်ဖြန့်ကျက် ချိတ်ဆက်နိုင်ခဲ့ပြီးဖြစ်သလို လူမှုအသိုက်အဝန်းအတွက် လိုအပ်တဲ့ အွန်လိုင်းစနစ်တွေ၊ ကမ္ဘာ့နိုင်ငံအနှံ့အပြားက ဝန်ဆောင်မှုတွေ၊ ရင်းမြစ်တွေကို အရင်ကနဲ့မတူဘဲအတွေ့အကြုံတွေနဲ့အတူ အသုံးပြုနိုင်ဖို့ သယ်ဆောင်ပေးလိုက်တာလည်း ဖြစ်ပါတယ်။” ဟု MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီး မှ အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda က ပြောကြားသည်။

ထို့အပြင် သုံးစွဲသူများက MPT မှ ပေးအပ်လျက်ရှိသော ကောင်းမွန်သည့် ထပ်ဆောင်းဝန်ဆောင်မှု (VAS)များဖြစ်သော တိုက်ရိုက်ကြည့်ရှုနိုင်မည့် ဖျော်ဖြေရေးများ၊ e-book များ၊ နောက်ဆုံးရအားကစားသတင်း များကို နိုင်ငံအနှံ့အပြားချိတ်ဆက်ဖြန့်ကျက်ထားနိုင်သည့် မြန်နှုန်းအမြင့်ဆုံးသော၊ အရည်အသွေးမြင့်မားပြီး စိတ်ချယုံကြည်ရသော MPT ၏ LTE+ ကွန်ရက်ပေါ်မှတစ်ဆင့် ရယူအသုံးပြုနိုင်မည်လည်းဖြစ်သည်။

ဆက်လက်၍ Mr. Reizo Umeda က “ကျွန်တော်တို့ရဲ့ သန်းပေါင်းများစွာသော သုံးစွဲသူတွေကို MPT ကို သုံးစွဲပေးမှုအတွက် ကျွန်တော်တို့အနေနဲ့ ကျေးဇူးအထူးတင်ရှိတယ်လို့ ပြောကြားရင်း သုံးစွဲသူ တွေအနေနဲ့လည်း အဆင့်မြင့်ပြီး အရည်အသွေးမြင့်မားတဲ့ ဝန်ဆောင်မှုတွေကို ပျော်ရွှင်စွာနဲ့ ဆက်လက် သုံးစွဲနိုင်မှာဖြစ်ပြီး အဆင့်မြှင့်တင်လိုက်တဲ့ ကွန်ရက်အရည်အသွေးတွေကိုလည်း ခံစားအသုံးပြုကြည့်နိုင်မှာ ဖြစ် သလို ကျွန်တော်တို့အနေနဲ့လည်း မြန်မာနိုင်ငံကိုရှေ့ကိုလှမ်းချီဖို့အတွက် မျှော်မှန်းထားတဲ့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကို ဆက်လက်အကောင်အထည်ဖော်သွားမှာလည်းဖြစ်ပါတယ်” ဟု ပြောကြားသည်။

အသစ်ထပ်မံတိုးချဲ့လိုက်သည့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ပိုင်း) နှင့် တနင်္သာရီတိုင်းအတွင်း နေထိုင်ကြသူများအနေဖြင့် MPT ၏ ကွန်ရက်ကို အပိုထပ်ဆောင်းငွေ ကျသင့်ခြင်းမရှိဘဲ 4G စနစ်အသုံးပြုနိုင်သည့် မိုဘိုင်းလ်ဖုန်းများဖြင့် အသုံးပြုနိုင်ပြီ် ဖြစ်သည်။

သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းအလိုက် အသစ်ထပ်မံဖြန့်ကျက်လိုက်သည့် မြို့နယ်ပေါင်း ၅၈ မြိ့နယ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ပြည်နယ်နှင့်တိုင်း မြို့နယ်များ
ဧရာဝတီ အိမ်မဲ
ကျောင်းကုန်း
ရေကြည်
ပဲခူး (အရှေ့ ) ကျောက်ကြီး
ချင်း ကန်ပက်လက်
ဖလမ်း
မတူပီ
မင်းတပ်
ပလက်ဝ
ထန်တလန်
တီးတိန်
တွန်းဇံ
ကချင် ပူတာအို
တနိုင်း
ကယား ဘော်လခဲ
ဒီမောဆိုး
ဖားဆောင်း
ဖရူဆို
မယ်စဲ
ကရင် သံတောင်ကြီး
မကွေး

 

ကမ္မ
မင်းလှ (အထက်)
မြို့သစ်
ဆိတ်ဖြူ
စေတုတ္တရာ
မန္တလေး

 

ကျောက်ဆည်
မတ္တရာ
နွားထိုးကြီး
ငန်းဇွန်
ပျော်ဘွယ်
စဉ့်ကူ
တောင်သာ
သပိတ်ကျင်း
သာစည်
ဝမ်းတွင်း
ရမည်းသင်း
ရခိုင် မင်းပြား
မြောက်ဦး
စစ်ကိုင်း ဗန်းမောက်
ခန္တီး
လေရှီး
မော်လိုက်
မြောင်
မြင်းမူ
ပုလဲ
ပင်လယ်ဘူး
ဝမ်းသို
ရှမ်း (အရှေ့ ) မိုင်းတုံ
ရှမ်း (မြောက်) ဟိုပုံး
ကွမ်လုံ
မန်တုံ
မိုင်းယန်း
နမ္မတူ
ရှမ်း (တောင်) လင်းခေး
လွိုင်လင်
မိုးနဲ
ရွာငံ
တနင်္သာရီ တနင်္သာရီ

LTE+ ချိတ်ဆက်ဖြန့်ကျက်ထားနိုင်သည့် ဧရိယာများအကြောင်းနှင့် စိတ်ဝင်စားဖွယ်ရာ ပရိုမိုးရှင်းအစီအစဉ်များ အကြောင်း ထပ်မံသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ခေါ်ဆိုခြင်း (သို့) www.mpt.com.mm နှင့် MPT ၏ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာ သို့ https://www.facebook.com/mptofficialpage သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။