×

MPT ၏ မြန်နှုန်းမြင့် LTE+ ကွန်ရက်တိုးချဲ့ခြင်းအတွက် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်း နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တွင် နေရာသစ် ခြောက်နေရာ၌ ဝန်ဆောင်မှု ထက်မံရောက်ရှိမည်

20 Jul 2017

(ရန်ကုန်၊ ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၀ ရက်) မြန်မာနိုင်ငံ၏ ထိပ်တန်းဆက်သွယ်ရေး အော်ပရေတာ တစ်ခု ဖြစ်သည့် MPT အနေဖြင့် သြဂုတ်လမှ စတင်ပြီး မိုဘိုင်းလ်ဖုန်း အသုံးပြုသူများအတွက် 1.8 GHz လှိုင်းနှုန်းစဉ်ဖြင့် မြန်နှုန်းမြင့် LTE+ ကွန်ရက်ဝန်ဆောင်မှုကို နေရာသစ် (၅) နေရာတွင် ရယူအသုံးပြုနိုင်ရန်အတွက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ MPT သုံးစွဲသူများအနေဖြင့် ဇူလိုင်လ ၁၅ ရက်မှစတင်ပြီး သာမန် 4G/LTE ထက် နှစ်ဆပိုမြန်သည့် LTE+ ဝန်ဆောင်မှုကို စတင်အသုံးပြုနိုင်နေပြီဖြစ်ပါသည်။ ထို့အပြင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ ကယားပြည်နယ် လွိုင်ကော်မြို့၊ ကရင်ပြည်နယ် ဘားအံမြို့၊ မန္တလေးတိုင်း ညောင်ဦးမြို့နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံမြို့တို့တွင်လည်း MPT ၏ မြန်နှုန်းမြင့်မျိုးဆက်သစ် မိုဘိုင်းလ်အင်တာနက်ကို သြဂုတ်လမှစတင်ကာ ရရှိသုံးစွဲနိုင်ကြမည်ဖြစ်ပြီး လူမှုကွန်ရက်များပေါ်မှ အချက်အလက်များကို လျင်မြန်စွာရယူနိုင်ခြင်း၊ မိသားစုများ၊ မိတ်ဆွေသူငယ်ချင်းများနှင့် ဆက်သွယ်မှုများကို ပြုလုပ်နိုင်ပြီဖြစ်ပါသည်။

MPT မှ ယခုလို မှတ်ကျောက်တင်နိုင်မှုမှာ လွန်ခဲ့သည့် ဇူလိုင်လအစောပိုင်းကပင် စတင်ခဲ့သည့် မြန်မာနိုင်ငံအတွင်း LTE+ ကွန်ရက်ချဲ့ထွင်မှု၏ နောက်ထပ်ခြေလှမ်းတစ်ခုလည်းဖြစ်ပါသည်။ MPT အနေဖြင့် 4×4 MIMO အဆင့်မြင့်နည်းပညာသုံးထားသည့် LTE+ ကို ထောက်ပံ့ပေးရန်အတွက် မိုဘိုင်းလ်တာဝါ ကွန်ရက်များကို အဆင့်မြှင့်တင်ခြင်းနှင့် ပြောင်းလဲခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ လက်ရှိအချိန်တွင် တိုင်းဒေသကြီးများနှင့် ပြည်နယ်များရှိ မြို့ကြီး (၂၂) မြို့ အပါအဝင် မြို့နယ် (၆၆) ခုအထိ ဖြန့်ကျက်ပြီးစီးပြီဖြစ်ပြီး သြဂုတ်လအတွင်း မြို့ကြီး (၂၇) အပါအဝင် မြို့နယ် (၇၁) ခုအထိ ဆက်လက်ချဲ့ထွင်သွားရန် ရည်မှန်းထားသည်။

“ကျွန်တော်တို့ရဲ့ အဆင့်မြင့် LTE+ ကွန်ရက်ကို ပိုပြီးကျယ်ပြန်တဲ့ဒေသက မြို့နယ်တွေအပါအဝင် နိုင်ငံအနှံ့က နေရာတွေမှာ အသုံးပြုနိုင်အောင်စီစဉ်ထားတဲ့အတိုင်း ဆောင်ရွက်သွားမှာပါ။ ဒီနေရာ (၅) နေရာမှာရှိတဲ့ သုံးစွဲသူတွေဟာ မကြာခင်မှာ မျိုးဆက်သစ်နည်းပညာသုံးထားတဲ့ကွန်ရက်ရဲ့ အမြန်နှုန်းတွေကို သုံးပြီး ကိုယ်နှစ်သက်တဲ့ အွန်လိုင်းဝန်ဆောင်မှုတွေကို မိုဘိိုင်းလ်ဆက်သွယ်မှုကနေတစ်ဆင့် ချိတ်ဆက်နိုင်ပါတော့မယ်” ဟု MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ မစ္စတာ Reizo Umeda က ပြောကြားခဲ့ပါသည်။

အဆိုပါ LTE+ ရရှိသည့်နေရာသစ်များတွင် ရှယ်ပြောနှင့် ဆွေသဟာအစီအစဉ်များ ရယူထားသော သုံးစွဲသူများအနေဖြင့် LTE+ ကွန်ရက်ကို ပထမဆုံး စတင်အသုံးပြုသည့်အချိန်တွင် MPT ၏ 1GB ဒေတာ လက်ဆောင်ကို ရရှိမည်ဖြစ်ပါသည်။ လက်ဆောင်ရသောဒေတာများကို စတင်ရရှိသည့်အချိန်မှ တစ်ပတ်အတွင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။

LTE+ ကွန်ရက်ကို ဖြန့်ကျက်ခြင်းနှင့်အတူ သုံးစွဲသူများအနေဖြင့် MPT၏ ကွန်ရက်ဖြန့်ကျက်ခြင်းအား သိရှိစေရေးအတွက် မြန်မာပြည်အနှံ့အပြားတွင် အထိမ်းအမှတ်ပွဲများပြုလုပ်နေပြီး အဆိုပါကွန်ရက် ဖြန့်ကျက်ခြင်းအစီအစဉ် ပြီးစီးပါက နေရာအားလုံးသို့ ရောက်ရှိသွားမည်ဖြစ်ကာ နိုင်ငံအတွင်းတွင် အကျယ်ပြန့်ဆုံး ကွန်ရက်အဖြစ် ဖြန့်ကျက်လာနိုင်မည်ဖြစ်ပါသည်။

LTE+ ကွန်ရက်အသစ် ဖြန့်ကျက်သည့် နေရာအသစ်များ

တိုင်းဒေသကြီး/ပြည်နယ် မြို့/မြို့နယ်
ကချင်ပြည်နယ် ဖားကန့် (ဇူလိုင်လ ၁၅ ရက်နေ့တွင်ရရှိပြီး)
မြစ်ကြီးနား (သြဂုတ်လ)
ကယားပြည်နယ် လွိုင်ကော် (သြဂုတ်လ)
ကရင်ပြည်နယ် ဘားအံ (သြဂုတ်လ)
မန္တလေးတိုင်းဒေသကြီး ညောင်ဦး (သြဂုတ်လ)
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ (သြဂုတ်လ)

* မှတ်ချက် ။ ။ ယနေ့အထိ MPT ၏ 1.8 GHz လှိုင်းနှုန်းစဉ်ဖြင့် LTE+ ကွန်ရက်ကို ပြည်နယ်နှင့်တိုင်း ဒေသကြီးရှိ မြို့ကြီး (၂၂) မြို့အပါအဝင် မြို့နယ် (၆၆) မြို့နယ်တွင်ရရှိနိုင်ပြီဖြစ်ပါသည်။*

လျင်မြန်စွာတိုးချဲ  ့ခြင်းနှင့်အတူ ယခုနှစ် စက်တင်ဘာလတွင် LTE+ ကွန်ရက်ကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးက မြို့ကြီး (၃၀) အပါအဝင် မြို့နယ် (၇၅) မြို့နယ်တွင်  လွှမ်းခြုံနိုင်မည် ဖြစ်ပါသည်။