×

MPT ၏ မြန်နှုန်းမြင့် LTE+ ကွန်ရက်ကို ယခု ၂၀၁၈ ခုနှစ်အကုန်တွင် မြို့နယ်ပေါင်း ၃၀၀ ကျော်၌ အသုံးပြုနိုင်တော့မည်

13 Sep 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၃ ရက်) မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က မိမိတို့အလေးထားရသည့် သုံးစွဲသူများအတွက် အကောင်းဆုံးသော ဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်အတွက် ၎င်း၏ မြန်နှုန်းမြင့် LTE+ ကွန်ရက်ကို အမြန်ဆန်ဆုံး ဖြန့်ကျက် ဆောင်ရွက်လျက် ရှိပါသည်။ ယခု စက်တင်ဘာလအကုန်တွင် LTE+ မိုဘိုင်းလ် ကွန်ရက်ကို မြန်မာနိုင်ငံအနှံ့အပြားရှိ မြို့နယ်ပေါင်း ၁၈၀ ကျော်တွင် အသုံးပြုနိုင်မည် ဖြစ်သည်။ ယခုနှစ် အကုန်တွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ မြို့နယ်ပေါင်း ၃၀၀ ကျော်သို့ လည်း ဖြန့်ကျက်နိုင်ရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်သည်။

MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda က“MPT ဟာ 4×4 MIMO နဲ့ Carrier Aggregation နည်းပညာကို အသုံးပြုထားတဲ့ LTE+ ကွန်ရက်ကို မိတ်ဆက်ပေးနိုင်ခဲ့တဲ့ ပထမဆုံး ဆက်သွယ်ရေးအော်ပရေတာ ဖြစ်ပါတယ်။ အခုလို LTE+ ကွန်ရက်ကိုစတင်ရရှိတဲ့ မြို့နယ်တွေမှာ နေထိုင်ကြတဲ့ အင်တာနက်အသုံးပြုသူတွေအနေနဲ့ ဖိုင်ဆိုဒ်အကြီးတွေ ဒေါင်းလုတ် လုပ်တဲ့အခါမှာဖြစ်စေ၊ အင်တာနက်ဒေတာ အများကြီးသုံးပြီး ကစားရတဲ့ဂိမ်းတွေ ကစားတဲ့အခါမှာဖြစ်စေ၊ ဗီဒီယိုတွေကို အွန်လိုင်းကနေ တိုက်ရိုက်ကြည့်ရှုတဲ့အခါတွေမှာဖြစ်စေ တကယ့်ကို သိသာတဲ့ပြောင်းလဲမှုကို မြင်တွေ့ရမှာပါ။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ Data Carry Plus ပက်ကေ့ချ်အသစ်ကို သုံးပြီးတော့လည်း ပိုမိုသက်သာတဲ့ ဈေးနှုန်းတွေနဲ့ အသုံးပြုနိုင်မှာပါ။ ကျွန်တော်တို့ရဲ့ မဟာဗျူဟာကျကွန်ရက်ချဲ့ထွင်မှုနဲ့ သုံးစွဲသူတွေကို အကောင်းဆုံးသော အင်တာနက်အသုံးပြုမှုအတွေ့အကြုံတွေကို ပေးအပ်မယ်ဆိုတဲ့ ကတိကဝတ်ရဲ့ အစိတ်အပိုင်းအဖြစ် ဒီဇင်ဘာလကုန်မှာ LTE+ကွန်ရက်ကို မြို့နယ်ပေါင်း ၃၀၀ ကျော်မှာ အသုံးပြုနိုင်တဲ့အထိ လုပ်ဆောင်သွားဖို့ မျှော်မှန်းထားပါတယ်” ဟု ပြောကြားသည်။

ယခု ၂၀၁၈ခုနှစ် ၏ တတိယ ၃ လပတ် ကာလ ဖြစ်သည့် ဇူလိုင်လမှ စက်တင်ဘာလအတွင်းတွင် နောက်ဆုံးပေါ် 4×4 MIMO နည်းပညာကို အသုံးပြုထားသည့် LTE+ ကွန်ရက်ကို ပဲခူး၊ ဘားအံ၊ ကလော၊ လွိုင်ကော်၊ မုံရွာ နှင့် စစ်တွေ အပါအဝင် နေရာအသစ်ပေါင်း ၄၀ ခန့် တွင် MPT မှ မိတ်ဆက်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။ MPT ကွန်ရက်၏ အကောင်းဆုံးသော အကျိုးကျေးဇူးများကို ရရှိခံစားနိုင်ရန်အတွက် 4G ကွန်ရက် အသုံးပြုနိုင်သည့် မိုဘိုင်းလ်ဖုန်းနှင့် MPT SIM ကတ်ကို အသုံးပြုရန်လိုအပ်မည်ဖြစ်ပါသည်။

ပိုမိုပြည့်စုံစွာသိရှိနိုင်ရန် Hot line နံပါတ် ၁၀၆ သို့ ခေါ်ဆိုခြင်း သို့မဟုတ် www.mpt.com.mm နှင့် MPT၏ တရားဝင် Facebook စာမျက်နှာ https://www.facebook.com/mptofficialpage တွင် ဝင်ရောက်လေ့ လာနိုင်ပါသည်။