×

MPT ၏ မြန်နှုန်းမြင့် LTE+ ကွန်ရက်ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလအကုန်တွင် မြို့နယ်ပေါင်း ၂၀၀ ကျော်အထိ တိုးချဲ့ဖြန့်ကျက်နိုင်ခဲ့

04 Oct 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၃ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က ၎င်း၏ မြန်နှုန်းမြင့် LTE+ ကွန်ရက်ကို စက်တင်ဘာလအကုန်တွင် မြို့နယ်ပေါင်း ၂၀၀ ကျော်အထိ အလျင်အမြန် ဖြန့်ကျက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်သည်။

MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda က “ကျွန်တော်တို့ရဲ့ နောက်ဆုံးပေါ် LTE+ ကွန်ရက်ကို လျင်လျင်မြန်မြန်နဲ့ တိုးချဲ့ဖြန့်ကျက်လာနိုင်ခဲ့တာ အရင်လ အကုန်ထိဆိုရင် မြို့နယ်ပေါင်း ၂၀၀ ကျော်အထိ ဖြန့်ကျက်ချိတ်ဆက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အခုဆိုရင် မိုဘိုင်းလ် ဖုန်းသုံးစွဲသူတွေဟာ 4×4 MIMO နည်းပညာသုံး အဆင့်မြင့်အင်တာနက်ကွန်ရက်ကို အသုံးပြုပြီး ပိုကောင်းတဲ့ အင်တာနက်စွမ်းဆောင်ရည်တွေကို ရရှိနိုင်ကြမှာဖြစ်လို့ အွန်လိုင်းကနေ Download၊ Upload လုပ်တာတွေ၊ ဖျော်ဖြေရေးဝန်ဆောင်မှုတွေကို အွန်လိုင်းကနေ တိုက်ရိုက်နားဆင်တဲ့အခါမှာဖြစ်စေ၊ အွန်လိုင်းဂိမ်းနဲ့ ဆိုရှယ် မီဒီယာအသုံးပြုမှုတွေမှာဖြစ်စေ အရင်နဲ့မတူတဲ့ အမြန်နှုန်းနဲ့လျင်မြန်မှုတွေကို ခံစားနိုင်တော့မှာပါ။ ဒါ့အပြင် ဈေးသက်သာတဲ့ Data Carry Plus ပက်ကေ့ချ်နဲ့ဆိုရင်လည်း MPT ရဲ့ သုံးစွဲသူတွေက မြန်နှုန်းမြင့် LTE+ ကွန်ရက်ပေါ်ကတစ်ဆင့် အကောင်းဆုံးသော အင်တာနက်အသုံးပြုမှုအတွေ့အကြုံတွေကို ရရှိအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။” ဟု ပြောကြားသည်။

MPT အနေဖြင့် ကွန်ရက်ဖြန့်ကျက်နိုင်မှုကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခု ၂၀၁၈ ခုနှစ်အကုန်တွင် နိုင်ငံတစ်ဝှမ်းရှိ မြို့နယ်ပေါင်း ၃၀၀ ကျော်အထိ ဖြန့်ကျက်သွားမည်ဖြစ်ပါသည်။

စက်တင်ဘာလတွင် မြန်နှုန်းမြင့် LTE+ ကွန်ရက်ကို မြို့နယ်ပေါင်း ၅၅ မြို့နယ်တွင် ထပ်မံတိုးချဲ့လိုက်ပြီဖြစ်ပြီး စုစုပေါင်း မြို့နယ်ပေါင်း ၂၁၆ မြို့နယ်အထိ ဖြန့်ကျက်ထားနိုင်ပြီဖြစ်သည်။ ကွန်ရက်စနစ်လွှမ်းခြုံထားနိုင်ပြီ ဖြစ်သည့် မြို့နယ်အသစ်မှ သုံးစွဲသူများအနေဖြင့် MPT ၏ အဆင့်မြင့်ကွန်ရက်နည်းပညာကို ခံစားအသုံး ပြုနိုင်ရန် 4G အထောက်အပံ့ပေးမည့် မိုဘိုင်းလ်ဖုန်းအတွင်း MPT ဆင်းမ်ကတ် ထည့်သွင်းအသုံးပြုရန်သာ လိုအပ်မည်ဖြစ်ပါသည်။

LTE+ ကွန်ရက်အသစ်ဖြန့်ကျက်သည့် နေရာအသစ်များ

တိုင်းနှင့်ပြည်နယ်များမြို့နယ်များ
 

ဧရာဝတီ

အင်္ဂပူ
ပန်းတနော်
ငပုတော
ဓနုဖြူ
မအူပင်
မော်လမြိုင်ကျွန်း
ကန်ကြီးထောင့်
 

ပဲခူး (အရှေ့)

ကျောက်တံခါး
အုတ်တွင်း
ကဝ
ထန်းတပင်
ညောင်လေးပင်
သနပ်ပင်
ပဲခူး (အနောက်)

 

 

နတ်တလင်း
ရွှေတောင်
မိုးညို
ပန်းတောင်း
ကြို့ပင်ကောက်
ပဲခူး (အနောက်)

 

မင်းလှ
အုတ်ဖို
သဲကုန်း
ကရင်ကြာအင်းဆိပ်ကြီး
 

မကွေး

သရက်
တောင်တွင်းကြီး
ဂန့်ဂေါ
ပေါက်
မန္တလေးမြင်းခြံ
မြစ်သား
 

မွန်

ကျိုက်မရော
သံဖြူဇရပ်
 

ရခိုင်

ပုဏ္ဏားကျွန်း
မြေပုံ
တောင်ကုတ်
 

စစ်ကိုင်း

မင်းကင်း
ခင်ဦး
ဘုတလင်
စစ်ကိုင်း
ဆားလင်းကြီး
တန့်ဆည်
ဒီပဲယင်း
အင်းတော်
ကသာ
ကောလင်း
ချောင်းဦး
ဝက်လက်
ရေဦး
ကန့်ဘလူ
ဖောင်းပြင်
တမူး
ကျွန်းလှ
ရှမ်းပြည် (မြောက်ပိုင်း)

 

ပင်းတယ
ကွန်ဟိန်း
 

ရှမ်းပြည် (တောင်ပိုင်း)

ကျောက်မဲ
သီပေါ
တန့်ယန်း

အထက်ပါအကြောင်းအရာနှင့်ပတ်သတ်၍ အသေးစိတ်ထပ်မံသိရှိလိုပါက ဖုန်းနံပါတ် 106 သို့မဟုတ် www.mpt.com.mm ၊ MPT ၏ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာဖြစ်သည့် https://www.facebook.com/mptofficialpage တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်