×

MPT ၏ ရက်(၃၀) ရောင်စုံဒေတာပက်ကေ့ချ်များကို ၅၀ ရာခိုင်နှုန်း ဒေတာအပိုဆု နှင့်အတူ ရယူနိုင်မည်

20 Feb 2017

(ရန်ကုန်၊ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်) – MPT ၏ ရက် (၃၀) အသုံးပြုနိုင်မည့် ရောင်စုံဒေတာပက်ကေ့ချ်များကို နှစ်ခြိုက်စွာသုံးစွဲနေသူများအနေဖြင့် မိမိတို့ဝယ်ယူအသုံးပြုသည့် ဒေတာပမာဏ၏ ၅၀ ရာခိုင်နှုန်းသော ဒေတာအပိုဆုကို မိမိတို့ဝယ်ယူထားသည့် ပက်ကေ့ချ်အလိုက် ထပ်ဆောင်းရယူနိုင်တော့မည် ဖြစ်သည်။

အဆိုပါဒေတာအပိုဆုများကို ပက်ကေ့ချ်သတ်တမ်းကုန်ဆုံးသည့်အချိန်ထိ အသုံးပြုနိုင်မည်ဖြစ်ပြီး သုံးစွဲသူများအနေဖြင့် တစ်စုံတစ်ရာထပ်မံကုန်ကျခြင်းမရှိဘဲ လူမှုကွန်ရက်မီဒီယာများအသုံးပြုခြင်း၊ ဓာတ်ပုံများဝေမျှခြင်း၊ မိမိတို့နှစ်သက်ရာ အက်ပလီကေးရှင်းများ အသုံးပြုခြင်း အစရှိသည်တို့ကို ပိုမိုလုပ်ဆောင် နိုင်မည်ဖြစ်သည်။ MPT ၏ ရောင်စုံဒေတာပက်ကေ့ချ်များသည် လက်ရှိစျေးကွက်ထဲတွင် အသက်သာဆုံးသော ၀န်ဆောင်မှုတစ်ခုအဖြစ် ရပ်တည်လျက်ရှိပြီး ယခုထပ်ဆောင်းရရှိမည့်  ဒေတာအပိုဆုနှင့်အတူ မိုဘိုင်းလ်ဖုန်း သုုံးစွဲသူ များအတွက် အကောင်းဆုံးသောရွေးချယ်မှုတစ်ခုအဖြစ် ဆက်လက်ရှိ နေမည်ဖြစ်သည်။

MPT ၏ ဆွေသဟာအစီအစဉ်ရယူထားသော GMS/WCDMA (prepaid/postpaid) အသုံးပြုသူအားလုံးသည် ပက်ကေ့ချ်အလိုက် သတ်မှတ်ထားသော ကုတ်နံပါတ်သို့ ခေါ်ဆို၍ဖြစ်စေ စာတိုပေးပို့၍ဖြစ်စေ ပက်ကေ့ချ်ဝယ်ယူရုံဖြင့် အဆိုပါဒေတာအပိုဆု ၅၀ ရာခိုင်နှုန်းကို ပရိုမိုးရှင်းကာလအတွင်း အလိုအလျောက်ရယူ နိုင်မည် ဖြစ်သည်။

ဒေတာအပိုဆုကို 1GB ပက်ကေ့ချ်ဝယ်ယူလျှင် 1.5GB ၊ 2GB ပက်ကေ့ချ်ဝယ်ယူလျှင် 3GB စသည်ဖြင့် တိုး၍ ရရှိမည်ဖြစ်ရာ MPT ၏ မြန်ဆန်၍ကျယ်ပြန့်သောကွန်ရက်ပေါ်တွင် ဒေတာသုံးစွဲသူများအတွက် စွဲမက်ဖွယ်ရာပင် ဖြစ်သည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase မှ “ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေအတွက် ခုလိုအစီအစဉ်ကို ဆောင်ရွက်ပေးနိုင်ခဲ့တဲ့အတွက် အထူးပဲ ၀မ်းသာမိပါ တယ်။ သုံးစွဲသူတွေဟာ ဒေတာအပိုဆု ၅၀ ရာခိုင်နှုန်းနဲ့ အတူ မိမိတို့ နှစ်သက်ရာအကြောင်းအရာများကို MPT ကွန်ရက်ပေါ်ကနေ ပိုမိုလုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

MPT သုံးစွဲသူများအနေဖြင့် *106# သို့ ခေါ်ဆို၍ ‘အင်တာနက်ပက်ကေ့ချ်များ’ ကို ရွေးချယ်ကာ ရောင်စုံဒေတာပက်ကေ့ချ်များ ရယူပုံအသေးစိတ်ကို သိရှိနိုင်မည်ဖြစ်သည်။

ပက်ကေ့ချ် မူလဒေတာပမာဏ အပိုရရှိမည့် ၅၀ရာခိုင်နှုန်း ဒေတာပမာဏ စျေးနှုန်း(ကျပ်) ရယူရန်
ရက် (၃၀) 1 GB 0.5 GB 2850 1332 သို့ ‘1GB’ ဟု စာတိုပေးပို့ပါ (သို့မဟုတ်) *2002# သို့ခေါ်ဆိုပါ
ရက် (၃၀) 2 GB 1 GB 5250 1332 သို့ ‘2GB’ ဟု စာတိုပေးပို့ပါ (သို့မဟုတ်) *2003# သို့ခေါ်ဆိုပါ
ရက် (၃၀) 4 GB 2 GB 9500 1332 သို့ ‘4GB’ ဟု စာတိုပေးပို့ပါ (သို့မဟုတ်) *2004# သို့ခေါ်ဆိုပါ
ရက် (၃၀) 10 GB 5 GB 18000 1332 သို့ ‘10GB’ ဟု စာတိုပေးပို့ပါ (သို့မဟုတ်) *2005# သို့ခေါ်ဆိုပါ

မှတ်ချက်။ အထက်ပါနှုန်းထားများအပြင် ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်းပါ ပေးဆောင်ရမည် ဖြစ်ပါသည်။