×

MPT ၏ လိုတရ စေတနာကမ်းလှမ်းလက်များ မိတ်ဆက်

လိုတရ စေတနာကမ်းလှမ်းလက်များဆိုတာက ဘာပါလဲ။

MPT ရဲ့ လိုတရ စေတနာကမ်းလှမ်းလက်များဆိုတာက MPT သုံးစွဲသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေ၊ အစီအစဉ်တွေမှာ လှူဒါန်းနိုင်အောင် ဖန်တီးပေးထားတဲ့ ထူးခြားတဲ့လှူဒါန်းရေး ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏ ပထမဦးဆုံးဖြစ်သော ဤလှူဒါန်းရေး ဝက်ဘ်ဆိုက်စာမျက်နှာသစ် မှတစ်ဆင့် MPT သုံးစွဲသူများအနေဖြင့် မိမိတို့နှစ်သက်ရာ အစီအစဉ်နှင့်ပတ်သက်ပြီး လှူဒါန်းမှုပြုလုပ်ခြင်းမပြုမီ အဆိုပါ လူမှုအဖွဲ့အစည်းများ၏ လှုပ်ရှားမှုပုံရိပ်များနှင့် အစီအစဉ်များကို ဝင်ရောက်ကြည့်ရှု့နိုင်ကာ မိမိနှစ်သက်သည့် အစီအစဉ်ကို ရွေးချယ်နိုင်မှာဖြစ်ပါသည်။

MPT သုံးစွဲသူတွေပဲ စေတနာကမ်းလှမ်းလက်များပေါ်ကနေ လှူဒါန်းမှုတွေ ပြုလုပ်နိုင်တာပါလား။

ဟုတ်ပါတယ်။ MPT သုံးစွဲသူတွေပဲ MPT ရဲ့ လိုတရဝက်ဘ်ဆိုဒ်မှာရှိတဲ့ လိုတရ စေတနာကမ်းလှမ်းလက်များ စာမျက်နှာကတစ်ဆင့် လှူဒါန်းနိုင်တာဖြစ်ပါတယ်။

သုံးစွဲသူတွေက ပါ၀င်တဲ့အစီအစဉ်တွေနဲ့ ဘယ်လိုလှူရမယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲ။

သုံးစွဲသူတွေဟာ အစီအစဉ်များအကြောင်း ပိုပြီးသိလို၍ပဲဖြစ်ဖြစ် လှူဒါန်းလို၍ပဲဖြစ်ဖြစ် အောက်ပါအဆင့်များ အတိုင်း ဆောင်ရွက်နိုင်ပါတယ်။
၁) အင်တာနက်ဖွင့်ပြီး မိုဘိုင်း browser မှတစ်ဆင့် http://helpinghands.foc.lotayamm.com/ သို့ ဝင်ကာ လူထုအကျိုးပြုလုပ်ငန်းအမျိုးမျိုး၏ အချက်အလက်များကို ရယူနိုင်သော လိုတရ စေတနာကမ်းလှမ်းလက်များ စာမျက်နှာသို့ သွားပါ။
၂) အဆိုပါစာမျက်နှာတွင် ပါ၀င်သော လှုပ်ရှားမှုအစီအစဉ်များထဲမှ နှစ်သက်ရာတစ်ခုကို ရွေးချယ်ပြီး မိမိတို့၏ MPT ဖုန်းလက်ကျန်ငွေမှ လှူဒါန်းလိုသော ငွေပမာဏကို ထပ်မံရွေးချယ်ပါ။
၃) ဆက်လက်မလုပ်ဆောင်မီ မိမိရွေးချယ်ထားသော အစီအစဉ်ကုဒ်နံပါတ်နှင့် အလှူငွေပမာဏကို ပြန်လည် စစ်ဆေးပါ။
၄) လှူဒါန်းမှုကို အတည်ပြု၊မပြု စာတန်းပေါ်လာပါက အတည်ပြုကြောင်းနှိပ်ပါ။ ထို့နောက် လှူဒါန်းမှုပြီးစီးကြောင်း စာတိုတစ်စောင်ကို သင်၏ MPT ဖုန်းနံပါတ်သို့ MPT မှ ပေးပို့သွားမည် ဖြစ်ပါတယ်။ အလှူငွေပမာဏကို မိမိ၏ဖုန်းလက်ကျန်ငွေမှ ဖြတ်တောက်သွားပါမယ်။ (လှူဒါန်းမှုအတွက် လက်ကျန်ငွေမလုံလောက်ပါက လှူဒါန်းမှုမအောင်မြင်ကြောင်း စာတန်းပေါ်လာမည် ဖြစ်ပါသည်)

လိုတရ စေတနာကမ်းလှမ်းလက်များကနေတစ်ဆင့် လှူဒါန်းတဲ့အပေါ်မှာ ကောက်ခံတဲ့ ၀န်ဆောင်ခတွေ ရှိပါသလား။

လှူဒါန်းမှုများပြုလုပ်တဲ့အခါမှာ မည်သည့်ဝန်ဆောင်ခမှ ပေးဆောင်ရန်မလိုပါ။ အလှူငွေပမာဏအားလုံးကို မိမိတို့ရွေးချယ်ထားတဲ့ အစီအစဉ်တွေဆီကို တိုက်ရိုက်ရောက်ရှိမှာ ဖြစ်ပါတယ်။

သုံးစွဲသူတွေဟာ ဘယ်အဖွဲ့အစည်းတွေကို လှူဒါန်းနိုင်မလဲ။

အစပိုင်းတွင် လိုတရ စေတနာကမ်းလှမ်းလက်များပလက်ဖောင်းမှာ ကနဦးပါ၀င်တဲ့ အဖွဲ့အစည်း ၁၀ ခု ရှိပါတယ်။ အဲ့ဒါတွေက ဖောင်တော်ဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ နာရေးကူညီမှုအသင်း (ရန်ကုန်)၊ ရွှေပါရမီကျန်းမာရေးဖောင်ဒေးရှင်း၊ ဆည်းဆာရိပ် ဂီလာနဘိုးဘွားများရိပ်သာ၊ ပြည်ကြီးခင်အမျိုးသမီးများ အဖွဲ့အစည်း၊ ရွှေမင်းသားဖောင်ဒေးရှင်း၊ လမ်းသစ်ဖောင်ဒေးရှင်း၊ သဘာဝတရားရိပ်သာ (သန်လျင်)၊ လူမှုအဖွဲ့အစည်းတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး လေပြည်များ (ဂျပန်) အဖွဲ့အစည်းတို့ ဖြစ်ပါတယ်။

သုံးစွဲသူတွေက စေတနာကမ်းလှမ်းလက်များပလက်ဖောင်းအတွက် ထပ်မံအဆိုပြုချင်တဲ့အစီအစဉ်တွေရှိရင် ဘယ်လို ပြုလုပ်နိုင်မလဲ။

လိုတရ စေတနာကမ်းလှမ်းလက်များအကြောင်း ပိုမိုသိရှိလို၍ဖြစ်စေ အစီအစဉ်များအဆိုပြုလို၍ဖြစ်စေ www.mpt.com.mm သို့မဟုတ် www.facebook.com/mptofficialpage မှာ ၀င်ရောက်လေ့လာပြီး MPT ကို ဆက်သွယ်နိုင်ပါတယ်။

တစ်ခါလှူရင် လှူဒါန်းနိုင်တဲ့ အများဆုံးနဲ့အနည်းဆုံးငွေပမာဏကို ပြောပြပေးပါ။

လှူဒါန်းနိုင်တဲ့ပမာဏကတော့ ၁၀၀ ကျပ်ကနေ ၁၀၀၀ ကျပ်အထိဖြစ်ပါတယ်။ အသေးစိတ်ကတော့ ၁၀၀ ကျပ် ၂၀၀ ကျပ်၊ ၅၀၀ ကျပ်၊ ၁၀၀၀ ကျပ်ဆိုပြီး မိမိနှစ်သက်တဲ့အစီအစဉ်ကိုရွေးချယ်ပြီးလှူဒါန်းနိုင်တာဖြစ်ပါတယ်။

လှူဒါန်းရေးဝက်ဘ်ဆိုဒ်က လုံခြုံမှုရောရှိပါသလား။

ဟုတ်ကဲ့ ရှိပါတယ်။ လိုတရ စေတနာကမ်းလှမ်းလက်များဟာ စိတ်ချယုံကြည်ရပြီးတော့ ဆောင်ရွက်ရလွယ်ကူ တဲ့ လှူဒါန်းရေးပလက်ဖောင်းတစ်ခုပဲ ဖြစ်ပါတယ်။ လှူဒါန်းမှုလုပ်ဆောင်တာနဲ့  ပတ်သက်ပြီး အဆင့်ဆင့်ကို  သင့်မိုဘိုင်းဖုန်းဆီကို တိုက်ရိုက်စာတိုပေးပို့ပြီး အတည်ပြုခိုင်းပါတယ်။

လိုတရ စေတနာကမ်းလှမ်းလက်များအတွက် အစီအစဉ်တွေ အဖွဲ့အစည်းတွေရွေးချယ်တဲ့အခါမှာ ဘယ်လို အချက်တွေကို ကြည့်ပြီးရွေးချယ်ပါသလဲ။

အဆိုပြုလာတဲ့အစီအစဉ်တွေကို MPT ရဲ့ Corporate Communications Team က လိုတရ စေတနာကမ်းလှမ်းလက်များအတွက် အတည်မပြုခင်မှာ အဲ့အစီအစဉ်တွေရဲ့ နောက်ခံရာဇဝင်နဲ့ သူတို့ပြတဲ့ အချက်အလက်တွေကို နှံ့နှံ့စပ်စပ် စစ်ဆေးပါတယ်။ လိုအပ်တဲ့အချက်အလက်တွေထဲက ပါဝင်တဲ့ အဓိက အချက်တွေကတော့ အဖွဲ့အစည်းဖြစ်ကြောင်း မှတ်ပုံတင်၊  ယခင်ဆောင်ရွက်ခဲ့သည့် လုပ်န်းများ၊ အဆိုုပြုသည့် အစီအစဉ်အကြောင်း အသေးစိတ် အချက်များစသည်ဖြင့် ရယူပြီး လိုအပ်ချက်အလိုက် အများကို ကောင်းကျိုးဖြစ်စေမယ့် အသင့်တော်ဆုံးအဖွဲ့များကို ရွေးချယ်တာဖြစ်ပါတယ်။

MPT က လှူဒါန်းငွေထဲကနေ တချို့တဝက်ရတာမျိုးရှိပါသလား။

လုံးဝမရှိပါဘူး။ လိုတရ စေတနာကမ်းလှမ်းလက်များပေါ်ကနေ သုံးစွဲသူတွေလှူဒါန်းသမျှအားလုံးဟာ သူတို့ရွေးချယ်ထားတဲ့အစီအစဉ်တွေဆီကို အပြည့်အဝ တိုက်ရိုက်ရောက်ရှိတာ ဖြစ်ပါတယ်။ MPT က လှူဒါန်းငွေတွေထဲကနေ တစ်ပြားတစ်ချပ်မှ မရရှိပါဘူး။ ၀န်ဆောင်ခအနေနဲ့လည်း ရယူခြင်းမျိုးလည်း မရှိပါဘူး။

MPT ကရော လိုတရ စေတနာကမ်းလှမ်းလက်များပေါ်က အစီအစဉ်တွေအတွက် ကိုယ်ပိုင်ရန်ပုံငွေနဲ့ သီးသန့်လှူဒါန်းသွားဖို့ရှိပါသလား။

MPT က နိုင်ငံရဲ့ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်တာနဲ့အညီ စွမ်းဆောင်နိုင်တဲ့အထဲကနေ အလိုအပ်ဆုံးလို့ဆိုရမယ့် ဒီလိုထူးခြားတဲ့ လှူဒါန်းရေးအစီအစဉ်တစ်ခုဖြစ်တဲ့ လိုတရ စေတနာကမ်းလှမ်းလက်များ ကို ထူထောင်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ တာဝန်သိလုပ်ငန်း တစ်ခုဖြစ်တာကြောင့် MPT ဟာ သူ့ရဲ့လူထုအကျိုးပြု ဆောင်ရွက်ချက်တွေကို ပြန်လည်သုံးသပ်ဆောင်ရွက်မှာဖြစ်ပြီး အခြေအနေ အချိန်အခါကိုက်ညီမှုရှိရင် MPT က သင့်တော်သလို ထောက်ပံ့ကူညီသွားမှာပါ။

လိုတရ စေတနာကမ်းလှမ်းလက်များ ၀က်ဘ်ဆိုဒ်ပေါ်က အစီအစဉ်အသီးသီးအတွက် အလှူငွေပမာဏ ဘယ်လောက်လောက် ရလိမ့်မယ်လို့ MPT က မှန်ထားပါလဲ။

MPT သုံးစွဲသူတွေဟာ အလှူအတန်းရက်ရောတယ်ဆိုတာ ဟိုးအရင်နံပါတ်အလှလေလံပွဲနဲ့  အခြာသော လှုပ်ရှားမှု အစီအစဉ်တွေထဲက သက်သေပြပြီး ဖြစ်ပါတယ်။ အလှူငွေပမာဏဘယ်ရွေ့ဘယ်မျှ ရလိမ့်မယ်ဆိုတာကို အတိအကျမပြောနိုင်ပေမဲ့ ဒီလို သုံးစွဲသူတွေအတွက် လှူဒါန်းလို့လွယ်ကူတဲ့ လိုတရ စေတနာကမ်းလှမ်းလက်များကနေ အစီအစဉ်တစ်ခုချင်းစီအတွ အများကြီးအထောက်အကူဖြစ်လိမ့်မယ်လို့  မျှော်လင့်ပါတယ်။

လက်ရှိ ရွေးချယ်ခံထားရတဲ့ NGO အဖွဲ့အစည်းတွေရဲ့ စီမံချက်ကာလကဘယ်လောက်ရှိပါသလဲ။

အဖွဲ့တစ်ခုနဲ့တစ်ခုတော့ တူညီတဲ့ အခြေအနေမှာမရှိပါဘူး။ ကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းအလိုက် အစီအစဉ်ပေါ်မူတည်ပြီး သုံးလကနေ ခြောက်လအထိလှူဒါန်းမှုတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

နောင်အနာဂတ်မှာရော NGO အသစ်အသစ်တွေကိုထပ်ပြီးရွေးချယ်သွားမှာလား။

ဟုတ်ပါတယ် ကျွန်တော်တို့ဒီ အလှူအတမ်း ဝက်ဘ်ဆိုက်စာမျက်နှာရဲ့ သဘောတရားက အသစ်အသစ်သော စီမံချက်တွေကို မိတ်ဆက်သွားဖို့ဖြစ်ပါတယ်။ လက်ရှိ စီမံချက်တွေပြီးစီးတဲ့အချိန်မှာ ဒီလိုပဲ အသစ်အသစ်တွေကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။