×

MPT ၏ ‘လိုတရ’ Web Portal ဝန်ဆောင်မှုကို သုံးစွဲသူများ ပိုမိုအကျိုးရှိစေမည့် အစီအစဉ်များထပ်မံဖြည့်စွက်

30 May 2016

(ရန်ကုန်၊ မြန်မာ၊ ၂၀၁၆ မေ ၃၀) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် လူသိများပြီးဖြစ်သော လိုတရ web portal ဝန်ဆောင်မှုတွင် ဆုလက်ဆောင်များရရှိနိုင်မည့် အစီအစဉ်များကို မိတ်ဆက်မည်ဖြစ်ကြောင်း ယနေ့တွင်ကြေညာလိုက်သည်။ ထပ်မံဖြည့်စွက်လိုက်သည့် ကူပွန်များ၊ ကံစမ်းမဲအစီအစဉ်များဖြင့် လိုတရ portal သုံးစွဲသူများသည် သက်သာသော စျေးနှုန်းများရရှိခြင်းနှင့် အခမဲ့ဆုလက်ဆောင်များအပါအဝင် ကြိုတင်ငွေဖြည့်ကတ်များကိုပါ ဇွန်လ ၁ရက်နေ့မှ စတင်ပြီး ရရှိကံစမ်းနိုင်မည် ဖြစ်သည်။

၂၀၁၆ မတ်လက မိတ်ဆက်ခဲ့သည့် လိုတရ web portal သည် သုံးစွဲသူများလိုအပ်သည့် အချက်အလက်များအားလုံး တစ်နေရာတည်းတွင် ရရှိနိုင်ရန် ပြင်ဆင်ထားသည့် မြန်မာနိုင်ငံ၏ ပထမဆုံးသော web portal လည်းဖြစ်သည်။ MPT ၏ လိုတရ web portal သုံးစွဲသူများသည် မြန်မာနိုင်ငံနှင့် ကမ္ဘာအရပ်ရပ်မှ သတင်းများအပါအဝင် မိုးလေဝသသတင်း၊ နိုင်ငံတကာငွေလဲလှယ်နှုန်း၊ MPT ၏ ထပ်ဆောင်းဝန်ဆောင်မှုများကို လေ့လာဖတ်ရူ့နိုင်သော အထူးဝန်ဆောင်မှုပေးထားသည့် web portal တစ်ခုဖြစ်သည်။ MPT သုံးစွဲသူများမှာ ယခုထပ်မံဖြည့်စွက်လိုက်သည့် လိုတရ ကူပွန်နှင့် ကံစမ်းမဲအစီအစဉ်တွင် ပါဝင်သည့် စျေးဆိုင်များ၊ စားသောက်ဆိုင်များတွင် ရရှိထားသော ကူပွန်များဖြင့် သွားရောက် စားသောက်နိုင်မည့် အခွင့်အရေးများနှင့် ကြိုတင်ငွေဖြည့်ကတ်များကို ကံထူးနိုင်မည့် အခွင့်အရေးများ ရရှိမည်ဖြစ်သည်။

လိုတရစာမျက်နှာတွင် ပါဝင်၍ ကူပွန်များ ပံ့ပိုးပေးမည့် စားသောက်ဆိုင်၊ စတိုးဆိုင်များတွင် YKKO, KFC, Fresh Thai, Potato Break, Hot Pot City, Manhattan, Pezzo, Gong Cha, Golden Park, First Thai Spa နှင့် KMD တို့ပါဝင်မည်ဖြစ်ပြီး အသုံးပြုသူများမှ အဆိုပါဆိုင်များမှ မိမိနှစ်သက်ရာ ကူပွန်များကို ရွေးချယ်၍ ပါဝင်ဆင်နွဲနိုင်မည်ဖြစ်သည်။

ကူပွန်များကိုနောင်လိုအပ်သည့်အချိန်တွင် အသုံးပြုနိုင်ရန် “issue” ကို ရွေးချယ်ပြီးမှတ်သား သိမ်းဆည်းရမည် ဖြစ်သည်။ အသုံးပြုသူများမှ “My coupon list” ကို မှတ်သားမသိမ်းဆည်းမီ “customer info” ကို ပြည့်စုံစွာ ဖြည့်စွက်ရမည်ဖြစ်သည်။ ဆိုင်သို့ ရောက်ရှိသွားချိန်တွင် အသုံးပြုသူများသည် “My Coupon” ကို အလွယ်တကူ ဖွင့်နိုင်ပြီး ၄င်းတို့သိမ်းဆည်းထားသည့် ကူပွန်ကို ရွေးချယ်ရမည်။ သို့သော် “USE” ခလုပ်ကို မနှိပ်မိရန်မှာ အရေးကြီးသည်။ အဘယ့်ကြောင့်ဆိုသော် ယင်းခလုပ်မှာ သက်ဆိုင်ရာ ရောင်းချသူ နှိပ်ရန်အတွက်သာဖြစ်သည်။ ယင်းလုပ်ငန်းစဉ် ဆောင်ရွက်မှုပြီးစီးပါက လိုတရ အသုံးပြုသူများအနေဖြင့် ၄င်းတို့၏ အခမဲ့လက်ဆောင် သို့မဟုတ် သက်သာခွင့်ကို ရရှိမည်ဖြစ်ပြီး ကူပွန်တစ်ခုကို ပရိုမိုးရှင်းအစီအစဉ် တစ်ခုအတွက် တစ်ကြိမ်သာလျှင် အသုံးပြုနိုင်မည်ဖြစ်သည်။

ကံစမ်းမဲအစီအစဉ်ကိုမူ ကံစမ်းမဲ ရွေးချယ်သည့်စက်ဖြင့် ရွေးချယ်သွားမည်ဖြစ်သည်။ MPT အသုံးပြုသူအားလုံးသည် (စီဒီအမ်အေ အသုံးပြုသူများမှ လွှဲ၍) ကံစမ်းနိုင်သည့် အခွင့်အရေးကိုရရှိမည်ဖြစ်သည်။ ကံစမ်းမဲ စက်ထဲမှ အမှတ်တံဆိပ်များတစ်ခုနှင့်တစ်ခုတူညီသွားပါက အပိုထပ်ဆောင်း ငွေဖြည့်ကတ်ဆုများကို ရရှိမည်ဖြစ်သည်။ MPT မှ ကံထူးရှင် ၃ဝဦးကို ရွေးချယ်သွားမည်ဖြစ်ပြီး တစ်ထောင်တန် ငွေဖြည့်ကတ်များကို အသုံးပြုသူများ အား ၁ဝဆတိုးပြီး ကံစမ်းပေးသွားမည်ဖြစ်သည်။ ထို့ကြောင့် ပထမအပတ် (ဇွန် ၁-ရရက်ကြား)တွင် ကံထူးရှင် ၃ဝဝကို ရွေးချယ်၍ ဆုများပေးအပ်သွားမည် ဖြစ်သည်။ ထိုကံစမ်းမဲအစီအစဉ်တွင် ပါဝင်နိုင်ရန် အသုံးပြုသူများမှ လိုတရ ကံစမ်းမဲအစီအစဉ်ရှိ “start” ခလုတ်ကို နှိပ်ထားရန်လိုအပ်သည်။ ပထမအကြိမ် ကံထူးရှင်စာရင်းတွင် မပါဝင်ပါက စိတ်ပျက်စရာမလိုပဲ နောက်ထပ် မိနစ် ၃ဝအကြာတွင် ထပ်မံကံစမ်းခွင့်ရှိသည်။ ထို့အပြင် ကံထူးရှင်များ၏ ဆုကြေးများကို သူတို့၏ အပိုထပ်ဆောင်းငွေပမာဏအဖြစ် ၁၄ရက်အတွင်း လွှဲပြောင်းပေးမည်ဖြစ်သည်။ ကံစမ်းမဲပေါက်သူများအနေဖြင့် နောက်တစ်ကြိမ်ထပ်မံ ကံစမ်းလိုပါ ကလည်း နောက်တစ်ရက်တွင် ထပ်မံကံစမ်းနိုင်မည်ဖြစ်သည်။

MPT အနေဖြင့် လိုတရ web portal အသုံးပြုသူများအတွက် ကူပွန်နှင့် ကံစမ်းမဲများသာမက အသုံးပြုသူများ အလွယ်တကူ ရှာဖွေမှုများပြုလုပ်နိုင်ရန် search box ကိုပါ အဆင့်မြင့်ပေးခဲ့ပါသည်။ ယခင်က search box တွင် စာလုံးတစ်လုံးရှာဖွေပါက Google မှ ရှာဖွေရလာသော အဖြေသာရရှိခဲ့ပါသည်။ ယခု လိုတရ ဒုတိယပိုင်းတွင် ထပ်ဆောင်းဝန်ဆောင်မှုများ (Infotainment)၊ ခေါ်သူနားဆင်တေးသံစဉ် (CRBT) ဝန်ဆောင်မှုများ နှင့် ပတ်သက်သော အဖြေများကိုပါ search box တွင် ရှာဖွေနိုင်မည်ဖြစ်ပါသည်။

“လိုတရ web portal ဝန်ဆောင်မှုရဲ့ ဒုတိယအပိုင်းကို မိတ်ဆက်ပေးဖို့က MPT ရဲ့ ဦးစားပေးကိစ္စလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ကို အားပေးနေသူတွေအတွက် ၂၄နာရီစလုံး သတင်းအချက်အလက်တွေ ပံ့ပိုးခြင်းတွေကို ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကိုဝယ်ယူအသုံးပြုသူတွေ ငွေကုန်ကြေးကျသက်သာစွာနဲ့ ဝန်ဆောင်မှုတွေအားလုံကိုအသုံးပြု နိုင်အောင် ချိန်ညှိလုပ်ဆောင််ထားပါတယ် ” ဟု MPT-KSGM Joint Operations ၏ CCO ဖြစ်သူ မစ္စတာ Koichi Kawase ကပြောသည်။