×

MPT ၏ သောကြာနေ့တိုင်း ဖုန်းငွေဖြည့် အပိုလက်ဆောင် Happy Friday အစီအစဉ်အသစ်ဖြင့် ပိုမိုပျော်ရွှင်သည့်အားလပ်ရက်ကိုပိုင်ဆိုင်နိုင်မည်

24 Aug 2017

(ရန်ကုန်၊ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၄ ရက်) – MPT ၏ ပြန်လည်ဆန်းသစ်ထားသည့် Happy Friday အစီအစဉ်သစ်ဖြင့် သောကြာနေ့တိုင်း မိုဘိုင်းလ်ဖုန်း ငွေဖြည့်သူများအတွက် ငွေဖြည့်လက်ဆောင်အစီအစဉ်ကို မိတ်ဆက်လိုက်ပြီဖြစ်သည်။ ယခုအစီအစဉ်အရ သုံးစွဲသူများအနေဖြင့် မြန်မာနိုင်ငံ၏ အမြန်ဆုံးကွန်ရက်ပေါ်တွင် ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းနှင့် အင်တာနက် အသုံးပြုခြင်းများကိုပါ ပြုလုပ်နိုင်မည့် ငွေဖြည့်အပို လက်ဆောင်ကို ရရှိအသုံးပြုနိုင်ပြီဖြစ်ပါသည်။ ယခုအစီအစဉ်သစ် Happy Friday ဖြင့် MPT သုံးစွဲသူများ အနေဖြင့် စနေ၊ တနင်္ဂနွေ အားလပ်ရက်များအတွင်း မိမိတို့၏ မိိသားစုများ၊ မိတ်ဆွေများနှင့် ပိုမိုဆက်သွယ် နိုင်တော့မည် ဖြစ်ပါသည်။

ပြင်ဆင်သတ်မှတ်လိုက်သည့် MPT ၏ သောကြာနေ့ ငွေဖြည့် အပိုလက်ဆောင်အစီအစဉ်တွင် အနည်းဆုံးအဖြစ် ငွေတစ်ထောင်ကျပ်ကို ခဲခြစ်ငွေဖြည့်သွင်းလိုက်ရုံဖြင့် ရရှိလာသည့် အပိုလက်ဆောင်ကို အင်တာနက်သာမက MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း စသည်များတွင်လည်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် သုံးစွဲသူများအနေဖြင့် နောက်ထပ်ငွေဖြည့်သွင်းသည့် ပုံစံတစ်မျိုးဖြစ်သည့် e-Top Up ဖြင့် အဆင်ပြေစွာ ငွေဖြည့်သွင်းပါကလည်း ငွေဖြည့်အပိုလက်ဆောင်ပမာဏ (၅၀)ကျပ်မှ (၄,၀၀၀)ကျပ်အထိ ရရှိမည်ဖြစ်ပါသည်။

ယခု Happy Friday ငွေဖြည့်အပိုလက်ဆောင်အစီအစဉ်သစ်ကို MPT ၏ ရှယ်ပြော၊ ဆွေသဟာ နှင့် ရိုးရိုး Base Tariff ရယူထားသည့် ကြိုတင်ငွေပေးချေမှုနည်းလမ်းဖြင့် သုံးစွဲနေသော GSM/ WCDMA မိုဘိုင်းလ်ဖုန်း အသုံးပြုနေသူများက အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ရရှိလာသည့် ငွေဖြည့်အပိုလက်ဆောင် ပမာဏကို စစ်ဆေးလိုပါက 1331 သို့ BAL ဟုစာတိုပေးပို့ခြင်း (သို့မဟုတ်) *224# သို့ ဖုန်းခေါ်ဆို ခြင်းတို့ဖြင့် ပြုလုပ်နိုင်မည် ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ကျွန်တော်တို့ရဲ့ MPTကွန်ရက်ကို အသုံးပြုသူတွေအနေနဲ့ ရက်သတ္တပတ်ကုန် အားလပ်ရက်တွေမှာ သူတို့အတွက် နှစ်လိုဖွယ်ကောင်းတဲ့ လက်ဆောင်တစ်ခုခုသာ ရရှိခဲ့မယ်ဆိုရင် ကျေနပ်ပီတိ ဖြစ်သွားလိမ့်မယ်ဆိုတာ ကို ကျွန်တော်တို့ အကောင်းဆုံးနားလည်သိရှိထားပါတယ်။ ဒီအတွက် MPT က အခုလို အပိုလက်ဆောင် အစီအစဉ်သစ်ကို ဆောင်ရွက်ခဲ့တာဖြစ်ပြီး အရင်က အင်တာနက်ဒေတာ တစ်ခုသာ အခမဲ့ အသုံးပြုနိုင်တာကနေ အခုဆိုရင် MPT အချင်းချင်း ဖုန်းခေါ်ဆိုတာနဲ့ SMS တွေ ပေးပို့နိုင်အောင် ဆောင်ရွက်ပေးလိုက်တာ ဖြစ်ပါတယ်။ မြန်မာနို်င်ငံရဲ့အဆင့်မြင့် LTE+ ကွန်ရက်နဲ့ မြန်နှုန်းမြင့်ဝန်ဆောင်မှုတွေနဲ့အတူ MPT သုံးစွဲသူတွေအနေနဲ့ အားလပ်ရက်၊ ပိတ်ရက်တွေမှာ မိသားစုဝင်တွေနဲ့ ချစ်ခင်ရသူတွေအကြား ပိုပိုပြီး အဆက်အသွယ်မပြတ်ဘဲ နီးနီးကပ်ကပ်ရှိစေနိုင်မှာဖြစ်ပါတယ်။” ဟု ပြောကြားသည်။

သောကြာနေ့တိုင်း ငွေဖြည့်အပိုလက်ဆောင် Happy Friday Bonus အစီအစဉ် တွင် ရရှိမည့် အပိုလက်ဆောင်၏ သက်တမ်းမှာ ငွေဖြည့်လက်ဆောင်ရရှိသည့် သောကြာနေ့နှင့် ကပ်လျက်ရှိသော တနင်္ဂနွေနေ့ည သန်းခေါင်ယံ အချိန် ၂၃: ၅၉ :၅၉ နာရီအထိ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

သောကြာနေ့တိုင်း ငွေဖြည့်အပိုလက်ဆောင်အစီအစဉ်သစ် ခံစားခွင့်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

သောကြာနေ့ငွေဖြည့် အပို လက်ဆောင် (Happy Friday) အစီအစဉ်သစ်

ဖုန်းငွေဖြည့်သည့် ပမာဏ
(ကျပ်)
သြဂုတ်လ(၂၅)ရက်မှစတင်သည်
ငွေဖြည့်ကတ်ပမာဏ(မြန်မာကျပ်) အပိုလက်ဆောင်
ခဲခြစ်ငွေဖြည့်ကတ် e-Top Up
၅၀၀ ၅၀
၁၀၀၀ ၁၀၀ ၁၅၀
၃၀၀၀ ၄၅၀ ၇၅၀
၅၀၀၀ ၁၀၀၀ ၁၇၅၀
၁၀၀၀၀ တိုင်းအတွက် ၂၅၀၀ ၄၀၀၀

*ငွေဖြည့်အပိုလက်ဆောင်မှာ တနင်္ဂနွေနေ့ည သန်းခေါင်းယံအချိန်ထိသာ အကျုံးဝင်ပါသည်။*