×

MPT ၏ အကြီးမားဆုံး နှင့် ကဏ္ဍအစုံအမျိုးစားအစုံပါဝင်သည့် MPT Books ဝန်ဆောင်မှုတွင် စာအုပ် နှင့် မဂ္ဂ္ဂဇင်းများကို အကန့်အသတ်မရှိ ဖတ်ရှုနိုင်မည့် “Book Pack” ဝန်ဆောင်မှုကို မိတ်ဆက်

09 Aug 2019

(ရန်ကုန် – ၂၀၁၉ ခုနှစ် သြဂုတ်လ ၉ ရက်) မြန်မာနိုင်ငံမှ စာဖတ်ဝါသနာအိုးများအတွက် MPT Books တွင် ဒီဂျစ်တယ် စာအုပ်များ၊ မဂ္ဂ္ဂဇင်း/ဂျာနယ်များကို လွယ်ကူစွာ ဖတ်ရှုနိုင်ရန် စုစည်းထားရုံသာမက မိမိတို့ မိုဘိုင်းလ်ဖုန်းများမှ တစ်ဆင့် မိမိတို့ နှစ်သက်ရာ စာရေးဆရာ၊ ဆရာမများ ၏ စာအုပ်များနှင့် နောက်ဆုံးထွက် မဂ္ဂဇင်းများကို ပိုမိုအဆင်ပြေချောမွေ့စွာဖြင့် ဖတ်ရှုနိုင်မည့် “Book Pack” ဝန်ဆောင်မှု အသစ်ကို ထပ်မံထည့်သွင်းလိုက်ပြီ ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန် ကြေညာလိုက်သည်။
“Book Pack” ဝန်ဆောင်မှုကို MPT သုံးစွဲသူတိုင်းအသုံးပြုနိုင်မည်ဖြစ်ပြီး စာဖတ်ဝါသနာအိုးများအနေဖြင့် အမျိုးအစားစုံလင်လှသည့် ဒီဂျစ်တယ်စာအုပ် နှင့် မဂ္ဂဇင်းပေါင်း ၁,၀၀၀ ခန့်ကို အသက်သာ ဆုံးနှုန်းထားများ ဖြစ်သည့် တစ်ရက်လျှင် ၉၉ ကျပ်၊ တစ်လလျှင် ၁,၉၉၉ ကျပ်ဖြင့် စာရင်းသွင်း ရယူ အသုံးပြုနိုင်ပြီဖြစ်သည်။ ထို့အပြင် Book Pack တွင် ဝတ္ထုတိုများ၊ ကာတွန်းများ နှင့် မဂ္ဂဇင်းများကို ဖတ်ရှုနိုင်မည် ဖြစ်သည့်အပြင် ယခင်လက ထွက်ရှိခဲ့သည့် မဂ္ဂဇင်းများကိုလည်း ပြန်လည် ဖတ်ရှုနိုင်မည် ဖြစ်သည်။
စာဖတ်ဝါသနာအိုးများအနေဖြင့် နာမည်ကျော် စာရေးဆရာများ ဖြစ်ကြသည့် ချစ်ဦးညို၊ မသီတာ (စမ်းချောင်း)၊ ဦးနု၊ ဆွေမင်း(ဓနုဖြူ)၊ မင်းသိင်္ခ၊ မင်းမြတ်သူရ၊ ဟိန်းလတ် နှင့် အခြားစာရေးဆရာ၊ ဆရာမများ၏ စာအုပ်များကို ဖတ်ရှုနိုင်မည် ဖြစ်သည်။
ကာတွန်းကဏ္ဍတွင် ပုတက်ကာတွန်းမှ နာမည်ကျော်ကြားသည့် ကာတွန်းစာစောင်များကိုလည်း ဖတ်ရှုနိုင်မည် ဖြစ်သည်။
မဂ္ဂဇင်း ကဏ္ဍတွင် ဖက်ရှင်နှင့် နေထိုင်မှုပုံစံ၊ လျှို့ဝှက်ဆန်းကြယ် နှင့် သည်းထိတ်ရင်ဖို၊ ဖျော်ဖြေရေးနှင့် ကဏ္ဍမျိုးစုံပါဝင်သည့် မဂ္ဂဇင်းပေါင်းများစွာ ပါဝင်ပြီး စာဖတ်ဝါသနာအိုးများအနေဖြင့် လတ်တလောထွက်ရှိ ထား သည့် မဂ္ဂဇင်းများအပြင် ယခင်ထွက်ရှိထားသည့် မဂ္ဂဇင်းများ၊ စာအုပ်များကိုလည်း ဖတ်ရှုနိုင်မည်ဖြစ်သည်။
အကောင့်တစ်ခုဖြင့် စာရင်းပေးသွင်းရယူထားသူများအနေဖြင့် ဝန်ဆောင်မှုကို မတူညီသည့် နေရာ ၅ ခုမှ (မိုဘိုင်းလ်ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ အစရှိသည်တို့ပေါ်မှ) တစ်ပြိုင်နက်တည်းအသုံးပြု၍ ဝင်ရောက်ဖတ်ရှုနိုင်ပြီး iOS များ သို့မဟုတ် အန်းဒရွိုက်ဖုန်းများ သို့မဟုတ် web browser များမှတစ်ဆင့် အသုံးပြုနိုင်မည် ဖြစ်သည်။ ဒေါင်းလုတ်ပြုလုပ်ပြီး စာအုပ်များကို အွန်လိုင်းဖြင့်ဖြစ်စေ အွန်လိုင်းအသုံး မပြုဘဲ ဖြစ်စေ ဖတ်ရှုနိုင်မည် ဖြစ်သည်။
MPT Books တွင် အားကစား၊ ဖက်ရှင်၊ နေထိုင်မှုပုံစံ နှင့် ဖျော်ဖြေရေး ဂျာနယ်များပါဝင်သည့် ဂျာနယ် ၂၅ စောင် ပါဝင်မည် ဖြစ်သည်။ ဝန်ဆောင်မှုကို ရယူထားသော စာဖတ်ဝါသနာအိုးများအနေဖြင့် ၎င်းဝန်ဆောင်မှုကို သက်သာသောနှုန်းထားဖြစ်သည့် တစ်ရက်လျှင် ၉၉ ကျပ်၊ တစ်လလျှင် ၁, ၉၉၉ ကျပ်ဖြင့် ဖတ်ရှုနိုင်မည် ဖြစ်သည်။
ဝန်ဆောင်မှုကို ရယူထားသော စာဖတ်ဝါသနာအိုးများအနေဖြင့် MPT Books တွင်ပါရှိသည့် စာအုပ်များ၊ မဂ္ဂဇင်းများ၊ ဂျာနယ်များကို သက်သာသောနှုန်းထားဖြစ်သည့် တစ်အုပ်လျှင် ၁၀၀ ကျပ်မှ စတင်၍ ငှားရမ်းနိုင်ပြီး တစ်အုပ်လျှင် ၃၀၀ ကျပ်မှ စတင်၍ ဝယ်ယူနိုင်မည် ဖြစ်သည်။
“Book Pack” ဝန်ဆောင်မှုကို ရယူရန် နေ့စဉ်စာရင်းသွင်းဝန်ဆောင်မှုအတွက် 7272 သို့ ‘SUB’ ဟု SMS (စာတို) ပေးပို့၍ ရယူနိုင်ပြီး လစဉ်စာရင်းသွင်းဝန်ဆောင်မှုအတွက် 7272 သို့ ‘SUB MM’ ဟု SMS (စာတို) ပေးပို့၍ ရယူနိုင်မည် ဖြစ်သည်။ “Journal Pack” ဝန်ဆောင်မှုကို ရယူရန် နေ့စဉ်စာရင်းသွင်း ဝန်ဆောင်မှုအတွက် 7272 သို့ ‘ON’ ဟု SMS (စာတို) ပေးပို့ ၍ရယူနိုင်ပြီး လစဉ်စာရင်းသွင်းဝန်ဆောင်မှုအတွက် 7272 သို့ ‘SUB JM’ ဟု SMS (စာတို) ပေးပို့၍ ရယူနိုင်မည် ဖြစ်သည်။
*7272# သို့ခေါ်ဆို၍ ဒေါင်းလုတ်လင့်ခ်မှတစ်ဆင့် “MPT Books” အက်ပလီကေးရှင်းကို ရယူနိုင်မည် ဖြစ်သည်။
MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှလည်း “MPT အနေနဲ့ အခြေခံအဆောက်အအုံပိုင်း ဖွံ့ဖြိုးတိုးတက်ရေးကိုပဲ အာရုံစိုက်လုပ်ဆောင်နေတာ မဟုတ်ပါဘူး။ မြန်မာပြည်သူတွေရဲ့ဘဝမှာ အသိပညာပိုင်း၊ ယဉ်ကျေးမှုအပိုင်း၊ စီးပွားရေးအပိုင်းစတဲ့ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက်ပါ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ MPT Books ဝန်ဆောင်မှုဟာဆိုရင်လည်း စာဖတ်ဝါသနာအိုးတွေအတွက် အသက်အရွယ်မရွေး၊ မိမိနှစ်သက်ရာ စာပေတွေကို ဖတ်ရှုနိုင်မယ်၊ စီးပွားရေးဆိုင်ရာ အတတ်ပညာနဲ့ ကျွမ်းကျင်မှုတွေကို လေ့လာနိုင်မယ်၊ မိမိရဲ့ အသိပညာဗဟုသုတတွေကို တိုးတက်အောင် လုပ်နိုင်မယ်ဆိုတဲ့ အခွင့်အလမ်းကို ပေးအပ်ထားတာ ဖြစ်ပါတယ်။ ဘယ်အသက်အရွယ်ပဲ ဖြစ်ဖြစ်၊ အသိပညာဗဟုသုတတွေကို MPT ရဲ့ နည်းပညာကို အသုံးပြုပြီး ရှာဖွေနိုင်တော့မှာပါ။ ဒီဝန်ဆောင်မှု ကနေတစ်ဆင့် ရရှိလာမယ့် အကျိုးကျေးဇူးအသီးအပွင့်တွေကို မြန်မာပြည်သူ ပြည်သားတွေ ပိုပိုရလာပြီး၊ မြန်မာနိုင်ငံကိုရှေ့သို့တက်လှမ်းနိုင်အောင် ဆောင်ရွက်ရာမှာ အတူတကွ ပါဝင်ဆောင်ရွက်နိုင်လာကြ လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု ပြောကြားခဲ့သည်။
MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအတွက် ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ဖုန်းခေါ်ဆို၍သော်လည်ကောင်း၊ MPT ၏ တရားဝင် facebook ဖြစ်သည့် https://www.facebook.com/mptofficialpage/ ၊ MPT ၏ တရားဝင် ဝက်ဘ်ဆိုက် ဖြစ်သည့် www.mpt.com.mm ၊ MPT Books ၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သည့် www.books.mpt.com.mm သို့လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။