
MPT ၏ FTTH နှင့် ADSL အသုံးပြုသူများအတွက် မှတ်ပုံတင်ထားသည့် MPT မိုဘိုင်းလ်ဆင်းမ်များအပေါ် ထပ်ဆောင်းအကျိုးမြတ်များ ခံစားနိုင်မည့် အစီအစဉ်ကို မိတ်ဆက်
01 Feb 2019(ရန်ကုန်၊ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က ADSL နှင့် FTTH ဖိုက်ဘာအင်တာနက်ဝန်ဆောင်မှု အသုံးပြုသူများအတွက် ၎င်းတို့၏ MPT မိုဘိုင်းလ်ဆင်းမ်များ အပေါ်ထပ်ဆောင်းဒေတာများသာမက MPT အချင်းချင်းဖုန်းခေါ်ဆိုခွင့်နှင့် စာတိုပေးပို့ခွင့် အစရှိသည့် ပူးတွဲ ဝန်ဆောင်မှုအစီအစဉ်ကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့မှ စတင်၍ ရယူနိုင်တော့မည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ကြေညာလိုက်သည်။ ယခုဝန်ဆောင်မှုမှာ MPT ၏ fixed အင်တာနက်သုံးစွဲသူများအတွက် တစ်နိုင်ငံလုံးဖြန့်ကျက်ထားနိုင်သည့် မြန်နှုန်းမြင့် 3G/LTE+ ကွန်ရက်သုံး ၎င်းတို့၏ MPT မိုဘိုင်းလ်ဖုန်းများအတွက်ပါ ထပ်ဆောင်း အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်သည်။
အသုံးပြုနေသော fixed အင်တာနက်အမျိုးအစားအလိုက် အများဆုံးအနေဖြင့် ဒေတာ 3GB၊ ဖုန်းခေါ်ဆိုရန် မိနစ် ၂၀၀ နှင့် အကန့်အသတ်မရှိ စာတိုပေးပို့ခွင့်များကို လစဉ်အကျိုးအမြတ်အဖြစ်ခံစားနိုင်မည်ဖြစ်သည်။ အသုံးပြုနေသော အင်တာနက်လိုင်းအလိုက် ရရှိမည့်ထပ်ဆောင်းဝန်ဆောင်မှုများကို အောက်ဖော်ပြပါ ဇယားတွင်ကြည့်ရှုနိုင်ပါသည်။
FTTH သုံးစွဲသူများရရှိနိုင်မည့် ပူးတွဲထပ်ဆောင်းအကျိုးအမြတ်များ
ADSL သုံးစွဲသူများရရှိနိုင်မည့် ပူးတွဲထပ်ဆောင်းအကျိုးအမြတ်များ
မိုဘိုင်းလ်ဖုန်းများအတွက် အကျိုးခံစားခွင့်များကို လစဉ်လတိုင်း ၁၅ရက်နေ့တွင် မှတ်ပုံတင်ထားသည့် MPT မိုဘိုင်းလ်ဖုန်းများအတွင်းသို့ ပေးပို့သွားမည်ဖြစ်ပြီး အဆိုပါအချိန်ကာလအတွင်း fixed အင်တာနက်လိုင်းများမှာ လက်ရှိအသုံးပြုနေဆဲ (သို့) သက်တမ်းကုန်ဆုံးမနေရန်လိုအပ်ပါသည်။ မိုဘိုင်းလ်ဖုန်းအတွင်းရရှိမည့် အကျိုးအ မြတ်များမှာ ကပ်လျက် လ၏ ၁၄ ရက်နေ့တိုင်းတွင် သက်တမ်းကုန်မည်ဖြစ်ပြီး ရွှေစကား၊ ရှယ်ပြောနှင့် ဆွေသ ဟာအစီအစဉ်များရယူထားသည့် မည်သည့် MPT သုံးစွဲသူများအတွက်မဆို အကျုံးဝင်မည်ဖြစ်ပါသည်။
MPT အနေဖြင့် FTTH ကွန်ရက်ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် မြို့နယ် ၇ မြို့၌ အသုံး ပြုနိုင်ရန် တိုးချဲ့သွားမည်ဖြစ်သည်။
ပြည်နယ်/တိုင်း | ထပ်မံတိုးချဲ့မည့်နေရာများ |
ရန်ကုန် | မရမ်းကုန်း |
မန္တလေး | ချမ်းမြသာစည် |
မဟာအောင်မြေ | |
စစ်ကိုင်း | မုံရွာ |
ဧရာဝတီ | ပုသိမ် |
ပဲခူး (အရှေ့) | ပဲခူး |
မွန် | မော်လမြိုင် |
ပြည်နယ်/တိုင်း | ရရှိပြီးသောနေရာများ | ||
ရန်ကုန် | အလုံ | ဗဟန်း | ဗိုလ်တစ်ထောင် |
ဒဂုံ | လှိုင် | ကမာရွတ် | |
ကျောက်တံတား | ကြည့်မြင်တိုင် | လမ်းမတော် | |
လသာ | မင်္ဂလာတောင်ညွှန့် | ပန်းဘဲတန်း | |
ပုဇွန်တောင် | စမ်းချောင်း | တာမွေ | |
ရန်ကင်း | |||
မန္တလေး | အောင်မြေသာစံ | ချမ်းအေးသာစံ | |
ရှမ်း | တောင်ကြီး |
MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda က “ မြန်မာနိုင်ငံရဲ့ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာတစ်ခုအနေနဲ့ Fixed အင်တာနက်ဝန်ဆောင်မှုရော မိုဘိုင်းလ်ဝန်ဆောင်မှုနှစ်မျိုးလုံးကို ရယူအသုံးပြုနေကြတဲ့ သုံးစွဲသူ တွေအတွက် အကျိုးခံစားခွင့်တွေ ပိုပြီးရရှိအောင် စီစဉ်ပေးထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဖိုက်ဘာအင်တာနက် FTTH အသုံးပြုနိုင်မယ့် ဒေသတွေကို တိုးချဲ့လာနေသလို အခုဆို သုံးစွဲသူတွေအတွက် တကယ့်ကို မြန်ဆန်တဲ့ fixed အင်တာနက်ဝန်ဆောင်မှုတွေပေးအပ်နိုင်နေပါပြီ။ ဒီအစီအစဉ်ဟာ MPT ရဲ့သုံးစွဲသူတွေကို ဘယ်သူတွေနဲ့မှမတူတဲ့ ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ Fixed အင်တာနက်ဝန်ဆောင်မှု နဲ့ Mobile ဝန်ဆောင်မှုကို ပူးတွဲဝန်ဆောင်မှုတစ်ခုအနေနဲ့ စီစဉ်ပေးထားတာလည်းဖြစ်ပါတယ်။ “ ဟုပြောကြားသွားခဲ့သည်။
FTTH နှင့် ADSL ကိုစတင်အသုံးပြုမည့်သူများအနေဖြင့် မိမိတို့၏ MPT ဆင်းမ်ကတ်များအား FTTH သို့မဟုတ် ADSL အင်တာနက်ဝန်ဆောင်မှု ရယူရန် လျှောက်ထားသည့်အခါ တစ်ပါတည်းယူဆောင်လာခြင်းဖြင့် အဆိုပါခံစားခွင့် များကို ရရှိမည်ဖြစ်သည်။
ဝန်ဆောင်မှုများများ ရယူထားပြီးဖြစ်သည့် FTTH နှင့် ADSL အင်တာနက်လိုင်း အသုံးပြုနေသူများအနေဖြင့် လည်း MPT ၏ သုံးစွဲသူဝန်ဆောင်မှုစင်တာသို့ဆက်သွယ်၍လည်းကောင်း၊ အနီးဆုံး MPT အမှတ်တံဆိပ် ဆိုင်များသို့ မိမိ၏ Digital Subscriber Line (DSL) နံပါတ်နှင့် FTTH (သို့) ADSL ဝန်ဆောင်မှု ရယူ ထားသော ပြေစာ သို့မဟုတ် ကိုယ်ရေးအချက်အလက်များကို ယူဆောင်၍သွားရောက် မှတ်ပုံတင်နိုင်ပါသည်။ အခြားသော မိုဘိုင်းလ်နံပါတ်များကို မှတ်ပုံတင်ရန်နှင့် မှတ်ပုံတင်ထားသော နံပါတ်အားပြောင်းလဲရန်အတွက် *6767# သို့ဖုန်းခေါ်ဆိုနိုင်ပါသည်။ ဝန်ဆောင်မှုရရှိရန်မှတ်ပုံတင်ထားသော အဓိကနံပါတ်အားပြောင်းလဲလိုပါက နီးစပ်ရာ MPT ဆိုင်များသို့သွားရောက်၍ တောင်းဆိုဆောင်ရွက်နိုင်ပါသည်။
MPT ၏ Fixed Internet နှင့် Mobile Bundle ဝန်ဆောင်မှု နှင့်ပတ်သက်သော သတ်မှတ်ချက်များ နှင့် FTTH နှင့် ADSL ရရှိနိုင်သည့်နေရာများ အကြောင်းသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ခေါ်ဆို၍လည်းကောင်း၊ MPT ၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ထို့အပြင် MPT ၏ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာ www.facebook.com/mptofficialpage တွင်လည်းဝင်ရောက်ကြည့်ရှုနိုင်ပါ သည်။