×

MPT ၏ FTTH ဝန်ဆောင်မှုကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များရှိ နေရာအနှံ့အပြား၌ အသုံးပြုနိုင်တော့မည်

04 Dec 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်)- မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT မှ ၎င်း၏ မြန်နှုန်းမြင့် အိမ်သုံးအင်တာနက်ဝန်ဆောင်မှု (FTTH) ကို ရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့များရှိ မြို့နယ် အသစ်များတွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစတင်၍ ထပ်မံဖြန့်ကျက်လိုက်ပြီ်ဖြစ်ကြောင်း ယနေ့သတင်း ထုတ်ပြန်လိုက်သည်။ FTTH ဝန်ဆောင်မှုကို မြန်မာနိုင်ငံ၏ နေရာအနှံ့အပြားတွင် အသုံးပြုလာနိုင်သည် နှင့်အမျှ MPT၏ အရည်အသွေးမြင့်မားသည့် မြန်နှုန်းမြင့် အိမ်သုံးအင်တာနက်ဝန်ဆောင်မှုကို ယခင်ထက် ပိုမိုကောင်းမွန်သော အမြန်နှုန်း ၊ ယုံကြည်အားထားရသည့် အင်တာနက် ဝန်ဆောင်မှုအဖြစ် တစ်လလျှင် 10Mbps အတွက် ၃၉,၀၀၀ ကျပ်မှ တစ်လလျှင် 50Mbps အတွက် ၁၀၉,၀၀၀ ကျပ်ရှိ သင့်တင့်မျှတသည့် ဈေးနှုန်းများနှင့် အသုံးပြုနိုင်ပြီဖြစ်သည်။

ဝန်ဆောင်မှုပေးမည့် နေရာဒေသများနှင့် အင်တာနက်အစီအစဉ်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ပြည်နယ်နှင့်တိုင်း ထပ်မံတိုးချဲ့လိုက်သည့်မြို့နယ်များ လက်ရှိအသုံးပြုနိုင်သည့် မြို့နယ်များ
ရန်ကုန် အလုံ ဗိုလ်တထောင် ပုဇွန်တောင်
ဗဟန်း ကျောက်တံတား စမ်းချောင်း
ဒဂုံ လမ်းမတော် တာမွေ
ကမာရွတ် လသာ
ကြည့်မြင်တိုင် မင်္ဂလာတောင်ညွန့်
ရန်ကင်း ပန်းဘဲတန်း
မန္တလေး အောင်မြေသာစံ ချမ်းအေးသာစံ
ရှမ်း တောင်ကြီး    

 

အစီအစဉ်များ
မြန်နှုန်း လစဉ်ကြေး (ကျပ်)
Max.10 Mbps ၃၉,၀၀၀
Max.25 Mbps ၆၉,၀၀၀
Max.50 Mbps ၁၀၉,၀၀၀

 

နောက်ဆုံးပေါ် အိမ်သုံးအင်တာနက်ဝန်ဆောင်မှု FTTH တိုးချဲ့မှုနှင့်အတူ ဒီဇင်ဘာလ ၁ ရက်မှ ၃၁ ရက်နေ့အထိ MPT မှ ကနဦးတပ်ဆင်ခအခမဲ့နှင့်အတူ စိတ်လှုပ်ရှားဖွယ်ရာ ဗလာမပါ ကံစမ်းမဲအစီအစဉ်ကို ပြုလုပ်ပေး သွားမည်ဖြစ်ပြီး FTTH ရယူတပ်ဆင်သူများအနေဖြင့် စမတ်တီဗီနှင့် MPT ၏ ဖုန်းငွေဖြည့်ကတ်များကို ရယူကံစမ်းနိုင်မည် ဖြစ်သည်။

MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda က ” ကျွန်တော်တို့ရဲ့ မြန်နှုန်းမြင့် FTTH အင်တာနက်ကွန်ရက်ကို မြန်မာနိုင်ငံကမြို့ ကြီးတွေရဲ့ နေရာအနှံ့အပြားမှာ ချဲ့ထွင်ချိတ်ဆက်နိုင်တဲ့ နောက်ထပ်မှတ်တိုင်သစ်တစ်ခုကို စိုက်ထူလိုက်နိုင်တဲ့အကြောင်း အခုလိုကြေညာ ခွင့်ရလို့  အင်မတန်မှစိတ်လှုပ်ရှားမိပါတယ်။ အခုတစ်ခေါက်ထပ်မံတိုးချဲ့မှုမှာဆိုရင် ရန်ကုန်၊ မန္တလေး   နဲ့ တောင်ကြီးမြို့  တွေက နေရာတော်တော်များများမှာ အသုံးပြုနိုင်မှာဖြစ်ပြီးတော့ အိမ်မှာအသုံးပြုမယ့်သူတွေ၊ စီးပွားရေးလုပ်ငန်းတွေအတွက် အသုံးပြုမယ့်သူတွေကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ပိုပြီးကောင်းမွန်တဲ့ ချိတ်ဆက်မှုတွေ  ထောက်ပံ့ပေးမယ့် MPT ရဲ့ ကတိကဝတ်ကို အလေးအနက်ထား  ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ လာမယ့်   ၂၀၁၉ ခုနှစ်အတွင်းမှာလည်း ကျွန်တော်တို့ရဲ့ ဒီဝန်ဆောင်မှုကို မြန်မာနိုင်ငံ တစ်နံတစ်လျားက မြို့တွေနဲ့မြို့နယ်တွေဆီကို ထပ်မံတိုးချဲ့ သွားဖို့အစီအစဉ်တွေကို ထားရှိထားပြီးပြီ လည်းဖြစ်ပါတယ်။ အရည်အသွေးမြင့်မားတဲ့ အင်တာနက်ဟာ ယနေ့ဒီဂျစ်တယ်ကမ္ဘာအတွက် အရမ်းကိုအရေးကြီးပြီး တစ်လကို 10 Mbps အတွက် ၃၉,၀၀၀ ကျပ်တည်းနဲ့ ဒေတာတွေကို အကန့်အသတ်မရှိ အသုံးပြုနိုင်ပြီဖြစ်လို့ သာလွန်ကောင်းမွန်တဲ့ အွန်လိုင်း  အသုံးပြုမှုရဖို့ကို ဖွေရှာနေတဲ့သူတွေအတွက် FTTH ဝန်ဆောင်မှုနဲ့ အလွယ်တကူသုံးစွဲခွင့်ရနိုင်ပါပြီ ” ဟု  ပြောကြားသည်။

MPT ၏ FTTH ဝန်ဆောင်မှုနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက MPT အမှတ်တံဆိပ်စတိုးများသို့ ဆက်သွယ်မေးမြန်းခြင်း၊ ဖုန်းနံပါတ် ၀၁-၂၃၉၉၁၀၆ (သို့) ၁၀၆ သို့ ခေါ်ဆို၍ မေးမြန်းနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ဝန်ဆောင်မှုရရှိမည့်နေရာများအကြောင်း၊ ဝန်ဆောင်မှုအစီအစဉ်နှင့်ပရိုမိုးရှင်းများအကြောင်း ထပ်မံသိရှိလိုပါက MPT ၏ တရားဝင်ဝက်ဘ်ဆိုက် www.mpt.com.mm (သို့) တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/mptofficialpage တွင်လည်း အချက်အလက်များ ဝင်ရောက်ဖတ်ရှု လေ့လာနိုင်ပါ