×

MPT ၏ Happy Friday အစီအစဉ်သစ်တွင် ထောဘီ+ နှင့် Data Carry Pack များကို ဝယ်ယူအသုံးပြုသူတိုင်းအတွက် အပိုဆောင်းခံစားခွင့်များရရှိနိုင်ပြီဖြစ်

18 Feb 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က Happy Friday အစီအစဉ်သစ် တစ်ခုအဖြစ် ထောဘီ+ အစီအစဉ် နှင့် New Data Carry Pack များကို သောကြာနေ့တွင် ဝယ်ယူသူတိုင်းအတွက် ထောဘီ+ဖုန်းဘေလ် အပိုဆောင်းခံစားခွင့် နှင့် ဒေတာ အပိုဆောင်းခံစားခွင့်များကို ရရှိနိုင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ ဖေဖော်ဝါရီလ (၁၅) ရက်နေ့မှစ၍ သောကြာနေ့တိုင်း ထောဘီ+ အစီအစဉ်ကို ဝယ်ယူအသုံးပြု သူများအနေဖြင့် မိမိတို့ ဝယ်ယူသော ထောဘီ+အမျိုးအစားအပေါ် မူတည်၍ ၅၀၀ ကျပ်မှ ၂,၅၀၀ ကျပ်အထိ ထောဘီ+ဖုန်းဘေလ်များ အပိုဆောင်းရရှိနိုင်မည်ဖြစ်ပြီး New Data Carry Pack ဝယ်ယူအသုံးပြုသူများအနေဖြင့်လည်း မိမိတို့ ဝယ်ယူသည့် ဒေတာပက်ကေ့ချ်ပေါ်တွင် မူတည်၍ 15 MB မှ 1,200 MB အထိ ဒေတာ(MB)များ အပိုဆောင်းရရှိနိုင်မည်ဖြစ်ပါသည်။

သောကြာနေ့တိုင်းတွင် ထောဘီ+ဖုန်းဘေလ်ဝယ်ယူခြင်းနှင့် မည်သည့် Data Carry Pack ကို မဆိုဝယ်ယူလိုက်ရုံဖြင့် သတ်မှတ်ထားသည့် အပိုဆောင်းခံစားခွင့်များကို အလိုအလျောက် ရရှိနိုင်မည်ဖြစ်သည်။
သောကြာနေ့တွင် *500# ကို ခေါ်ဆို၍ မိမိတို့ကြိုက်နှစ်သက်ရာ ၅ဆ ပွားထားသည့် ထောဘီ+ဖုန်းဘေလ်များ များဝယ်ယူလိုက်တိုင်း သုံးစွဲသူတို့ဝယ်ယူသည့် ထောဘီ+ နှင့် လုပ်ဆောင်ချက်တူ၊ သက်တမ်းတူသော အပိုဆောင်း ထောဘီ+ဖုန်းဘေလ်များရရှိပါမည်။
ထိုနည်းတူပင် သောကြာနေ့၌ *777# ကိုခေါ်ဆို၍ ကြိုက်နှစ်သက်ရာ New Data Carry Pack များဝယ်ယူတိုင်း နောက်လများထိသယ်ယူနိုင်သည့် (Carry Over) ခံစားခွင့်ပါဝင်ပြီး ရက်(၃၀)အသုံးပြုနိုင်သော အပိုဆောင်းဒေတာ(MB)များရရှိပါမည်။
၎င်းအစီအစဉ်များကို သောကြာနေ့တွင် MPT 4U အက်ပလီကေးရှင်းမှ တစ်ဆင့် ဝယ်ယူ၍လည်း အပိုဆောင်းခံစားခွင့်များကို ရရှိခံစားနိုင်မည်ဖြစ်သည်။

အပိုဆောင်းခံစားခွင့် ပမာဏများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

Data Carry Packs (dial *777# or MPT 4U app):

ထောဘီ+ (dial *500# or via MPT4U app)

MPT-KSGM Joint Operations ၏ Chief Commercial Offer ဖြစ်သူ Mr. Reizo Umeda က “ကျွန်တော်တို့သုံးစွဲသူတွေရဲ့ မိုဘိုင်းလ် အသုံးပြုခြင်းဆိုင်ရာ လိုအပ်ချက်တွေကို ကျွန်တော်တို့ဘက်က အကောင်းဆုံးထောက်ပံ့ပေးနိုင်ဖို့ အမြဲတမ်း ရည်ရွယ်ထားပါတယ်။ အခုလို အပိုဆောင်းခံစားခွင့်အစီအစဉ်သစ်နဲ့ အတူ၊ အသုံးပြုသူတွေဟာ သူတို့ ဝယ်ယူတဲ့ ထောဘီ+ နဲ့ New Data Carry Pack တွေရဲ့ နှုန်းထားတွေပေါ်မူတည်ပြီး အပိုဆောင်းခံစားခွင့်တွေ ရရှိမှာဖြစ်ပြီး ဒေတာ အသုံးပြုခြင်း၊ ဖုန်းခေါ်ဆိုခြင်း၊ နဲ့ စာတိုပေးပို့ခြင်းများအတွက် ပိုမို အသုံးပြု နိုင်တော့မှာ ဖြစ်ပါတယ်။ MPT အသုံးပြုသူတွေအနေနဲ့ ဒီလို စိတ်လှုပ်ရှားစရာကောင်းတဲ့ အခွင့်အလမ်းတွေကို ရယူနိုင်ဖို့ သောကြာနေ့တိုင်း မိမိတို့ နှစ်သက်ရာ ထောဘီ+ အစီအစဉ်နဲ့ Data Carry Packs တွေကို ဝယ်ယူပြီး MPT ရဲ့ အလျင်မြန်ဆုံးနဲ့ အကျယ်ပြန့်ဆုံးကွန်ရက်ပေါ်မှာ သူတို့ရဲ့ ချစ်ခင်ရသူ မိသားစုနဲ့ မိတ်ဆွေ သူငယ်ချင်းတွေကို ဆက်သွယ်ဖို့ နဲ့ အွန်လိုင်းအသုံးပြုပြီး ဆိုရှယ်မီဒီယာတွေ၊ ဖျော်ဖြေရေးအစီအစဉ်တွေ လုပ်ငန်းဆိုင်ရာတွေ ဒါမှမဟုတ် သူတို့ နှစ်သက်တဲ့ content တွေနဲ့ ဝန်ဆောင်မှု တွေကို အချိန် မရွေး နေရာမရွေး နှစ်ခြိုက်စွာ အသုံးပြုကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် “ ဟုပြောကြားခဲ့သည်။

Happy Friday အစီအစဉ်အသစ်၏ အပိုဆောင်းခံစားခွင့်များ စိတ်ဝင်စားဖွယ် ပရိုမိုးရှင်း အစီအစဉ်များနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက Call Center နံပါတ် 106 ခေါ်ဆိုမေးမြန်းခြင်း သို့မဟုတ် MPT ဝက်ဘ်ဆိုက်ဖြစ်သည့် www.mpt.com.mm နှင့် MPT ဖေ့စ်ဘွခ် စာမျက်နှာ https://www.facebook.com/mptofficialpage တို့တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။