×

MPT ၏ “Health Tips & Quiz” အစီအစဉ်ဖြင့် မိမိတို့၏ ကျန်းမာရေး ဗဟုသုတကြွယ်ဝမှုများကို စမ်းသပ်ဖြေဆိုပြီး အလန်းစားဆုများ ရယူနိုင်မည်

27 Sep 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်) – MPT က “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ကောင်း သည်” ဟူသော ဆောင်ပုဒ်နှင့်အညီ မိုဘိုင်းလ်သုံးစွဲသူများအတွက် ကျန်းမာရေးဗဟုသုတများ ပိုမိုတိုးပွားလာစေ ရန်ရည်ရွယ်၍ SMS ဖြင့် ရယူနိုင်မည့် Health Tips & Quiz ဝန်ဆောင်မှုအသစ်ကို Trust Oo ကုမ္ပဏီ (7887 ကျန်းမာရေးဆိုင်ရာ Call Center) နှင့်အတူ လက်တွဲလုပ်ဆောင်လိုက်ပြီဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန် ကြေညာလိုက်သည်။ MPT သုံးစွဲသူများက အဆိုပါထပ်ဆောင်းဝန်ဆောင်မှုကို တစ်ရက်လျှင် ၁၄၉ ကျပ်သာကျသင့်မည့် အသက်သာဆုံးနှုန်းထားဖြင့် ရယူနိုင်မည်ဖြစ်ပြီး ကျန်းမာရေးအတွက်အရေးကြီးသော ဗဟုသုတများစွာကို ပိုမိုသိရှိနားလည်လာနိုင်မည်ဖြစ်သည့်အပြင် မိမိတို့၏ တိုးတက်လာသော ဗဟုသုတများကို ပြန်လည်စမ်းသပ်ဖြေကြားနိုင်မည့် ဉာဏ်စမ်းပဟေဠိအစီအစဉ်တွင် ပါဝင်ဖြေဆိုခြင်းဖြင့် မိုဘိုင်းလ်ဖုန်းများ၊ နိုင်ငံရပ်ခြားတွင် ကျန်းမာရေးစစ်ဆေးမှုခံယူနိုင်မည့်အစီအစဉ်များ၊ ကျန်းမာရေးအာမခံများ၊ ရွှေလက်ကောက် ဆုများနှင့် အခြားအံ့အားသင့်ဖွယ်ရာ ဆုလက်ဆောင်များကို ရရှိပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

MPT သုံးစွဲသူများက အစားအသောက်၊ အလှအပနှင့် ကျန်းမာစွာအသက်ရှင်နေထိုင်နည်းများအပြင် ကျန်းမာ ရေးအသိပညာများ စတင်ရယူရန်နှင့် ဉာဏ်စမ်းပဟေဠိအစီအစဉ်တွင် ပါဝင်ဖြေဆိုရန်အတွက် 8123 သို့ “ON” ဟု စာတိုပေးပို့ ရယူရမည်ဖြစ်သည်။ စာတိုပေးပို့ပြီးသည်နှင့် Health Tips & Quiz အစီအစဉ်၏ ကျန်းမာရေး အကြံပြုချက် နှင့် ဉာဏ်စမ်းပဟေဠိများပါဝင်မည့် ဝန်ဆောင်မှုကို (၇) ရက်တာ ငွေကြေးကုန်ကျမှုမရှိပဲ တစ်ရက်လျှင် ပက်ကေ့ချ်တစ်ခု အသုံးပြုခွင့်ရရှိမည်ဖြစ်သည်။ (၇) ရက် အသုံးပြုခွင့်ကာလပြီးဆုံးပါက ကျန်းမာရေး အကြံပြုချက် (၁) စောင်နှင့် ဉာဏ်စမ်းပဟေဠိ (၅) စောင်ပါဝင်မည့် ပက်ကေ့ချ်တစ်ခုအတွက် ၁၄၉ ကျပ် ကောက်ခံသွားမည် ဖြစ်သည်။ ဉာဏ်စမ်းပဟေဠိအတွက် ပြန်လည်ဖြေကြားမည့် စာတိုများအတွက်ကိုမူ စာတိုပေးပို့ခ ကောက်ခံမည် မဟုတ်ပါ။ သုံးစွဲသူများအနေဖြင့် အကြံပြုချက်များထပ်မံသိရှိလိုခြင်းနှင့် ဉာဏ်စမ်းပဟေဠိထပ်မံ ဖြေဆိုလိုခြင်း များအတွက် ပက်ကေ့ချ်တစ်ခုလျှင် ၁၄၉ ကျပ်နှုန်းဖြင့် Health Tips & Quiz ပက်ကေ့ချ်များကို ထပ်တိုးဝယ်ယူနိုင်မည် ဖြစ်သည်။

ရမှတ်အလိုက်ရရှိမည့် ဆုများ

ဆုအမျိုးအစားဆုအရေအတွက်ဆုပစ္စည်းများ
အပတ်စဉ်ဆု၁၀နောက်ဆုံးပေါ် ကျန်းမာရေးလက်ပတ်နာရီ
လစဉ်ဆုiPhone X
Grand Prizeထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ အလည်ပတ်သွားရောက်ပြီး ကျန်းမာရေးစစ်ဆေးပေးခြင်း

ရမှတ်အလိုက်ရရှိမည့် ဆုများအတွက် လိုက်နာရမည့်စည်းကမ်းများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက http://ht.dev.lotayamm.com/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 

ကံစမ်းမဲစနစ်ဖြင့်ပေးအပ်မည့် ဆုများ

ဆုအမျိုးအစားအရေအတွက်ဆုပစ္စည်းများ
အပတ်စဉ်ဆု၁၀Samsung Tab J
လစဉ်ဆုတစ်နှစ်တာကျန်းမာရေးအာမခံ
Grand Prizeရွှေ ၂ ကျပ်သားလက်ကောက်

ကံစမ်းမဲစနစ်ဖြင့်ပေးအပ်မည့် ဆုများအတွက် လိုက်နာရမည့်စည်းကမ်းများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက http://ht.dev.lotayamm.com/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါ သည်။

Health Tips & Quiz အစီအစဉ်၏ ပထမအကြိမ်ကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်မှ ဒီဇင်ဘာ ၂၆ ရက် အထိ သုံးလတာ ပြုလုပ်သွားမည်ဖြစ်သည်။ MPT သုံးစွဲသူများက အဆိုပါကာလအတွင်း ကျန်းမာသော နေ့စဉ်လူမှုဘဝရရှိစေရန်အတွက် ကျန်းမာရေးဆိုင်ရာအသိပညာများကို သိရှိနိုင်မည်ဖြစ်ပြီး ဉာဏ်စမ်း ပဟေဠိ များ ဖြေဆို၍ ရရှိလာသည့်ရမှတ်များမှ အပတ်စဉ်၊ လစဉ် နှင့် Grand ဆုကြီးများ ပိုင်ဆိုင်နိုင်မည် ဖြစ်သကဲ့သို့ ကံစမ်းမဲစနစ်ဖြင့်ပေးအပ်မည့် ဆုလက်ဆောင်များကိုလည်း ပိုင်ဆိုင်ခွင့်ရရှိမည်ဖြစ်သည်။ မေးခွန်းတစ်ခုလျှင် ရမှတ် ၅၀ ပေးအပ်မည်ဖြစ်ပြီး အဖြေမှန်သူများက မေးခွန်းတစ်ခုအတွက် ရမှတ် ၂၀ ထပ်ဆောင်း ရရှိမည်ဖြစ်သော်လည်း ဖြေဆိုမှုမှားယွင်းသူများကမူ ၁၀ မှတ်သာ ရရှိမည် ဖြစ်သည်။ ရမှတ် ၁၀ မှတ်လျှင် ဆုလက်ဆောင်ကံထူးရန် အခွင့်အရေးတစ်ကြိမ်ရရှိမည်ဖြစ်ပြီး ကံထူးရှင်ရွေးချယ်ရာတွင် ရမှတ်အများဆုံး ရရှိထားသူများအထဲမှ ကျပန်းစနစ်ဖြင့်ရွေးချယ်၍ ဆုလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်သည်။ ယခုအစီအစဉ်၏ အဓိကအားသာချက်မှာ သုံးစွဲသူတစ်ဦးအနေဖြင့် ရမှတ်စနစ်ဖြင့်ရွေးချယ်ပေးအပ်သော ဆုလက်ဆောင်များသာမက ကံစမ်းမဲအစီအစဉ်ဖြင့် ရွေးချယ်ပေးအပ်မည့် ကံစမ်းမဲဆုလက်ဆောင်များကိုပါ ရရှိခံစားနိုင်မည် ဖြစ်သည်။

MPT-KSGM Joint Operations ၏ စီးပွားရေးရာဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda က “ ကျန်းမာ ပျော်ရွှင်တဲ့ဘဝနေထိုင်မှုပုံစံတွေကနေ ကာယ၊ ဉာဏ နှစ်ဖြာသောသုခတွေရရှိစေမယ့်အပြင် ကျွန်တော်တို့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေအောင်မြင်ဖို့နဲ့ အရာရာကို အကောင်းမြင်နိုင်တဲ့စိတ်ဓါတ်ခွန်အားတွေရရှိစေမှာပါ။ ဒီအတွက် အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးအချက်က မှန်ကန်တဲ့ကျန်းမာရေးအသိတွေ ရရှိစေဖို့ဖြစ်လို့ MPT သုံးစွဲသူတွေက အခုဆိုရင် ကျွန်တော်တို့ရဲ့ ကျန်းမာရေးကိုဂရုပြုဆောင်ရွက်ပေးထားတဲ့ SMS မှတစ်ဆင့် အသုံးဝင်တဲ့ ကျန်းမာရေးဗဟုသုတတွေကို သူတို့ရဲ့ မိုဘိုင်းလ်ဖုန်းကနေ လေ့လာနိုင်ပါပြီ။ ကျန်းမာရေး ကိုလေ့လာလိုက်စားကြသူတွေအားလုံးအတွက် ဗဟုသုတတွေ တိုးပွားလာစေမယ့် Health Tips & Quiz ဝန်ဆောင်မှု အစီအစဉ်သစ်ကို မိတ်ဆက်ပေးနိုင်တဲ့အတွက် MPT အနေနဲ့ အရမ်းပဲစိတ်လှုပ်ရှားရသလို ဒီအစီအစဉ်ကနေ အလန်းစားဆုလက်ဆောင်တွေကို အပတ်စဉ်၊ လစဉ်ကံထူးနိုင်ကြပါပြီ” ဟု ပြောကြားသည်။

MPT ၏ Health Tips & Quiz ဝန်ဆောင်မှုနှင့်အခြားသောထပ်ဆောင်းဝန်ဆောင်မှုများအကြောင်း သိရှိလိုပါက www.mpt.com.mm နှင့် တရားဝင် Facebook စာမျက်နှာ www.facebook.com/mptofficialpage တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။ ဉာဏ်စမ်းအစီအစဉ်နှင့် ဆုလက်ဆောင်များအတွက် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကိုမူ http://ht.dev.lotayamm.com/တွင် အသေးစိတ်ဝင်ရောက် လေ့လာနိုင်ပါသည်။