×

MPT ၏ LTE+ ကွန်ရက်ကို မြန်မာနိုင်ငံ၏ တိုင်းနှင့်ပြည်နယ်အားလုံးတွင် အသုံးပြုနိုင်ပြီ

28 Dec 2017

(ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်) – MPT ၏ အလျင်မြန်ဆုံးနှင့် အကျယ်ပြန့်ဆုံး LTE+ ကွန်ရက်ကို ချင်းပြည်နယ် ဟားခါးမြို့နှင့် မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုး စေတီတော်တို့တွင် အသုံးပြု နေနိုင်ပြီဖြစ်ပြီး အမြန်ဆုံးအင်တာနက်ဆု ရရှိထားသည့် မိုဘိုင်းလ်ဖုန်းကွန်ရက်ကို မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်း အသီးသီးသို့ တိုးချဲ့လိုက်ပြီ ဖြစ်ပါသည်။

MPT အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အင်တာနက်သုံးစွဲနိုင်စေရေးအတွက် ပြောင်းလဲမှုများကို ဆောင်ရွက်နေသည်နှင့်အညီ အဆင့်မြင့် LTE+ ကွန်ရက်ကို ဆက်လက်ဖြန့်ကျက်လျက်ရှိပါသည်။ မြန်နှုန်းမြင့်မားသည့် အင်တာနက်သုံးစွဲမှုကို ထောင်ပေါင်း များစွာသော သုံးစွဲသူများထံ တစ်ပြိုင်နက် ထောက်ပံ့ပေးနိုင်ခြင်းကြောင့် ဟားခါးမြို့တွင် နေထိုင်သူများအနေဖြင့် အင်တာနက်သုံးခြင်း၊ သီချင်းနားထောင်ခြင်း၊ HD ဗီဒီယိုကြည့်ရှုခြင်းတို့ကို အလွန်ကောင်းမွန်သော အရည်အသွေးဖြင့် ရယူအသုံးပြုနိုင်တော့မည် ဖြစ်ပါသည်။ MPT သည် မကြာသေးမီကလည်း LTE+ 4×4 MIMO ကွန်ရက်အဆင့်မြှင့်တင်မှုကို ဆောင်ရွက်ခဲ့ကာ နည်းပညာနှင့်ကိုက်ညီသည့် ဆက်သွယ်ရေး ပစ္စည်းများ (မိုဘိုင်းလ်ဖုန်းများ) ဖြင့်အသုံးပြုပါက အမြန်နှုန်း 300Mbps အထိ ရရှိနိုင်မည့် အကြောင်း မိတ်ဆက် ကြေညာခဲ့ပြီးလည်းဖြစ်ပါသည်။

MPT LTE+ ကို ဟားခါးမြို့တွင် တိုးချဲ့ဖြန်ကျက်နိုင်ခြင်းနှင့်အတူ ယခုအခါ နိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၈၂ မြို့တွင် ယင်းကွန်ရက်ကို အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ မြန်မာ့အကြီးဆုံး ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT အတွက် လာမည့် ၂၀၁၈ ခုနှစ်သည် ကြီးကျယ်ခမ်းနားသော နှစ်တစ်နှစ်အဖြစ် သတ်မှတ်ထားပြီး ၂၀၁၈ ခုနှစ်အကုန်တွင် LTE+ ကို နိုင်ငံတစ်ဝန်းရှိ မြို့ပေါင်း ၂၈၀ တွင် ဖြန့်ကျက်သွားရန် မျှော်မှန်းထားပါသည်။ သုံးစွဲသူများအနေဖြင့် ကွန်ရက်နည်းပညာ နှင့်ကိုက်ညီသည့်မည်သည့် 4G မိုဘိုင်းလ်ဖုန်း အမျိုးအစားတွင်မဆို ၎င်းတို့ရှိ ဖုန်း settings တွင် 4G network ကို ဖွင့်ထားပေးခြင်း သို့မဟုတ်နီးစပ်ရာ MPT အမှတ်တံဆိပ်ပါရှိသော အရောင်းဆိုင်များ ထံသွားရောက်ကာ ပြုလုပ်ခြင်းဖြင့် အဆင့်မြှင့်တင်ထားသည့် အကောင်းဆုံး ကွန်ရက်ကိုချိတ်ဆက် နိုင်မည် ဖြစ်ပါသည်။

MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “အမြန်ဆုံးအင်တာနက်ဆုရရှိထားတဲ့ LTE+ ကွန်ရက်ကို နိုင်ငံတစ်ဝန်း အသုံးပြုသူတွေက အံ့အားသင့် ဖွယ်ကောင်းလောက်အောင် အသုံးပြုနေတာကို ကျွန်တော်တို့ ကိုယ်တွေ့မြင်တွေ့ခဲ့ပါတယ်။ဒါကြောင့် ကျွန်တော်တို့ရဲ့ LTE+ ကွန်ရက်ကို ဟားခါးနဲ့ ကျိုက်ထီးရိုး စေတီတို့မှာ မိတ်ဆက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ အခုလို အရေးပါတဲ့ သမိုင်းမှတ်တိုင်ဖြစ်တဲ့ ချင်းပြည်နယ်မှာ တိုးချဲ့ချိတ်ဆက် နိုင်ခြင်းဟာ MPT LTE+ ကို နိုင်ငံတစ်ဝန်းက ပြည်နယ်နဲ့တိုင်း အသီးသီးမှာ အသုံးပြုနိုင်ပြီဆိုတဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အမြင့်ဆုံး အမြန်နှုန်းနဲ့အတူ အသုံးပြုသူတွေက အင်တာနက်ကို အရင်ထက်ပိုပြီးလျင်မြန်တဲ့နှုန်းနဲ့ အသုံးပြု နိုင်ပါပြီ။ ဟားခါးနဲ့ ကျိုက်ထီးရိုးက အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ ဟန်းဆက်တွေမှာ 4G ကိုဖွင့်ပြီး မြန်မာနိုင်ငံရဲ့ အမြန်ဆုံးနဲ့ အကျယ်ပြန့်ဆုံး မိုဘိုင်းလ်ကွန်ရက်ပေါ်ကနေ သူငယ်ချင်းတွေ မိသားစုတွေ နဲ့ ချိတ်ဆက်နိုင်ကြပြီ ဖြစ်ပါတယ်။” ဟု ပြောကြားပါသည်။

အသေးစိတ်အချက်အလက်များအတွက် MPT ၏ ၁၀၆ ဝန်ဆောင်မှုစင်တာ သို့မဟုတ် www.mpt.com.mm နှင့် MPT ၏ တရားဝင် Faceook စာမျက်နှာဖြစ်သည့် https://www.facebook.com/mptofficialpage တို့တွင် ဝင်ရောက်စုံစမ်းသိရှိနိုင်မည်ဖြစ်ပါသည်၊