×

MPT ၏ Nano SIM နှင့် ဝန်ဆောင်မှုလမ်းညွှန်စာအုပ်တွေကို MPT အမှတ်တံဆိပ်ဆိုင်များတွင် ရနိုင်ပါပြီ

04 Jul 2016

မြန်မာ့ရှေ့ဆောင် ဆက်သွယ်ရေးအော်ပရေတာက သုံးစွဲသူများအတွက် ပိုမိုများပြားသော ဝန်ဆောင်မှုများကို ပေးလျက်ရှိနေပါသည်။

(ရန်ကုန်။ ၂၀၁၆ ခုနှစ် ဇူလိုင် ၄ ရက်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် ယခုအခါ သုံးစွဲသူအားလုံး အဆင်ပြေချောမွေ့စေရန်အတွက် MPT၏ Nano ဆင်းကတ်နှင့် ဝန်ဆောင်မှုလမ်းညွှန်စာအုပ်ကို MPT အမှတ်တံဆိပ်စတိုးဆိုင်များတွင် ရနိုင်ပြီဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်ကြေညာလိုက်ပါသည်။

မြန်မာနိုင်ငံမှာ သက်တမ်းရှည်ကြာဆုံးဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့်အလျောက် ယခုအခါတွင် MPT၏ ဝန်ဆောင်မှုကို သုံးစွဲသူပေါင်း သန်း၂ဝကျော်ရှိပြီဖြစ်သကဲ့သို့ MPT ၏ ဆန်းသစ်တီထွင်မှုများ၊ အထူးဆုများ နှင့် ပရိုမိုးရှင်းအစီအစဉ်များကို အမြဲအားပေးနေသူများအတွက် ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။

မည်သည့် ဟန်းဆက်အမျိုးအစားနှင့်မဆို တွဲဖက်အသုံးပြုနိုင်မည့် MPT Nano SIM များသည် MPT သုံးစွဲသူများ လက်ရှိအသုံးပြုနေသည့် Micro နှင့် ပုံမှန်အရွယ်အစားရှိ SIM ကတ်များကို ပိုမိုပြီးပြည့်စုံအောင် ဆောင်ရွက်ထားခြင်း ဖြစ်သည်။ အဆိုပါ Nano SIM ကတ်တွင် ဆက်သွယ်ရန် ဖုန်းနံပါတ်ပေါင်း ၂၄၀ ကျော်နှင့် စာတိုအယောက် ၄၀ စာကို လက်ခံသိမ်းဆည်းထားနိုင်မည် ဖြစ်သည်။ MPT သုံးစွဲသူများအနေဖြင့် မိမိတို့ လက်ရှိအသုံးပြုနေသော ဆင်းကတ် ပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးခြင်းများအတွက် ပြန်လည်လျှောက်ထားသည့်အခါ Nano SIM ကတ်များကို ရရှိနိုင်မည်ဖြစ်သည်။

Nano SIM Card

Nano

MPT သုံးစွဲသူများအနေဖြင့် ဝန်ဆောင်မှုဆိုင်ရာ လမ်းညွန်စာအုပ်များကို MPT အမှတ်တံဆိပ်ရှိသော ဆိုင်များတွင် အခမဲ့ ရယူနိုင်ပြီး အဆိုပါ လမ်းညွန် စာအုပ်တွင် MPT သုံးစွဲသူများကို အထောက််အကူ ဖြစ်စေနုုိင်မည့် ဝန်ဆောင်မှုအသီးသီး၏ စျေးနှုန်းများ၊ အင်တာနက် Package ဝန်ဆောင်မှု၊ အင်တာနက် Setting အသုံးပြုမှုများ၊ ထပ်ဆောင်းဝန်ဆောင်မှုများ၊ နိုင်ငံတကာနှင့် ပတ်သက်သော ဝန်ဆောင်မှုများ၊ Tourism SIM ကတ်အကြောင်း၊ SIM ကတ်များ ပျက်စီး၊ ပျောက်ဆုံးခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာမျာအား ဖြေရှင်းနည်း၊ Call Centre အစရှိသည် တို့နှှင့်အတူ တစ်နိုင်ငံလုံးရှိ MPT အမှတ်တံဆိပ်ရှိ ဆိုင်များ စာရင်းကိုလည်း ထည့်သွင်းထားပါသည်။

အသုံးပြုသူများ၏ လိုအပ်ချက်များကို ဝန်ဆောင်မှုအပြည့်အဝပေးနိုင်ရန်အတွက် MPT အမှတ် တံဆိပ်ရှိ ဆိုင်ခွဲများကို ဆူးလေ၊ လမ်း ၄၀ ၊ ပန်းဆိုးတန်း နှင် ့အလုံမြို့နယ်တို့တွင် တိုးချဲ့ဖွင့်လှစ်ထားပြီး မနက် ၉:၃၀ မှ ညနေ ၅:၃၀ အထိ (တနင်္လာနေ့မှ သောကြာနေ့ထိ) ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

MPT သည် ကွန်ရက်များကို ကောင်းမွန်အောင်လုပ်ခြင်း၊ ဝန်ဆောင်မှုအသစ်များကို တီထွင်ဖန်တီးခြင်း၊ ပရိုမိုးရှင်းများကို ပြုလုပ်ပေးခြင်း၊ ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများကို ပေးခြင်းနှင့် အသုံးပြုသူများ ပိုမို အဆင်ပြေစေရန် အတွက်ရည်ရွယ်ပြီး မကြာမီကာလအတွင်း MPT အမှတ်တံဆိပ်ရှိဆိုင်များတွင် ဝန်ဆောင်မှု ပေးချိန်များကိုပါ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ပါသည်။