blank

MPT က “ရွှေအိပ်မက်” အစီအစဉ်၏ ကံထူးရှင်များအား ကံထူးလက်ဆောင်များ လွှဲပြောင်းပေးအပ်ခဲ့

Published 28 Jun 2022

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်)- MPT က “ရွှေအိပ်မက်” အစီအစဉ်၏ ကံထူးရှင်များ အား၎င်းတို့၏ အိပ်မက်များကို အကောင်အထည်ဖော်ရန်အတွက် ကံထူးလက်ဆောင်များလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တောင်ပိုင်း အသီးသီးတို့တွင် အောင်မြင်စွာ ကျင်းပပြု လုပ်ခဲ့ပါသည်။

ဇွန်လအထိ ကံထူးလက်ဆောင်များအား လက်ခံရရှိသော ကံထူးရှင်များမှာ-

စဉ်အမျိုးအစားကံထူးနံပါတ် အမည်လိပ်စာကံထူး လက်ဆောင်
လွှဲပြောင်းပေးအပ်ခဲ့သည့် ရက်စွဲ
မိသားစု၁၆၉၄ဦးအာကာမြင့်အောင် စမ်းချောင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးBrand New MG 5 ကား၃-၄-၂၀၂၂
ရပ်ရွာအဖွဲ့အစည်းများအတွက် ကူညီထောက်ပံ့ခြင်း၇၂၃၀ဦးသန်းဇော်ဦး ဝေါမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးစာကြည့်တိုက်၉-၆-၂၀၂၂
သတ်မှတ်ချက်အားလုံး
ပြည့်မီသောအိပ်မက်အမျိုးအစား
၆၀၂၈ဒေါ်သန်းသန်းချစ်ဟဲဟိုးမြို့နယ်၊ ရှမ်းပြည်နယ်စက်ချုပ်သင်တန်း၁၄-၆-၂၀၂၂
လုပ်ငန်းအသစ်အတွက် ထောက်ပံ့ခြင်း (မိမိကိုယ်တိုင်အတွက်)၆၃၆၂ဦးဆန်းလင်းအောင် မင်းလှမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးကုန်စုံဆိုင်၂၂-၆-၂၀၂၂

MPT နှင့် KSGM တို့ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုအဖြစ် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူလူထု၊ စီးပွားရေး လုပ်ငန်းများနှင့် လူမှုအသိုင်းအဝိုင်းများသို့ အကောင်းဆုံး ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ပေးအပ်ခြင်း (၇)နှစ်မြောက် အထိမ်းအမှတ်အဖြစ် MPT သည် ၂ဝ၂ဝ ပြည့်နှစ်၊ စက်တင်ဘာလတွင် ထူးခြားဆန်းသစ်သည့် “အနာဂါတ်တွေပုံဖော်ဖို့ ရွှေအိပ်မက်နဲ့ ရှယ်လန်းစို့” အစီအစဉ်ကို မိတ်ဆက်ခဲ့ကာ အဆိုပါအစီအစဉ်မှာ ပါဝင်သူပေါင်း ၇,၀၀၀ ကျော်ဖြင့် အလွန်ပင်အောင်မြင်မှု ရရှိခဲ့ပါသည်။

MPT သည် အဆိုပါအစီအစဉ်မှတစ်ဆင့် ကံထူးရှင် ၇ ဉီးအား အိပ်မက်အမျိုးအစား ၄ မျိုးဖြစ်သည့် မိသားစု၊ လုပ်ငန်းအသစ်အတွက်ထောက်ပံ့ခြင်း (မိမိကိုယ်တိုင်အတွက်)၊ ရပ်ရွာအဖွဲ့အစည်းများအတွက် ကူညီထောက်ပံ့ ခြင်းနှင့် သတ်မှတ်ချက်အားလုံးပြည့်မီသော အိပ်မက်အမျိုးအစားကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ တွင် MPT ၏ Facebook စာမျက်နှာမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့် ရွေးချယ်ခဲ့ပြီးဖြစ်ပါသည်။ ယခုအခါတွင် ကံထူးရှင် (၄)ဦးအနေဖြင့် ၎င်းတို့၏ စိတ်ကူးအိပ်မက်များကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး MPT သည် ကျန်ရှိနေသော ကံထူးရှင် (၃)ဦးအား ၎င်းတို့၏ကံထူးလက်ဆောင်များ အမြန်ဆုံးလွှဲပြောင်းပေးအပ်ရန် ဆက်လက် ဆောင်ရွက်လျက်ရှိပါသည်။ “ရွှေအိပ်မက်” အစီအစဉ်မှ ကံထူးရှင်များ၏ အသေးစိတ်အချက်အလက်များကို MPT ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm/en/dream-come-true/ မှတစ်ဆင့် ဝင်ရောက်လေ့လာနိုင် ပါသည်။

ကံထူးလက်ဆောင်များ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားများမှ အမှတ်တရဓာတ်ပုံများကို အောက်တွင်ဖော်ပြ ပေးထားပါသည်။

blank

ဦးအာကာမြင့်အောင်အား Brand New MG 5 ကား လွှဲပြောင်းပေးအပ်ခဲ့စဉ် (ရန်ကုန်)

blank

ဦးသန်းဇော်ဦးအား စာကြည့်တိုက် လွှဲပြောင်း ဖွင့်လှစ် ပေးအပ်ခဲ့စဉ် (ပဲခူး)

blank

ဒေါ်သန်းသန်းချစ်အား စက်ချုပ်သင်တန်း လွှဲပြောင်း ဖွင့်လှစ်ပေးအပ်ခဲ့စဉ် (ရှမ်းပြည်နယ်)

blank

ဦးဆန်းလင်းအောင် အား ကုန်စုံဆိုင် လွှဲပြောင်းဖွင့်လှစ် ပေးအပ်ခဲ့စဉ် (ပဲခူး)

MPT ဝန်ဆောင်မှုများကို အစဥ်တစိုက်သုံးစွဲလျက်ရှိသည့် မိဘပြည်သူများအား အထူးပင် ကျေးဇူးတင်ရှိပါသည်။ MPT နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်နိုင်ကာ 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

best operator in Myanmar