MPT Myanmar

MPT က အလန်းစားဆုလက်ဆောင်များ ပါဝင်သည့် “ရင်ခုန်ကံစမ်း ဆုတွေလန်း” ဖုန်းငွေဖြည့်ကံစမ်းမဲအစီအစဉ်ကို မိတ်ဆက်

Published 19 Sep 2022

(ရန်ကုန်မြို့၊ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်) – MPT သည် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများထံသို့ အကျိုးခံစားခွင့်များ ပိုမိုပေးအပ်နိုင်ရန်အတွက် ထူးခြားဆန်းသစ်သော “ရင်ခုန်ကံစမ်း ဆုတွေလန်း” ဖုန်းငွေဖြည့်ကံစမ်းမဲအစီအစဉ်အသစ်ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်မှစတင်၍ မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်၊၊ ကံစမ်းမဲအစီအစဉ်ကာလအတွင်း MPT သုံးစွဲသူများသည် iPad Mini 6 ၊ iPhone 13 Pro ၊Samsung Z Flip 4 နှင့် ၁ ကျပ်သား ရွှေဒင်္ဂါးပြားများပါဝင်သော အလန်းစားဆုလက်ဆောင်များကို အပတ်စဉ် ကံထူးနိုင်မည် ဖြစ်ပါသည်၊၊ အဆိုပါ အစီအစဉ်ကို အောက်တိုဘာလ ၁၆ ရက်အထိ အပတ်စဉ် ကျင်းပသွားမည် ဖြစ်ပြီး စုစု​ပေါင်း ကံထူးရှင် (၂၆) ဦးအား ​ ပေးအပ်သွားမည်ဖြစ်ပါသည်။

MPT GSM/WCDMA ကြိုတင်ငွေဖြည့်ကတ် သုံးစွဲသူများအားလုံးသည် MPT4U အက်ပလီကေးရှင်းတွင် ငွေဖြည့်ကတ်ဖြင့်ငွေဖြည့်သွင်းခြင်း (သို့မဟုတ်) ခဲခြစ်ဖုန်းငွေဖြည့်ကတ်တို့ဖြင့် အနည်းဆုံးငွေ ကျပ် ၁,၀၀၀ ဖိုး ဖုန်းဘေလ်ဖြည့်သွင်းပြီး “ရင်ခုန်ကံစမ်း ဆုတွေလန်း” ဖုန်းငွေဖြည့်ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ကံစမ်းနိုင်မည် ဖြစ်ပါသည်၊၊ MPT သုံးစွဲသူများသည် MPT4U အက်ပလီးကေးရှင်းတွင် ငွေဖြည့်ကတ်ဖြင့်ငွေဖြည့်သွင်းခြင်း (သို့မဟုတ်) ခဲခြစ်ဖုန်းငွေဖြည့်ကတ်တို့မှတစ်ဆင့် ဖုန်းဘေလ်ဖြည့်တိုင်း ဖုန်းဘေလ်ဖြည့်သည့် (ကျပ် ၁,၀၀၀/ ၃,၀၀၀/ ၅,၀၀၀/ ၁၀,၀၀၀/ ၃၀,၀၀၀) ပမာဏပေါ်မူတည်၍ လက်မှတ်အရေအတွက် ရရှိမည်ဖြစ်ပါသည်၊၊ သုံးစွဲသူများသည် ၁,၀၀၀ ကျပ် ဖုန်းဘေလ်ဖြည့်သွင်းတိုင်း လက်မှတ် (၁) စောင်ရရှိမည်ဖြစ်ကာ ဖုန်းဘေလ် ၃,၀၀၀ ကျပ်ဖြည့်သွင်းပါက လက်မှတ် (၃) စောင်ရရှိမည် ဖြစ်ပါသည်။ ၎င်းလက်မှတ်များဖြင့် သုံးစွဲသူများသည် “ရင်ခုန်ကံစမ်း ဆုတွေလန်း” ဖုန်းငွေဖြည့်ကံစမ်းမဲအစီအစဉ်တွင် ဝင်ရောက်ပါဝင် ကံစမ်းနိုင်မည်ဖြစ်ပါသည်၊၊

ထို့အပြင် MPT သုံးစွဲသူများသည် MPT Special Flash ၏ MPT Special Day တွင် သတ်မှတ်ထားသော ပက်ကေ့ချ်များကို ဝယ်ယူခြင်းဖြင့် အလန်းစားဆုလက်ဆောင်များကို ကံထူးနိုင်မည့်အခွင့်အလမ်းများလည်း ရရှိနိုင်မည် ဖြစ်သည်၊၊

MPT သုံးစွဲသူများအနေဖြင့် ငွေဖြည့်ကံစမ်းမဲအစီအစဉ်မှ အလန်းစားဆုလက်ဆောင်များကို အောက်ပါအတိုင်း ရယူပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး အစီအစဉ်နှင့်ပတ်သက်သော စည်းကမ်းသတ်မှတ်ချက်များကို http://bitly.ws/uqpY တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်၊၊

How to choose lucky winnersLucky PrizesQTYNumber of Winnersto Participant at Lucky Draw Campaign


Weekly
1st Week Lucky Prize_ iPad Mini 6 Wi-Fi (64GB)6Total Winners (19th September to 16th October 2022) – 26 Winners Recharge channel in MPT4U App
 Physical Top-up scratch card
 Purchasing selected Special pack on Special Day of MPT Special Flash Event
2nd Week Lucky Prize_ iPhone 13 Pro (128 GB)6
3rd Week Lucky Prize_ Samsung Z Flip 4 (8 GB RAM/ 256 GB ROM)8
4th Week Lucky Prize_ 1 Tical Gold Coin 16 full grade6

*အပတ်စဉ်အလိုက် ကံထူးရှင်များကို ကျပန်းစနစ်ဖြင့်ရွေးချယ်ကာ သောကြာနေ့တိုင်း MPT Facebook စာမျက်နှာ၊ ဝက်ဘ်ဆိုက်၊ Viber နှင့် Telegram တို့တွင် ကြေညာသွားမည်ဖြစ်သည့်အပြင် MPT မှလည်း အပတ်စဉ်ကံထူးရှင်များကိုဆက်သွယ်အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။

MPT သုံးစွဲသူများသည် အပတ်စဉ်အလိုက် ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ကံစမ်းနိုင်မည်ဖြစ်ပြီး ယခင်အပတ်၏ ကံစမ်းလက်မှတ်များသည် နောက်အပတ်ကံစမ်းမဲကာလတွင် အကျုံးဝင်မည်မဟုတ်ပါ။ ပါဝင်ကံစမ်းထားသည့်လက်မှတ်များကို အပတ်စဉ်အလိုက် *224# သို့ခေါ်ဆိုစစ်ဆေးနိုင်မည်ဖြစ်သည်။ (ဥပမာ ပထမအပတ်တွင် အကျုံးဝင်သော ကံစမ်းလက်မှတ်များသည် ပထမအပတ်အတွက်သာ အကျုံးဝင်သည်။ အခြားအပတ်များအတွက် အကျုံးမဝင်ပါ)

အဆိုပါအစီအစဉ်တွင် ဖုန်းဘေလ်ဖြည့်သွင်းသည့် အကြိမ်အရေအတွက်ကို ကန့်သတ်ထားခြင်းမရှိပါ၊၊ ထို့အပြင် အခြားသူသို့ ဖုန်းဘေလ်ဖြည့်သွင်းပေးနိုင်ပြီး ဖုန်းဘေလ်လက်ခံရရှိသူများသည် ဆုလက်ဆောင်များ ကံထူးနိုင်ရန် လက်မှတ်များကို ရရှိမည်ဖြစ်ပါသည်၊၊ ဖုန်းဘေလ်ဖြည့်သွင်းမှု ပမာဏများ​လေလေ အလန်းစားဆုလက်ဆောင်များ ကို ကံထူးနိုင်မည့် အခွင့်အလမ်း ပိုများလေလေဖြစ်ပါသည်၊၊ လက်ကျန် ဖုန်းဘေလ်လွှဲပြောင်းပေးခြင်းနှင့် ချေးငွေရယူခြင်းသည် ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ကံစမ်းရန် အကျုံးမဝင်ပါ၊၊

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်သုံးစွဲလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ရှိပါသည်။ MPT အနေဖြင့် ယခုလို စိန်ခေါ်မှုများသောကာလအတွင်း သုံးစွဲသူများထံသို့ ဆန်းသစ်ပြီး လွယ်ကူအဆင်ပြေသောဝန်ဆောင်မှုများပေးအပ်နိုင်ရန် အစဉ်အမြဲကြိုးပမ်းလျက်ရှိပါသည်။ MPT နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်နိုင်ကာ 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

best operator in Myanmar