blank

MPT က NLDပညာရေးကွန်ရက်ကျောင်းများမှ သင်တန်းသားများကို ဆရာဖြစ်ကွန်ပျူတာသင်တန်းများ ထပ်မံပံ့ပိုးပေးခြင်းဖြင့် “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ်ကို ဆက်လက်လုပ်ဆောင်

Published 12 Nov 2018

(ရန်ကုန်၊ ၂၀၁၈ခုနှစ် နိုဝင်ဘာ ၁၂ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ MPT သည် NLDပညာရေးကွန်ရက်နှင့် ပူးပေါင်း၍ “ ရှေ့သို့လှမ်းချီ ဒီဂျစ်တယ် ပညာရေးဆီ” အစီအစဉ်၏ ကွန်ပျူတာပညာ တတ်မြောက်ရေး တစ်စိတ်တစ်ဒေသအဖြစ် တစ်ချိန်တွင် အခွင့်အရေးနည်းပါးသည့် လူငယ်များကို ပြန်လည်သင်ကြားပေးနိုင်ရန်အတွက် ဆရာဖြစ် သင်တန်းသားများကို အခြေခံ မိုက်ခရိုဆော့ဖ် ဆော့ဖ်ဝဲ နည်းပညာအသုံးချခြင်းများအား သင်ကြားပို့ချပေးလိုက်ပြီဖြစ်ကြောင်း ယနေ့သတင်း ထုတ်ပြန်ကြေညာသည်။ အဆိုပါအစီအစဉ်တွင် သင်တန်းဆရာဖြစ်လာမည့် သင်တန်းသားဦးရေ ၅၀ ကျော်က မိုက်ခရိုဆော့ဖ်၏ဆော့စ်ဝဲ စနစ်များ ဖြစ်သော Word ၊ Excel ၊ Power Point နှင့် ရုံးလုပ်ငန်းသုံး အီးမေးလ် အသုံးပြုနည်းအစရှိသည့် ပညာရပ်များကို ပြန်လည်သင်ကြားပေးနိုင်စေမည့် နည်းလမ်းများကို လေ့လာသင်ကြားခဲ့ကြရသည်။

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အလှမ်းကွာသည့်ဒေသတွင်နေထိုင်ကြသည့် လူငယ်များအတွက်နည်းပညာနှင့် ပညာရေးကဏ္ဍတွင် နှောင့်နှေးခြင်းမရှိ တစ်ပြိုင်နက်တည်း ဖွံ့ဖြိုးတိုးတက်လာစေရန်မှာ “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ်၏ ပင်မရည်ရွယ်ချက်ဖြစ်ပါသည်။ ယခု အစီအစဉ်အရနည်းပညာနှင့်ပတ်သက်၍ လေ့လာဆည်းပူးလိုသူများက ရန်ကုန် သို့မဟုတ် အခြားသော မြို့ကြီး များသို့ သွားရောက်ရန်လိုအပ်တော့မည်မဟုတ်ဘဲ မိမိတို့၏ မြို့နယ်၊ ရပ်ကွက်များအတွင်း၌ပင် MPT နှင့် NLD ပညာရေးကွန်ရက်တို့ပူးပေါင်းလုပ်ဆောင်သော အထက်ပါအစီအစဉ်မှတစ်ဆင့် လေ့လာသင်ကြားနိုင်မည်ဖြစ်သည်။

MPT-KSGM Joint Operations မှ လုပ်ငန်းလည်ပတ်မှုဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr. Yoshiaki Benino က “ကျွန်တော်တို့အနေန့ ဲ နိုင်ငံအဝှမ်းကအဓိကမြို့ကြီးတွေရဲ့ အချက်အချာမဟုတ်တဲ့ ဒေသတွေမှာ နေထိုင်သူ အခွင့်အရေးနည်းပါးတဲ့ လူငယ်တွေအတွက် NLD ပညာရေးကွန်ရက်နဲ့အတူ ပူးပေါင်းပြီး ကွန်ပျူတာကျွမ်းကျင်မှုကို ဖော်ဆောင်ပေးနေတဲ့နေရာမှာ ကျွမ်းကျင်တဲ့ လေ့ကျင့်သင်ကြားသူတွေကို မွေးထုတ်နိုင်ဖို့နဲ့ဖွံဖြိုးတိုးတက်ရေးအတွက် အဆင့်မြင့် မိုက်ခရိုဆော့ဖ် ရုံးသုံးကွန်ပျူတာပညာရပ်တွေကို သင်ကြားပေးနိုင်ဖို့လိုအပ်မှာဖြစ်ပါတယ်။ ဒီအစီအစဉ် အတွက်အခြားလိုအပ်တဲ့ ထောက်ပံ့မှုတွေဖြစ်တဲ့ အင်တာနက်လိုအပ်ချက်နဲ့  အခုလို ဆရာဖြစ်သင်တန်း လေ့ကျင့်သင်ကြားပေးမှုအတွက် အခြားသော ကုန်ကျစရိတ်တွေကိုလည်း ဆက်လက်တိုးချဲ့ ထောက်ပံ့ပေးလိုက်တာဖြစ်ပါတယ်။ အခုလို သင်တန်းပြီးဆုံး သွားခဲ့တဲ့ဒီဆရာတွေအနေနဲ့ နောင်လာမယ့် လူငယ်တွေအများကြီးကို ကွန်ပျူတာကျွမ်းကျင်မှုတွေကို မျှဝေပေးပြီးသူတို့ဘဝအတွက်လိုအပ်တဲ့ အသက်မွေးဝမ်းကြောင်းမှုမှာ အလားအလာကောင်းတွေ ပိုပြီး ရရှိစေဖို့ဆောင်ရွက်ပေးခြင်းကတစ်ဆင့် မြန်မာနိုင်ငံကိုရှေ့ကိုလှမ်းချီနိုင်ဖို့ ဆောင်ရွက်သွားနိုင်မှာလည်း ဖြစ်ပါတယ်။”ဟု ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာမျိုးညွန့်ကလည်း “ပထမဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့လူငယ်လေးတွေကို သူတို့ရဲ့အနာဂတ်မှာ အထောက်အပံ့ကောင်းတွေဖြစ်စေမယ့် ကွန်ပျူတာပညာရပ်တွေကို ကောင်းကောင်းမွန်မွန် အသုံးချတတ်ဖို့အတွက် ထောက်ပံ့ပေးတဲ့ MPT ကို ကျေးဇူးအထူးပဲတင်ရှိပါတယ်။ ဒီသင်တန်းမှာတတ်ကြတဲ့ သင်တန်းဆရာလောင်းလျာတွေဟာ MPT ရဲ့ ကျွမ်းကျင်သူတွေဆီက ပြည့်စုံတဲ့သင်ကြားပို့ချမှုတွေကို ရရှိပြီး သင်တန်းပြီးမြောက်တဲ့အခါ “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ်နဲ့ မြို့ပြဒေသနဲ့အလှမ်းကွာတဲ့ဒေသတွေမှာရှိနေကြတဲ့ အမေ့အိမ်သင်တန်းကျောင်းတွေမှာ ကွန်ပျူတာပညာရပ်တွေကို ဖြန့်ဝေပေးဖို့ တာဝန်တွေထမ်းဆောင်ကြရတော့မှာဖြစ်ပါတယ်။ သင်တန်းဆရာတွေများပြားလာမှသာ သင်တန်းသားများစွာကို လေ့ကျင့်သင်ကြားပေးနိုင်မှာဖြစ်လို့ ကျွန်တော်တို့အနေန့ကဲ တော့ ဒီလေ့ကျင့်ရေးအစီအစဉ်ကနေ ဝေးလံခေါင်ဖျားပြီး မြို့ပြနဲ့အလှမ်းဝေးတဲ့ဒေသတွေမှာ နေထိုင်နေရတဲ့ လူငယ်လေးတွေအထိ အကျိုးသက်ရောက်မှုရှိစေချင်ပါတယ်” ဟု ပြောကြားသည်။

NLDပညာရေးကွန်ရက်၏ အမေ့အိမ်သင်တန်းကျောင်းများမှာ မြို့ပြနှင့်အလှမ်းကွာသည့် ဒေသများတွင် ကွန်ပျူတာပညာတတ်မြောက်ရေးကို အထောက်အပံ့ပြုနိုင်ရန် စီစဉ်ဆောင်ရွက်ထားခြင်းဖြစ်သည်။ ယင်းသင်တန်း ကျောင်းများကို လွန်ခဲ့သော သုံးနှစ်ခန့်က စတင်ဆောင်ရွက်ခဲ့ရာ တက်ရောက်သင်ကြားသူ ကျောင်းသားပေါင်း ၂,၀၀၀ ကျော်ရှိခ့ြဲပီးုဖြစ်ပြီး သင်တန်းပြီးဆုံးချိန်တွင် အလုပ်အကိုင်ရရှိမှု အခွင့်အလမ်းလည်းမြင့်မားတိုးတက်ခဲ့ပါသည်။ သို့သော်လည်း အဆိုပါသင်တန်းကျောင်းများအား အဆင့်မြှင့်တင်တိုးမြှင့်ရန် နှင့် ပိုမိုတိုးတက်စွာလုပ်ဆောင်နိုင်ရန် အခြားသောအထောက်အပံ့ပေါင်းများစွား လိုအပ်နေဆဲဖြစ်ခဲ့ရာမှ MPT ၏ကူညီထောက်ပံ့မှုဖြင့် ယခုကဲ့သို့ သင်ကြားရေးအစီအစဉ်သစ်အား တိုးချဲ့လုပ်ဆောင်နိုင်ခဲ့ပြီး Wifi အင်တာနက်များ၊ အင်တာနက်ဒေတာကွန်ရက်နှင့် သင်တန်းဆရာများအတွက်လည်း အထောက်အပံ့များ ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

MPT အနေဖြင့် အဓိကကျသော ကဏ္ဍကြီးသုံးခုဖြစ်သည့် ပညာရေး၊ ကျန်းမာရေး နှင့် စွန်ဦးတီထွင်နှင့် စီးပွားရေးလုပ်ငန်းငယ်များကို အထောက်အပံ့ပြုနိုင်ရန် ဆောင်ရွက်နေခြင်းနှင့်အတူ အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် အမျိုးအစား စုံလင်လှသည့် လူမှုအကျိုးပြုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ စီးပွားရေးဆောင်ရွက်ချက်များ၊ လုပ်ငန်းလည်ပတ်မှုများနှင့် လူမှုအကျိုးပြုလုပ်ငန်းများကိုဆောင်ရွက်ခြင်းအတွက်” နှလုံးသားထဲက မြန်မာ” ဟူသောဆောင်ပုဒ်နှင့်အညီ MPT အနေဖြင့် ယင်း၏သုံးစွဲသူများ၊ နိုင်ငံ၏ စီးပွားရေးနှင့် ဒေသခံအဖွဲ့အစည်းများ၏ ကောင်းကျိုးကို ဖော်ဆောင်ရင်း ဈေးကွက်အတွင်းတွင် ဦးဆောင်သူအဖြစ်ဖြင့် ရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

MPT ၏ အကြောင်း နှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ဖုန်းခေါ်ဆိုခြင်း (သို့) www.mpt.com.mm နှင့် MPT ၏ တရားဝင် ဖေ့ဘွတ်ခ်စာမျက်နှာ https://www.facebook.com/mptofficialpage သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

best operator in Myanmar