blank

MPT မှ မြန်မာ့နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာဓလေ့ကို ထိန်းသိမ်းခြင်းနှင့်အတူ နိုင်ငံအဝှမ်းလှူဒါန်းမှုများ ဆောင်ရွက်သွားမည်

Published 02 Apr 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂ ရက်) – မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ဖြည့်ဆည်းပေးခြင်းနှင့်အတူ မြန်မာ့လူမှုအဖွဲ့အစည်းသို့လည်း လိုအပ်နေသော အကူအညီများ ကို ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိကာ လွန်ခဲ့သောလေးနှစ်တာ ကာလအတွင်းတွင် လူမှုရေး လုပ်ငန်းများဆောင်ရွက်ခြင်းမှ တစ်ဆင့် မြန်မာကျပ်ငွေ သန်းပေါင်း ၆,၀၀၀ ကျော်အထိ ကူညီထောက်ပံ့ပေးနိုင်ခဲ့ပြီး ဖြစ်သည်။

လူမူအသိုက်အဝန်းအတွင်း တာဝန်သိလူမှုအကျိုးပြုလုပ်ငန်းများကို အလေးထားဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်သော MPTအနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ စွန့်ဦးတီထွင်နှင့်စီးပွားရေးလုပ်ငန်းငယ် စသည့် အဓိက မဏ္ဍိုင်ကြီး သုံးရပ်တွင် မြန်မာနိုင်ငံကို ရှေ့သို့လှမ်းချီစေမည့် အနာဂတ်လူငယ်များကို အထောက်အပံ့ ဖြစ်စေရန် အထူးအလေးထားပြီး စိတ်အားထက်သန်စွာဖြင့် နိုင်ငံအနှံ့လှုပ်ရှား ဆောင်ရွက် နေပါသည်။

ယခုနှစ်အတွက် မြန်မာနှစ်ကူးမဟာသြင်္ကန်အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာဓလေ့ထုံးတမ်း အစဉ်အလာများကို ဆက်လက်ထိန်းသိမ်းကာ နှစ်သစ်ကူးအခါသမယအတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လှူဒါန်းမှုများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းကို ထုတ်ပြန်ကြေညာလိုက်ပါသည်။ လာမည့် ဧပြီလ ၄ ရက် နှင့် ၅ ရက် တို့တွင် MPT ၏ အကြီးတန်းအရာရှိများအပါအဝင် တိုင်းနှင့်ပြည်နယ်အသီးသီးရှိ ဌာနအသီးသီးတွင် တာဝန် ထမ်းဆောင်နေကြသော ဝန်ထမ်းများအနေဖြင့် နိုင်ငံအဝှမ်းရှိ ဘိုးဘွားရိပ်သာများ၊ ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ မိဘမဲ့ဂေဟာများ အစရှိသည့် လူမှုအကျိုးပြု အဖွဲ့အစည်းများ ရှိသည့် နေရာဒေသ ၄၈ ခုတွင် လှူဒါန်းမှုများကို ဆောင်ရွက်သွားမည်ဖြစ်ကာ စုစုပေါင်း မြန်မာကျပ်ငွေ သိန်းပေါင်း ၁,၀၀၀ ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အသုံးပြု ဆောင်ရွက် သွားမည်ဖြစ်သည်။

MPT၏ ဦးဆောင်ညွှန်ကြားရေးမှူး (MPT-KSGM Joint Operations ၏ ဒုတိယအမှုဆောင် အရာရှိချုပ်) ဖြစ်သည့် ဦးခင်မောင်ထွန်းမှ ယခုနှစ်ပြုလုပ်မည့် သြင်္ကန်နှစ်ကူး လူမှုအကျိုးပြုအစီအစဉ်များနှင့်ပတ်သက်၍ “ ကျွန်တော်တို့ MPT အနေနဲ့ မြန်မာတို့ရဲ့ထုံးတမ်းအစဉ်အလာတစ်ခုဖြစ်တဲ့ နှစ်သစ်ကူးအလှူကို ဆောင်ရွက်နိုင်တဲ့ အတွက် အထူးပဲ ကျေနပ်ဝမ်းမြောက်မိပါတယ်။ အခုလို နှစ်သစ်ကူး အခါသမယတိုင်းမှာ နှစ်ကူးအလှူကို ဆောင်ရွက်ပေးနေတာဟာ ကျွန်တော်တို့မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းရဲ့ ပြုလုပ်နေကျ လက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ အမှန်တကယ်အကူအညီ လိုအပ်နေတဲ့နေရာတွေကို ဦးတည်ထားပြီး ဆောင်ရွက်နေတာဖြစ်သလို တကယ်လိုအပ်နေတဲ့ နေရာတွေကို အထောက်အပံ့ ဖြစ်စေတဲ့အတွက် အထူးပဲ ဝမ်းသာပီတိ ဖြစ်ရပါတယ်။ ရှေ့ဆက်ပြီးတော့လည်း အနာဂတ်မျိုးဆက်သစ် လူငယ်တွေရဲ့ ဦးဆောင်မှုကို လက်ဆင့်ကမ်းပေးတဲ့ အနေနဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံအဝှမ်းက ဝန်ထမ်းတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့အတူ အဓိက ကဏ္ဍကြီး (၃) ရပ်မှာ လူမှုအကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက် သွားဦးမှာပဲဖြစ်ပါတယ်။
အခုလိုနှစ်သစ်အခါသမယမှာ မြန်မာတစ်နိုင်ငံလုံးက မိဘပြည်သူတွေ စိတ်ချမ်းသာ ကိုယ်ကျန်းမာ ပါစေကြောင်းနဲ့ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေဆီ အကောင်းဆုံးသော ဝန်ဆောင်မှုတွေကို ဆက်လက်ပြီး ဆောင်ကျဉ်း ပေးသွားမယ် ဆိုတာကိုလည်း MPT က ကတိပြုလိုပါတယ်။ အားလုံးပဲ ပျော်ရွှင်စရာ နှစ်သစ် မင်္ဂလာ ဖြစ်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်” ဟုပြောကြားခဲ့ပါသည်။

MPT အနေဖြင့် အောက်ပါနေရာဒေသများသို့ ဧပြီလ ၄ ရက် နှင့် ၅ ရက်များတွင် လှူဒါန်းသွားမည် ဖြစ်ပါသည်။

<
စဉ် ပြည်နယ် / တိုင်းဒေသကြီး နေရာ
၁။ရန်ကုန် တိုင်းဒေသကြီး ချမ်းမြေ့ရိပ်သာကျောင်း ၊ မိုးကုန်ဝိပဿနာ တရားစဉ် နှင့် လုပ်ငန်းစဉ် ပြန့်ပွားရေးအသင်းချုပ် ၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း
၂။ မန္တလေးတိုင်းဒေသကြီး အဝါရောင်မျိုးဆက်သစ်လူငယ် ပရဟိတအသင်း နှင့် မန္တလေးတောင် ဘိုးဘွားရိပ်သာ
၃။ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုသီရိမင်္ဂလာ ဘိုးဘွားရိပ်သာ
၄။ မကွေးတိုင်းဒေသကြီး ရွှသာသနာ့ဂုဏ်ရည် သီလရှင်ကျောင်းနှင့် မြတ်ရတနာ နာရေးကူညီမှုအသင်း ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)
၅။ ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း) ခေါင်းဆေးကန်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဥဿမြို့သစ်
၆။ ပဲခူးတိုင်းဒေသကြီး ခရတနာမဉ္ဇူရီ မိဘမဲ့ကျောင်း (ပြည်မြို့) နှင့် အဝါရောင်မျိုးဆက်သစ်လူငယ် ပရဟိတအသင်း မိုးညိုမြို့
၇။ ဧရာဝတီတိုင်းဒေသကြီ အဝါရောင်မျိုးဆက်သစ်လူငယ် ပရဟိတအသင်း
၈။ တနင်္သာရီတိုင်းဒေသကြီ OHC သက်ကြီးစောင့်ရှောက်ရေး(ထားဝယ်)၊ ဇေယျဘူမိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ထားဝယ်)၊ အရိုးဆေးကန် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (ထားဝယ်)
၉။ နေပြည်တေ စမတောင် မိဘမဲ့ကလေးကျောင်း နှင့် ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာ
၁၀။ ကချင်ပြည်နယ် ပေးဆပ်သူလူမှုကူညီရေးအသင်း (အံတော်ရှင်)၊ မျက်မမြင်ကျောင်း (ဂျာမိုင်းကောင်း)၊ မျှော်လင့်ခြင်းအသစ် မိသားစုဂေဟာ နှင့် မျှော်လင့်ခြင်း ဂေဟာ
၁၁။ ကယားပြည်နယ် ပရွှေလွိုင်ကော် ပရဟိတအဖွဲ့၊ ထီးပွင့်ကန် ဘုန်းတော်ကြီးကျောင်း နှင့် ချမ်းမြေ့သိဒ္ဓိ ဒေါတမကြီး ဘုန်းတော်ကြီးကျောင်
၁၂။ ကရင်ပြည်နယ် ပချမ်းကလေး ဘက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နှင့် ပေးဆပ်သူ လူမှုကယ်ဆယ်ရေး အဖွဲ
၁၃။ ချင်းပြည်နယ် ပသာသနာပြန့်ပွားရေးသီလရှင်ကျောင်း၊ ဇိုင်ယွန် နှစ်ခြင်းမိဘမဲ့ဂေဟာ၊ ဟားခါး နှစ်ခြင်းမိဘမဲ့ဂေဟာ၊ Baytayle နှစ်ခြင်းဘိုးဘွားရိပ်သာ နှင့် ဟက်ပီး ယူစီပီ မိဘမဲ့ဂေဟာ
၁၄။ မွန်ပြည်နယ် ပကျောက်ကလာပ် ဘုန်းတော် ကြီးသင်ပညာရေးကျောင်း၊ ကျိုက်ထို ဘိုးဘွားရိပ်သာ၊ ကျိုက်ထို ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၊ ညောင်ပင်ဆိပ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ဘိုဘိုဝင်းမော်လမြိုင်လူမှုရေးအဖွဲ့အစည်း
၁၆။ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဗုဒ္ဓဥယျာဉ်ဘုန်းတော်ကြီးကျောင်း နှင့် ကျောင်းထိုင်သင်တန်းကျောင်း
၁၇။ ရှမ်းပြည်နယ် (တောင်ပိုင်း) ပ ပညာဥယျာဉ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း နှင့် တောင်ကြီးမသန်စွမ်း ကျောင်း
၁၈။ ရှမ်းပြည်နယ် (မြောက်ပိုင်း) လူမျိုးဘာသာမရွေးစောင့်ရှောက်မှုအသင်း ကျောက်ကပ်ဌာန (လားရှိုး)၊ မိုးကောင်းသီလရှင်ကျောင်း၊ ဆင်းရွှေလီ ဘိုးဘွားရိပ်သာ(လားရှိုး) နှင့် ကရုဏာ လူမှုအဖွဲ့အစည်း

မြန်မာနိုင်ငံအတွင်းရှိ လူမှုအသိုင်းအဝန်းအတွက် အကျိုးအမြတ်ကောင်းများကို ဖော်ဆောင်ပေးနိုင်ရန်အတွက် MPT အနေဖြင့် လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အဓိကကဏ္ဍ သုံးရပ်ဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ စွန့်ဦးတီထွင်နှင့်် စီးပွားရေးလုပ်ငန်းငယ်များကို ဦးတည်ထားကာ ဆောင်ရွက်နေပြီး ဥပမာအနေဖြင့် ပညာရေးကဏ္ဍတွင် MPT သည် “ ရှေ့သို့လှမ်းချီဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ် ကို NLD ပညာရေး ကွန်ရက်နှင့်အတူ လူငယ်များအတွက် ကွန်ပျူတာအခြေခံ သင်တန်းများကိုပေးအပ်ကာ လက်တွဲဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးကဏ္ဍအတွက် သန့်ရှင်းပြည့်ဖြိုး ရေအကျိုး အစီအစဉ်ကို NAG နှင့် BAJ စသည့် NGO တို့နှင့်အတူ ပူးပေါင်းပြီးလည်းကောင်း၊ အနာဂတ်မျိုးဆက်သစ် လူငယ်များအား ပျိုးထောင်ပေးနိုင်ရန် “ မြန်မာလူငယ် နည်းပညာ စွန့်ဦးတီတွင် ဖွံ့ဖြိုးရေးအစီအစဉ်” ကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်နှင့် အတူတကွ ပူးပေါင်း၍ လည်းကောင်းအသီးသီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။
ထို့အပြင် အခြားသော လူမှုအကျိုးပြု အစီအစဉ်များဖြစ်သည့် ပတ်ဝန်းကျင်သန့်ရှင်းရေး အစီအစဉ်များ၊ သွေးလှူဒါန်းခြင်းများ၊ သစ်ပင်စိုက်ပျိုးခြင်းများ စသည့် အကျိုးပြုလုပ်ငန်းများတွင်လည်း ဒေသခံပြည်သူများနှင့် ပရဟိတအဖွဲ့များနှင့်အတူ MPT ဝန်ထမ်းများစုပေါင်း၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပါဝင် ဆောင်ရွက်လျက် ရှိသည်။
MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများအကြောင်းကို ဖော်ပြသည့် ရုပ်သံဗွီဒီယိုများကို အောက်ပါ လိုတရ ဝက်ဘ်ပေါ်တယ်တွင်ဝင်ရောက်ပြီး MPT ၏ မိုဘိုင်းဖုန်းဖြင့် ဖုန်းဘေလ် ကုန်ကျမှုမရှိဘဲ လေ့လာနိုင်ပါသည်။
https://lotaya.mpt.com.mm/service/mptcsr

အလားတူပင် MPT ၏ လူမှုအကျိုးပြုလှုပ်ရှားမှုများနှင့် ပတ်သက်သည့် အချက်အလက်များ အပြင်၊ MPT ၏ အခြားသော စိတ်ဝင်စားဖွယ် ဝန်ဆောင်မှုနှင့် အရောင်းမြှင့်တင်မှု ဆောင်ရွက်ချက်များအား ပိုမိုသိရှိလိုပါလျှင် ၁၀၆ သို့ ဖုန်းခေါ်ဆို၍ဖြစ်စေ၊ www.mpt.com.mm သို့ဝင်ရောက်၍ဖြစ်စေ၊ MPT ၏ တရားဝင် Facebook page https://www.facebook.com/mptofficialpage သို့ ဝင်ရောက်၍ဖြစ်စေ လေ့လာနိုင် မည် ဖြစ်ပါသည်။

best operator in Myanmar