blank

MPT သည် ပြည်သူများတွေ့ကြုံနေရသောရေပြတ်လပ်မှု အခက်အခဲများကိုသက်သာစေရန် ရန်ကုန်မြို့၏ အချို့နေရာများတွင် သောက်သုံးရေလှူဒါန်းခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်နေပြီဖြစ်

Published 30 Mar 2022

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၀ ရက်) -MPT သည် မြန်မာပြည်သူပြည်သားများအတွက် အရေးပါသော တယ်လီကွန်းဆက်သွယ်ရေး ဝန်ဆောင်မှုများပေးအပ်ရန် ခက်ခဲသောအခြေအနေများတွင် အကောင်းဆုံး ကြိုးပမ်းမှုများဖြင့် စဉ်ဆက်မပြတ် ပေးအပ်နေသည့်အပြင် “အတူလက်တွဲအမြဲရှိမည် MPT” ဟူသည့် ဆောင်ပုဒ်အတိုင်း လူမှုအသိုက်အဝန်းအတွက် လိုအပ်သောအကူအညီများကို တိုးချဲ့ကာ ပံ့ပိုးဆောင်ရွက်လိုက်ပြီ ဖြစ်သည်။ ယခုလိုကြိုးပမ်းမှုဖြစ်သည့် ရန်ကုန်မြို့အတွင်းရှိ လူမှုအဖွဲ့အစည်း အတွက် အရေးပါသော သောက်သုံးရေ ပေးဝေလှူဒါန်းမှုမှာ ယခုလိုကာလအတွင်း အထူးသဖြင့် ပူပြင်းသည့် နွေရာသီနှင့် ရေပြတ်လတ်မှုကိုခံစားနေရသူ ပြည်သူများအတွက် နေ့စဉ်လိုအပ်သည့် ရေအလှူကို လုပ်ဆောင်လိုက်ခြင်းပင်ဖြစ်သည်။

ရေပြတ်လပ်မှု ကြုံတွေ့နေရသည့် မြို့နယ်အချို့ နှင့် ရန်ကုန်မြို့ပတ်ဝန်းကျင်နေရာများတွင် ရေလှူဒါန်းမှုပြုရန် စီမံချက်သည် ၁၇ ရက်ခန့် ကြာမြင့်နိုင်မည်ဖြစ်ပြီး MPT အနေဖြင့် ရေဂါလံ ၁ ဒသမ ၁ သန်းကျော် ထောက်ပံ့နိုင်ရန် မျှော်လင့်ထားကာ ရန်ကုန်မြို့၏ မြို့နယ်အချို့ရှိ မိသားစုပေါင်း ၅၉,၄၀၀ ၏ ရေအခက်အခဲကို သက်သာရာရနိုင်ရန် မျှော်မှန်းထားပါသည်၊၊

အဆိုပါ ပံ့ပိုးကူညီမှုတွင် MPT သည် လိုအပ်သောနေရာများသို့ ရေဖြန့်ဝေပေးရန်အတွက် လူမှုကူညီရေးအဖွဲ့ (၆)ဖွဲ့နှင့်ပူးပေါင်းကာ လှိုင်သာယာ၊ ထန်းတပင်၊ အင်းစိန်၊ ရွှေပြည်သာ၊ သာကေတ၊ မရမ်းကုန်း၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ အရှေ့ဒဂုံ၊ ခရမ်း၊ သံလျင်၊ ကျောက်တန်း၊ သုံးခွ၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ ကော့မှူး၊ ကွမ်းခြံကုန်း နှင့် သင်္ဃန်းကျွန်းမြို့နယ်များ အပါအဝင် (၂၂) မြို့နယ်ခန့်ကို အထောက်အပံ့ပြု လှူဒါန်းနိုင်မည်ဟု ရည်ရွယ်ထားပါသည်။

ရေလှူဒါန်းမှုစီမံချက်ကို ၂၀၂၂ ခုနှစ် မတ်လ ၂၈ ရက်မှ စတင်ခဲ့ကာ ၁၇ ရက်ခန့်အထိ ကြာမြင့်မည်ဖြစ်ပြီး ယခုလို ပူပြင်းသောနွေရာသီတွင် သောက်သုံးရေ၊ ချက်ပြုတ်ရေးနှင့် အခြားနေ့စဉ်အသုံးပြုမှုများအတွက် ရေလိုအပ်နေသော မြို့နယ်များကို ပေးဝေလှူဒါန်းသွားမည်ဖြစ်ကာ ပြည်သူများမှကြုံတွေ့နေရသော အခက်အခဲများကို သက်သာရာရစေရန် မျှော်မှန်းထားပါသည်။ ရေလှူဒါန်းမှုစီမံချက်လှုပ်ရှားမှု ဓာတ်ပုံအချို့ကို အောက်ပါအတိုင်း ကြည့်ရှုနိုင်ပါသည်။

blankတောင်ဉက္ကလာပမြို့နယ်အတွင်း ရေပေးဝေ လှူဒါန်းနေစဉ်

blankဒလမြို့နယ်အတွင်း ရေပေးဝေ လှူဒါန်းနေစဉ်

blankမရမ်းကုန်းမြို့နယ်အတွင်း ရေပေးဝေ လှူဒါန်းနေစဉ်

blankဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ရေပေးဝေ လှူဒါန်းနေစဉ်

MPT ၏ များပြားလှသော CSR လှုပ်ရှားမှုများအကြောင်း ပိုမိုသိရှိလိုပါက http://mpt.com.mm/en/about-home-en/csr-activities/ သို့လည်းဝင်ရောက်ကြည့်ရှုနိုင်ပါသည်၊၊

သုံးစွဲသူများသည် MPT အကြောင်းကို အသေးစိတ်သိရှိလိုပါက MPT တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT Viber MPT Telegram MPT4U အက်ပလီကေးရှင်း နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

best operator in Myanmar