Htaw b 7 time

MPT ၏ “ထောဘီ ၇ ဆ” အလိုအလျောက် သက်တမ်းတိုး ပက်ကေ့ချ် (Auto-renewal) များကို ကြိုက်နှစ်သက်ရာနည်းလမ်းများဖြင့် ဝယ်ယူနိုင်ပြီ

Published 23 Jun 2022

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၁ ရက်)- MPT သုံးစွဲသူများသည် “ထောဘီ ၇ ဆ” အလိုအလျောက် သက်တမ်းတိုး ပက်ကေ့ချ် (Auto-renewal) များကို ရယူ အသုံးပြုနိုင်ပြီဖြစ်သည်။ သုံးစွဲသူမှ အဆိုပြုဝယ်ယူထားပါက အဆိုပါ ပက်ကေ့ချ်၏ လက်ကျန် ထောဘီ ပမာဏ ၁,၀၀၀ ကျပ် အောက်သို့ရောက်ရှိ သွားချိန် (သို့မဟုတ်) ပက်ကေ့ချ် သက်တမ်းကုန်ဆုံးချိန်တွင် အလိုအလျောက်သက်တမ်းတိုး ဝယ်ယူသွားမည် ဖြစ်သည်။
နိုင်ငံတစ်ဝန်းမှ MPT Prepaid (ဆွေသဟာ၊ ရှယ်ပြော နှင့် ရွှေစကား) သုံးစွဲသူများသည် အလိုအလျောက် သက်တမ်းတိုးသည့် လုပ်ဆောင်ချက်ဖြင့် ပုံမှန်ဖုန်းဘေလ်ကို အဆပေါင်း ၇ ဆ ပွားကာ စိတ်တိုင်းကျ လဲလှယ်ရယူနိုင်မည့်အပြင် အဆိုပါ ပက်ကေ့ချ်ကို MPT အချင်းချင်းဖုန်းခေါ်ဆိုခြင်း၊ SMS စာတိုပေးပို့ခြင်း နှင့် သုံးသလောက်ပေးအင်တာနက်အသုံးပြုခြင်း တို့အတွက် သတ်မှတ်ထားသော ထောဘီ ၇ဆ အထူးနှုန်းထားဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် MPT သုံးစွဲသူများအနေဖြင့် မည်သည့်နည်းလမ်းဖြင့်မဆို “ထောဘီ ၇ဆ” အလိုအလျောက် သက်တမ်းတိုးပက်ကေ့ချ်များ (Auto-renewal) ကို ဝယ်ယူပါက ထိပေါက် ကံစမ်းခွင့် အခွင့်အရေး (၁) ကြိမ် ရရှိပြီး ထောဘီဖုန်းဘေလ် အဆပေါင်း ၁၀၀ အထိ ကံထူးနိုင်မည်ဖြစ်သည်။

ထောဘီ ၇ ဆ ပက်ကေ့ချ်၏ အသေးစိတ်အချက်အလက်များကို အောက်ပါဇယား တွင်ကြည့်ရှုနိုင် ပါသည်။

အလိုအလျောက်သက်တမ်းတိုး ထောဘီ ၇ဆ ဖုန်းဘေလ်သက်တမ်းရယူနိုင်သည့်နည်းလမ်းများလက်ကျန်ဖုန်းဘေလ် စစ်ဆေးရန်
တိုက်ရိုက် USSDCommon USSDApp
ပုံမှန်ဖုန်းဘေလ် ၁,၁၀၇ ကျပ် = ထောဘီ ၇ဆ ဖုန်းဘေလ် ၇,၇၇၇ ကျပ်၁၅ ရက်*700*1*3#*700#MPT4U App
(သို့မဟုတ်)

MPT Pay
*224#
ပုံမှန်ဖုန်းဘေလ် ၂,၂၀၇ ကျပ် = ထောဘီ ၇ဆ ဖုန်းဘေလ် ၁၅,၅၅၄ ကျပ်၃၀ ရက်*700*2*3#
ပုံမှန်ဖုန်းဘေလ် ၅,၅၁၇ ကျပ် = ထောဘီ ၇ဆ ဖုန်းဘေလ် ၃၈,၈၈၅ ကျပ်၆၀ ရက်*700*3*3#

MPT သုံးစွဲသူများအနေဖြင့် မိမိတို့၏ လိုအပ်ချက်များနှင့် ကိုက်ညီသည့် ကြိုက်နှစ်သက်ရာ “ ထောဘီ ၇ ဆ” ပက်ကေ့ခ်ျ များကို “Regular” နှင့် “Autorenewal” ဟူ၍ ပက်ကေ့ချ်ပုံစံ ၂ မျိုးဖြင့် ရယူအသုံးပြုနိုင်မည်ဖြစ်ကာ ရှိရင်းဖုန်းဘေလ်များကို အဆပေါင်း ၇ ဆ ပွား၍ အမြင့်ဆုံး သက်တမ်း အဖြစ် ရက်ပေါင်း ၆၀ အထိ အသုံးပြုနိုင်ပြီ ဖြစ်သည်။
“Regular” နှင့် “Autorenewal” ပက်ကေ့ချ် နှစ်မျိုးလုံးသည် တူညီသော ထောဘီ ၇ ဆ အကျိုးခံစားခွင့်များကို ရရှိမည်ဖြစ်ပြီး Autorenewal ပက်ကေ့ချ် အသုံးပြုသူများအတွက် ပိုမိုသက်သာသောပက်ကေ့ချ်စျေးနှုန်းဖြင့် ဆောင်ရွက်ထားပါသည်။ ထောဘီ ၇ ဆ ဖုန်းဘေလ်များကို သုံးစွဲသူများစိတ်ကြိုက် အကြိမ်ရေအကန့်အသတ်မရှိ ရယူလဲလှယ်နိုင်ပြီး ဒေတာပက်ကေ့ချ် များ၊ အသံ ပက်ကေ့ချ်များ၊ ထပ်ဆောင်းဝန်ဆောင်မှုများ (VAS) ကို ဝယ်ယူခြင်းအတွက် အသုံးပြုနိုင်မည် မဟုတ်ပါ။
မိမိတို့ခင်မင်ရသူများနှင့် မိတ်ဆွေများသို့ လက်ဆောင်အဖြစ်ပေးလိုပါက “Regular” ထောဘီ ၇ ဆ ဖုန်းဘေလ် ပက်ကေ့ချ်ကို MPT4U (သို့မဟုတ်) *700# ကိုခေါ်ဆိုပြီး လုပ်ဆောင်နိုင်မည်ဖြစ်သည်။ “Autorenewal” ပက်ကေ့ချ်များတွင် ဖုန်းဘေလ်ပမာဏ ချင်း မတူညီသော ပက်ကေ့ချ်ကို ပြောင်းလဲ ဝယ်ယူ၍ မရသည်မှအပ မူလဝယ်ယူထားသော ဖုန်းဘေလ်ပမာဏ ချင်းတူညီသော ထောဘီ ပက်ကေ့ချ်များကို အကြိမ်အရေအတွက် အကန့်အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး ထောဘီ ၇ဆ ဖုန်းဘေလ် ပမာဏများအားလုံး ပေါင်းစည်းသွားမည် ဖြစ်ကာ အမြင့်ဆုံးသက်တမ်းရှိသည့် ပက်ကေချ့်၏ သက်တမ်းကာလအတိုင်း အသုံးပြုနိုင်မည်ဖြစ်သည်။
MPT သည် မြန်မာပြည်သူများအကြား အကောင်းဆုံး ဆက်သွယ်ချိတ်ဆက်မှု ရရှိစေနိုင်ရေးအတွက် အမြဲတစေ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ၊ စီးပွားရေး လုပ်ငန်းများနှင့် လူမှုအသိုက်အဝန်းအပေါ်တွင် သက်ရောက်မှုများကိုလျှော့ချကာ သုံးစွဲသူများကို ထောက်ပံ့ပေးရန် နည်းလမ်းများကို စဉ်ဆက်မပြတ် ရှာဖွေနေပြီး ဒီဂျစ်တယ် လူမှုဘဝများ ပိုမိုတိုးတက်စေရေးအတွက် အကောင်းဆုံး ဆောင်ရွက်လျက်ရှိပါသည်။
“ထောဘီ ၇ဆ” ပက်ကေ့ချ်နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်နိုင်ကာ 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

best operator in Myanmar