×

MPT4U_ SIM Registration

၁။ MPT 4U ဆိုတာဘာလဲ?

MPT 4U Mobile Application ရဲ့ နောက်ထွက်တဲ့ဗားရှင်းအသစ်ပါ။ ယခင်ဗားရှင်းထက် ယခုဗားရှင်းအသစ်တွင် လုပ်ဆောင်ချက်အသစ်တွေကို ပိုမိုထည့်သွင်းထားပေးထားပါတယ်။

၂။ MPT4U ကို ဘယ်သူတွေ အသုံးပြုလို့ရလဲ?

GSM အသုံးပြုသူများအားလုံး MPT4U ကို အသုံးပြုနိုင်ပါတယ်။

၃။ ကျွန်တော်တို့ဖုန်းမှာ MPT4U အက်ပလီကေးရှင်းက ဘယ်လောက်နေရာယူပါသလဲ။

MPT4U အက်ပလီကေးရှင်းက install လုပ်ပြီးချိန်မှာတော့ 19MB နေရာယူပါတယ်။

၄။ MPT4U အက်ပလီကေးရှင်းမှာ မည်သည့်အရာများကို အသုံးပြုနိုင်ပါသလဲ။

MPT4U အက်ပလီကေးရှင်းမှာ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း၊ ငွေဖြည့်ခြင်း၊ ဖုန်းငွေလွှဲပြောင်းခြင်း၊ ဝယ်ယူနိုင်သည့် ပရိုမိုးရှင်းအစီအစဉ်များနှင့် ဖုန်းကြိုတင်ငွေသုံးဝန်ဆောင်မှု စသည်တို့ကို အသုံးပြနိုင်မည်ဖြစ်ပါတယ်။

၅။ MPT4U အက်ပလီကေးရှင်းကို အသုံးပြုရာတွင် ဒေတာအသုံးပြုမှုပမာဏကို ဖြတ်ပါသလား။

MPT4U အက်ပလီကေးရှင်းကို အသုံးပြုရာတွင် ဒေတာအသုံးပြုမှုပမာဏအတွက် မဖြတ်ပါဘူး။

၆။ MPT4U အက်ပလီကေးရှင်းကို အသုံးပြုရာတွင် Wifi ဖြင့် အသုံးပြု၍ ရပါသလား။

MPT4U အက်ပလီကေးရှင်းကို အသုံးပြုရာတွင် Wifi ဖြင့် အသုံးပြု၍ မရပါ။ မိမိ၏ Mobile Data Network ဖြင့်သာ အသုံးပြုရမှာဖြစ်ပါတယ်။

၇။ MPT4U က Free App တစ်ခုလား ဝယ်ယူရမှာလား။

MPT4U app ကို အခမဲ့ Download ပြုလုပ်ပြီး ရယူနိုင်ပါသည်။
http://bit.ly/2zHvlvH

၈။ MPT4U ၏ တခြားသော လုပ်ဆောင်ချက်တွေက မည်သည့်အရာတွေပါလဲ။

သင်၏ မိုဘိုင်းဖုန်းမှတစ်ဆင့် မည်သည့်အချိန်မဆို ဝင်ရောက်နို်င်ရန်အတွက် Auto Login ကို ဖွင့်ထားရပါမည်။ သင်၏ ၀ယ်ယူထားသည့်ပက်ကေ့ချ်အလိုက် သုံးစွဲနိုင်မည့် ဒေတာပမာဏ မည်မျှကျန်ရှိသေးကြောင်း၊ ဖုန်းခေါ်ဆိုရန် မိနစ်မည်မျှကျန်ရှိသေးကြောင်း၊ လက်ကျန်ဖုန်းဘီလ် ပမာဏ မည်မျှကျန်ရှိသေးကြောင်း စသည်တို့ကို စစ်ဆေးနိုင်မည် ဖြစ်ပါသည်။ သင်၏ ကိုယ်ရေးအချက်အလက် ဖိုင်တွင်လည်း ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

၉။ MPT 4U အက်ပလီကေးရှင်းနှင့်အတူ အခြားမည်သည့်အရာများကိုလည်း ဆောင်ရွက်နိုင်ပါလဲ။

MPT 4U အက်ပလီကေးရှင်းနှင့်အတူ MPT ၏ Call Center ကိုလည်း တိုက်ရိုက်ခေါ်ဆိုနိုင်ပြီး MPT ၏ လူမှုကွန်ရက်များချိတ်ဆက်မှုများဖြစ်သည့် Viber၊ Line၊ Facebook နှင့် လိုတရ တို့ကိုလည်း အသုံးပြုနိုင်မည်ဖြစ်သည်။

၁၀။ ဒေတာများကို မည်သည့်နေရာတွင် သိမ်းထားပါသလဲ။ သုံးစွဲသူများရဲ့ သတင်းအချက်အလက်များ လုံခြုံမှုရှိအောင် မည်သို့ သိမ်းဆည်းထားပါသလဲ။

သတ်မှတ်ထားတဲ့ IP ကသာလျှင် ၀င်ရောက်နိုင်မယ့် အလွန်လုံခြံုတဲ့ Database System ရှိပါတယ်။ ဒါကြောင့် သုံးစွဲသူတွေအနေနဲ့ Data လုံခြံုရေးအတွက် စိုးရိမ်စရာမလိုပါဘူး။