×

စိတ်ဝင်စားဖွယ်နှုန်းထားများဖြင့် အရည်အသွေးမြင့် ဖျော်ဖြေရေး အစီအစဉ်များကို ရယူနိုင်မည့် Content Data Bundle ဝန်ဆောင်မှုအသစ်ကို MPT စတင်မိတ်ဆက်

17 Dec 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်)- MPT က သုံးစွဲသူများအတွက် စိတ်လှုပ်ရှားဖွယ်ရာ ထောင်နှင့်ချီသော ရုပ်ရှင်ဇာတ်ကားများ၊ တီဗီအစီအစဉ်များကို အခပေးရန်မလိုဘဲ Viu မိုဘိုင်းလ်အက်ပလီ ကေးရှင်းမှတစ်ဆင့် 1 MB လျှင် တစ်ကျပ်နှုန်းထားဖြင့် ကြည့်ရှုနိုင်မည့် ဒေတာပက်ကေ့ချ်အသစ်တစ်ခုကို မြန်မာနိုင်ငံအတွင်း ပထမဆုံးအနေဖြင့် စီစဉ်ဆောင်ရွက်ပေးလိုက်ပြီဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်သည်။ မိတ်ဖက်အဖြစ် စတင်လက်တွဲလိုက်သည့် Viu မှာ နိုင်ငံတကာမှ လူကြိုက်အများဆုံး တီဗွီအစီအစဉ်များနှင့် ရုပ်ရှင်ဇာတ်ကား အများအပြားကို မြန်မာစာတန်းထိုးအပြည့်ဖြင့် တိုက်ရိုက်ကြည့်ရှုနိုင်သော ပထမဦးဆုံးနှင့် ထိပ်တန်းဝန်ဆောင်မှု ပေးနေသည့် အက်ပလီကေးရှင်းတစ်ခုဖြစ်ပါသည်။ အဆိုပါ ဝန်ဆောင်မှုတွင် သုံးစွဲသူများအနေဖြင့် Running Man နှင့် An Empress’s Dignity ကဲ့သို့သော ကိုရီးယားနိုင်ငံ၏ လူကြိုက်များ ဇာတ်လမ်းတွဲများ၏ နောက်ဆုံးထွက်အပိုင်းသစ်များ အပါအဝင် အာရှတိုက်ရှိ နာမည်ကျော်ရုပ်သံရှိုးများနှင့် ရုပ်ရှင်များကို စိတ်ကြိုက် ကြည့်ရှုနိုင်မည်ဖြစ်သည်။

စာရင်းပေးသွင်းပြီးသည်နှင့် MPT သုံးစွဲသူများက Viu အက်ပလီကေးရှင်းကို ဒေါင်းလုတ်ရယူပြီး MPT ၏ နိုင်ငံအနှံ့ချိတ်ဆက်ထားသည့် မြန်နှုန်းမြင့် 3G/LTE+ ကွန်ရက်ပေါ်မှ တစ်ဆင့် ၎င်းတို့စိတ်ကြိုက် တီဗီရှိုးအစီအစဉ်များကို စာရင်းပေးသွင်းခ ထပ်မံပေးရန်မလိုအပ်ဘဲ ချက်ချင်းကြည့်ရှုနိုင်မည်ဖြစ်သည်။ လူကြိုက်များသော ကိုရီးယား ဒရာမာဇာတ်လမ်းတွဲများနှင့် အမျိုးအစားစုံဇာတ်လမ်းတွဲများအပြင် အိန္ဒိယ၊ ဂျပန်၊ ထိုင်းနှင့် မြန်မာနိုင်ငံမှ အရည်အသွေးမြင့်ဇာတ်ကားများနှင့် ဇာတ်လမ်းများကို Viu အက်ပလီကေးရှင်းတွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။ ကိုရီးယားနှင့် ဂျပန်နိုင်ငံမှ အချို့သော ရုပ်သံဇာတ်လမ်းတွဲများကို ၎င်းတို့နိုင်ငံမှ မူလ ရုပ်သံထုတ်လွှင့်မှုအပြီး ၂၄ နာရီအတွင်း မြန်မာစာတန်းထိုးဖြင့် Viu အက်ပလီကေးရှင်းတွင် ပြသပေးသွား မည်ဖြစ်ပြီး MPT ၏ Viu ဒေတာပက်ကေ့ချ်ဝယ်ယူသုံးစွဲသူတိုင်းက ပရီမီယမ်သုံးစွဲသူအဖြစ် ရုပ်ရှင်ဇာတ်လမ်းများ အားလုံးကိုဒေါင်းလုတ်ပြုလုပ်နိုင်မည် ဖြစ်သည်။

MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda က “မြန်မာနိုင်ငံရဲ့ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်တာနဲ့အညီ အခုလို Viu ရဲ့ ပရီမီယမ်တီဗွီရှိုးနဲ့ ရုပ်ရှင်တွေကို ဈေးနှုန်းသက်သာတဲ့ ဒေတာပက်ကေ့ချ်နဲ့ ကြည့်ရှုနိုင်ဖို့ မိတ်ဆက် လိုက်နိုင်တဲ့အတွက် အထူးပဲစိတ်လှုပ်ရှား နေမိပါတယ်။ Viu နဲ့ မိတ်ဖက်အဖြစ်ပူးပေါင်းလုပ်ဆောင်မှုနဲ့အတူ MPT က သုံးစွဲသူတွေအတွက် ဒေတာပက်ကေ့ချ်ကို ဝယ်လိုက်ရုံနဲ့ နောက်ဆုံးပေါ်ရုပ်ရှင်ဇာတ်ကားတွေနဲ့ ရုပ်သံအစီအစဉ်တွေပါဝင်တဲ့ ကဏ္ဍတွေကို အပြည့်အဝ ဝင်ရောက်ကြည့်ရှုနိုင်ပြီးတော့ Viu ရဲ့ သီးသန့်ကိုယ်ပိုင် အစီအစဉ်တွေကိုလည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒီအစီအစဉ်တွေကို စာရင်းပေးသွင်းခ ထပ်ပေးစရာမလိုဘဲ အသုံးပြုနိုင်မှာဖြစ်သလို ဒေတာနှုန်းထားကလည်း 1MB ကို တစ်ကျပ်သာ ကျသင့်မှာဖြစ်လို့ တကယ်ကို ဈေးနှုန်းသက်သာတဲ့ အစီအစဉ်တစ်ခု ဖြစ်စေမှာပါ” ဟု ပြောကြားသည်။

MPT ၏ Viu ဒေတာပက်ကေ့ချ်ကို ဝယ်ယူစာရင်းသွင်းရန်အတွက် *8002# သို့ဖုန်းခေါ်ဆိုပြီးဝယ်ယူနိုင်မည် ဖြစ်သည်။ ဝယ်ယူပြီးပါက သုံးစွဲသူများအနေဖြင့် အတည်ပြုချက် SMS (စာတို)တစ်စောင် ကို လက်ခံရရှိပြီး အဆိုပါ စာတိုနှင့်အတူ Viu ဒေတာ 500 MB နှင့် Viu ၏ ပရီမီယမ်သုံးစွဲသူအဖြစ်သတ်မှတ်သည့် ကုတ်နံပါတ် တစ်ခုကိုပါ ရရှိမည်ဖြစ်သည်။ ထို့နောက် သုံးစွဲသူများက Viu အက်ပလီကေးရှင်းသို့ဝင် ရောက်၍ ရရှိထားသည့် ကုတ်နံပါတ်ကို ဖြည့်သွင်းပြီးသည်နှင့် ၎င်းတို့ကြိုက်နှစ်သက်ရာ ရုပ်ရှင်ဇာတ်ကားနှင့် အစီအစဉ်များကို ၂၄ နာရီအတွင်း ပျော်ရွှင်ကြည်နူးစွာ စတင်ကြည့်ရှုနိုင်မည်ဖြစ်သည်။ အဆိုပါဒေတာပက်ကေ့ချ် မှာ 1MB လျှင် တစ်ကျပ်နှုန်းဖြင့် တစ်ရက်လျှင် 500 MB အတွက် ၄၉၉ ကျပ် ကျသင့်မည်ဖြစ်သည်။

Viu အက်ပလီကေးရှင်းကို Google Play Store (သို့) ယခု https://www.viu.com/ott/web/mm/viu.apk လင့်ခ်မှတစ်ဆင့် ရယူနိုင်မည်ဖြစ်သည်။
Mr. Reizo Umeda က “ကျွန်တော်တို့ MPT အနေနဲ့ နိုင်ငံအနှံ့အပြားကို ဖြန့်ကျက်ထားနိုင်တဲ့ ကျွန်တော်တို့ရဲ့ 3G/LET+ ကွန်ရက်ပေါ်ကနေတစ်ဆင့် သုံးစွဲသူတွေအတွက် အတွေ့အကြုံကောင်းတွေကို အထောက်ပံ့ပေးဖို့ အမြဲတမ်းရည်ရွယ်ထားသလို အနာဂတ်မှာလည်း ကောင်းမွန်တဲ့ဝန်ဆောင်မှုများစွာကို ပေးစွမ်းနိုင်ဖို့ ဆောင်ရွက် ပေးသွားမှာလည်း ဖြစ်ပါတယ်။ MPT ရဲ့ Viu ဒေတာပက်ကေ့ချ်နဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေနဲ့ ရုပ်ရှင် ဇာတ်လမ်းတွဲ ကြိုက်နှစ်သက်သူတွေက သူတို့စိတ်ကြိုက် ရုပ်ရှင်ဇာတ်ကားတွေကို ဘယ်အချိန်၊ ဘယ်နေရာမှာ မဆို ကြည့်ရှုနိုင်မှာဖြစ်လို့ သုံးစွဲသူတွေက သူတို့အတွက် အကောင်းဆုံးဆိုတဲ့ အခွင့်အရေးတွေကို အခုဝန်ဆောင်မှုအသစ်ကတစ်ဆင့် အရယူနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။” ဟု ထပ်လောင်း ပြောသည်။
MPT Viu ဒေတာပက်ကေ့ချ်နှင့်ပတ်သက်၍ထပ်မံသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ခေါ်ဆိုမေးမြန်းနိုင်ပြီး MPT ၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါကလည်း MPT ၏ တရားဝင်ဝက်ဘ်ဆိုက် www.mpt.com.mm သို့ ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/mptofficialpage/ သို့ဝင် ရောက်လေ့လာနိုင်ပါသည်။