MPT Ballone သည် ပရီးမီးယားလိဂ် ဘောလုံးချစ်သူများအတွက် MPT နှင့် SKYNET တို့ ပူးပေါင်းပြီး တင်ဆက်လိုက်သော ဝန်ဆောင်မှု အသစ်တစ်ခု ဖြစ်ပါသည်။ MPT Ballone မှာ English Premier League ဘောလုံးပွဲစဉ်များကို တိုက်ရိုက်နေရာမရွေး မိုဘိုင်းဖုန်းပေါ်မှ ကြည့်ရှုရင်ခုန်ခံစားနိုင်မှာ ဖြစ်ပြီး ပွဲစဉ် Highlight များ၊ အချိန်ဇယားများ၊ Goals of the week နှင့် Goal Rush အစရှိသော အစီအစဉ်များကိုလဲ ကြည့်ရှုနိုင်မှာ ဖြစ်ပါသည်။ စာရင်းသွင်းခ အခမဲ့ဖြစ်ပါသည်။ MPT Ballone ကို ဝက်(ဘ်)ဆိုက်ဖြင့်သော်လည်းကောင်း Android (သို့) iOS အက်ပလီကေးရှင်းဖြင့်သော်လည်းကောင်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။
MPT Ballone ဆိုတာ ဘာလဲ?
MPT Ballone အယ်ပလီကေရှင်းကို ဘယ်လို ဒေါင်းလုတ်ရယူနိုင်ပါသလဲ?
*2020# ကို ခေါ်ဆို၍ အယ်ပလီကေးရှင်း ဒေါင်းလုတ်လင်ခ့်များကို ရယူနိုင်ပါသည်။
မေးခွန်းများ
၁၊၊ ဒီအယ်ပလီကေးရှင်းတွင် MPT အသုံးပြုသူများအတွက် ဘယ်လိုဝန်ဆောင်မှုတွေရှိနိုင်မလဲ?
ဒီအယ်ပလီကေးရှင်းတွင် တိုက်ရိုက် ဘောလုံးပွဲစဉ်များကို တိုက်ရိုက် နေရာမရွေး ရင်ခုန်ခံစားကြည့်ရှုနိုင်သည့်အပြင် ပြီးခဲ့သော ဘောလုံးပွဲစဉ်များ၊ ဟိုက်လိုက်ဗွီဒီယိုများ နှင့် အခြား ဗွီဒီယိုများကို ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။
၂။ ဘောလုံးပွဲစဉ်များကို တိုက်ရိုက်ကြည့်ရှုခြင်းနှင့် ပြီးခဲ့သော ပွဲစဉ်များ ပြန်လည်ကြည့်ရှုခြင်းများအတွက် ဝန်ဆောင်ခသီးသန့်ပေးဆောင်ရန် လိုအပ်ပါသလား?
ဘောလုံးပွဲစဉ်များကို တိုက်ရိုက်ကြည့်ရှုခြင်းနှင့် ပြီးခဲ့သော ပွဲစဉ်များကို ပြန်လည်ကြည့်ရှုခြင်းများအတွက် ဝန်ဆောင်ခသီးသန့်ပေးဆောင်ရန် မလိုအပ်ပါ။
၃။ ဘယ်အချိန်ထိ ဘောလုံးပွဲစဉ်များကို ဒီအယ်ပလီကေးရှင်းတွင် ကြည့်ရှုခံစားနိုင်မလဲ?
MPT သုံးစွဲသူများအားလုံး ၂၀၂၀ – ၂၀၂၁ အင်္ဂလိပ်ပရီးမီးယား ဘောလုံးပွဲ ရာသီတလျှောက်လုံး ကြည့်ရှုခံစားနိုင်မည် ဖြစ်ပါသည်။
၄။ ဒီအယ်ပလီကေးရှင်းသုံးဖို့ မိုဘိုင်းဖုန်းတွင် ဘာတွေလိုအပ်ပါသလဲ?
Android မိုဘိုင်းဖုန်းများတွင် ဗားရှင်း ၅.၀ နှင့် အထက် လိုအပ်ပြီး iOS ဖုန်းများတွင် ဗားရှင်း ၁၀.၀ နှင့် အထက်လိုအပ်ပါသည်။
၅။ MPT အသုံးပြုသူများသာ MPT Ballone ကို အသုံးပြုခွင့်ရှိပါသလား?
MPT အသုံးပြုသူများသာ MPT ၏မိုဘိုင်းကွန်ယက်မှ တဆင့် MPT Ballone ကို အသုံးပြုနိုင်ပါသည်။
၆။ Wifi ကွန်ယက်နှင့် အခြား မိုဘိုင်းကွန်ယက်များမှ တိုက်ရိုက်ပွဲစဉ်များနှင့် ပြီးခဲ့သောပွဲစဉ် ဗွီဒီယိုများကို ကြည့်နိုင်ပါသလား?
Wifi ကွန်ယက် နှင့် အခြား မိုဘိုင်းကွန်ယက်များမှ တိုက်ရိုက်ပွဲစဉ်များနှင့် ပြီးခဲ့သောပွဲစဉ် ဗီဒီယိုများကို မကြည့်နိုင်ပါ။ MPT ၏ မိုဘိုင်းကွန်ယက်မှသာ ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။
၇။ တိုက်ရိုက်ပွဲစဉ်များနှင့် ပြီးခဲ့သောပွဲစဉ် ဗီဒီယိုများ၏ အရည်အသွေးမှာ မည်သို့ရှိပါသနည်း?
တိုက်ရိုက်ပွဲစဉ်များနှင့် ပြီးခဲ့သောပွဲစဉ် ဗီဒီယိုများ၏ အရည်အသွေးမှာ အသုံးပြုသူ၏ ကွန်ယက်မြန်နှုန်း အခြေအနေပေါ်မူတည်ပြီး အလိုအလျောက်ပြောင်းလဲမည် ဖြစ်ပါသည်။
၈။ အသုံးပြုသူများ အနေဖြင့် ဒေတာအသုံးပြုခများကို မည်သို့ချိန်ညှိနိုင်မည်နည်း?
MPT မှ ချိုသာသော ဒေတာပက်ကေ့ချ်ကို ဝန်ဆောင်မှုပေးလျက်ရှိရာ ဒေတာပက်ကေ့ချ်များကို MPT4U အယ်ပလီကေးရှင်းမှ သော်လည်းကောင်း *၁၀၆# ကို ခေါ်ဆို၍ ဝယ်ယူနိုင်ပါသည်။