MPT Myanmar | Moving Myanmar Forward MPT Books FAQs MM - MPT Myanmar | Moving Myanmar Forward
×

MPT Books

၁။ MPT Books ဆိုသည်မှာ ဘာလဲ။

MPT Books ဆိုသည်မှာ android app နှင့်သော်၎င်း၊ IOS app နှင့်သော်၎င်း website ပေါ်တွင် သော်၎င်း E-books များကို ဖတ်ရှုနိုင်ရန် ပြုလုပ်ပေးသော ဝန်ဆောင်မှုတစ်ခုဖြစ်သည်။
၎င်းတွင် စာအုပ်ထောင်ပေါင်းများစွာကို ဖတ်ရှုနိုင်သည်။

၂။ MPT Books ကို မည်သူတွေက အသုံးပြုနိုင်ပါသလဲ။

MPT Books စာအုပ်ကို မည်သူမဆိုအသုံးပြုနိုင်ပါသည်။ ဖတ်ရှုခြင်း၊ လပေးရယူခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း များကိုပြုလုပ်ရန်အတွက် MPT ဆင်းမ်ကဒ်ကိုအသုံးပြုရန် လိုအပ်ပါသည်။

၃။ “MPT Books” android app နှင့် IOS app ကို မည်သည့်နေရာတွင် ရယူနိုင်ပါသနည်း။

Android app ကို Google Play Store နှင့် MPT လိုတရ (ဒေါင်းလုဒ်ဒေတာ အခမဲ့) တွင် အလွယ်တကူ ရယူနိုင်ပါသည်။
IOS app ကို Apps Store တွင် အလွယ်တကူ ရယူနိုင်ပါသည်။
(မှတ်ချက်။ ။ Android နှင့် IOS app ကိုမကြာမီ အသုံးပြုနိုင်မည်ဖြစ်ပါသည်။)

၄။ မည်သည့်အချိန်တွင် အကောင့်ဖွင့်ရန် လိုအပ်ပါလဲ။

စာအုပ်များကို ဖတ်ရှုခြင်း၊ ဒေါင်းလုဒ်ဆွဲခြင်း၊ လပေးရယူခြင်း၊ ဝယ်ယူခြင်း နှင့် ငှားရမ်းခြင်း များကိုပြုလုပ်ရန်အတွက် အကောင့်ဖွင့်ရန်လိုအပ်ပါသည်။

၅။ အကောင့်ဖွင့်ခြင်း။

ပထမဦးစွာ MPT ဆင်းမ်ကဒ်လိုအပ်ပါသည်။
ထို့နောက် MPT Books app (သို့) MPT Books website ကိုဖွင့်ပါ။
App တွင်, Side Menu>အကောင့်ဖွင့်ခြင်း ကိုသွားပါ။
Website တွင်, မူလစာမျက်နှာ>အကောင့်ဖွင့်ခြင်း ကိုသွားပါ။
MPT ဖုန်းနံပါတ်ကို သုံးပြီး အကောင့်ဖွင့်ပါ။
တစ်ခါသုံး လျှို့ဝှက်နံပါတ် (OTP) ကို အကောင့်ဖွင့်ထားသော ဖုန်းနံပါတ်မှတဆင့် ရရှိပါလိမ့်မည်။
ရရှိလာသော တစ်ခါသုံး လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်ပြီးပါက အကောင့်ဖွင့်ခြင်းကို အောင်မြင်စွာပြီးဆုံးသွားပါပြီ။
ရရှိလာသော တစ်ခါသုံး လျှို့ဝှက်နံပါတ်ကို ၁၀ မိနစ်အတွင်း အသုံးပြုရန်လိုအပ်ပါသည်။

၆။ မည်သည့်အချိန်တွင် အကောင့်ဝင်ရန် လိုအပ်ပါသလဲ။

စာအုပ်များကို ဖတ်ရှုခြင်း၊ ဒေါင်းလုဒ်ဆွဲခြင်း၊ လပေးရယူခြင်း၊ ဝယ်ယူခြင်း နှင့် ငှားရမ်းခြင်း များကိုပြုလုပ်ရန်အတွက် အကောင့်ဝင်ရန်လိုအပ်ပါသည်။

၇။ အကောင့်ဝင်ခြင်း။

လက်ရှိအသုံးပြုနေသော အကောင့်ကိုဝင်ရန်အတွက် အောက်ပါနေရာများတွင် အကောင့်ဖွင့်ထားသော ဖုံးနံပါတ်ကိုရိုက်ထည့်ရန် လိုအပ်ပါသည်။
App အတွက် Side Menu>အကောင့်ဝင်ခြင်း
Website အတွက် မူလစာမျက်နှာ>အကောင့်ဝင်ခြင်း။
အကောင့်ဖွင့်ထားသော ဖုန်းနံပါတ်မှတဆင့် တစ်ခါသုံးလျှို့ဝှက်နံပါတ်ကို ရရှိပါလိမ့်မည်။

၈။ MPT Books ကိုသုံး၍ ရနိုင်သော ပစ္စည်းများ။

Android ဖုန်းများ၊ iOS ဖုန်းများ၊ tablet များ ကိုအသုံးပြုနိုင်ပါသည်။
ကွန်ပျုတာမှ Web browser ကိုလည်းအသုံးပြု နိုင်ပါသည်။

၉။ အကောင့်တစ်ခုကို ပစ္စည်းမည်မျှတွင် တစ်ချိန်တည်း ဝင်ရောက်အသုံးပြုနိုင်ပါသလဲ။

အကောင့်တစ်ခုကို ပစ္စည်း ၅ ခုတွင် တစ်ချိန်တည်း ဝင်ရောက်အသုံးပြုနိုင်ပါသည်။

၁၀။ အကောင့်ထွက်ခြင်း။

အကောင့်ထွက်ရန်အတွက် သင်ကိုယ်တိုင်ဖြစ်စေ၊ ၁၀၆ ကိုခေါ်ဆို၍ ဖြစ်စေ ထွက်နိုင်ပါသည်။

၁၁။ အခမဲ့ စာအုပ်များဆိုသည်မှာ အဘယ်နည်း။

အခမဲ့ စာအုပ်များဆိုသည်မှာ အကောင့်ဝင်ပြီးနောက် အခမဲ့ဒေါင်းလုပ်ရယူနိုင်သော စာအုပ်များကိုဆိုလိုပါသည်။

၁၂။ စာအုပ်များဝယ်ယူခြင်း ဆိုသည်မှာ အဘယ်နည်း။

စာအုပ်များဝယ်ယူခြင်း ဆိုသည်မှာ သတ်မှတ်ထားသော ဈေးနှုန်းဖြင့် စာအုပ်များကို ဝယ်ယူခြင်းဖြစ်သည်။ စာအုပ်တစ်အုပ်ကို ဝယ်ယူပြီးပါက အချိန်မရွေး ဒေါင်းလုပ်ဆွဲပြီး ဖတ်ရှုနိုင်ပါသည်။

၁၃။ မဂ္ဂဇင်းလပေးအစီအစဉ် နှင့် လပေးအစီအစဉ် ဆိုသည်မှာ အဘယ်နည်း။

မဂ္ဂဇင်းလပေးအစီအစဉ်တွင် မဂ္ဂဇင်းများစွာ နှင့် အချို့မဂ္ဂဇင်းများ၏ အရင်လထုတ်အချို့ ပါရှိပါသည်။
မဂ္ဂဇင်းလပေးအစီအစဉ်ကို တစ်လလျှင် ၁၉၉၉ ကျပ်ဖြင့် ရယူနိုင်ပါသည်။
လပေးရယူခြင်းကို မရပ်မချင်း မဂ္ဂဇင်းလပေးအစီအစဉ်ကို ဖတ်ရှုနိုင်ပါသည်။

၁၄။ ဂျာနယ်လပေးအစီအစဉ် နှင့် လပေးရယူခြင်း ဆိုသည်မှာ အဘယ်နည်း။

ဂျာနယ်လပေးအစီအစဉ်တွင် ဂျာနယ်များစွာ နှင့် အချို့ဂျာနယ်များ၏ အရင်အပတ်ထုတ်အချို့ ပါရှိပါသည်။
ဂျာနယ်လပေးအစီအစဉ်ကို တစ်လလျှင် ၁၉၉၉ ကျပ်ဖြင့် ရယူနိုင်ပါသည်။
လပေးရယူခြင်းကို မရပ်မချင်း ဂျာနယ်လပေးအစီအစဉ်ကို ဖတ်ရှုနိုင်ပါသည်။

၁၅။ မဂ္ဂဇင်းလပေးအစီအစဉ် နှင့် ဂျာနယ်လပေးအစီအစဉ် ကို အခမဲ့စမ်းသုံးခြင်း ဆိုသည်မှာ အဘယ်နည်း။

အသစ် စတင်အသုံးပြုသူများအတွက် “အခမဲ့စမ်းသုံးခြင်း ၇ ရက်” ကိုတစ်ကြိမ်ရရှိနိုင်ပါသည်။
အခမဲ့စမ်းသုံးခြင်း ကာလတွင် မဂ္ဂဇင်းလပေးအစီအစဉ် နှင့် ဂျာနယ်အစီအစဉ်ကို အခမဲ့ဖတ်ရှုနိုင်ပါသည်။
အခမဲ့စမ်းသုံးခြင်း ၇ ရက်ပြီးဆုံးပါက လပေးရယူမှုအတွက် လစဉ်ကြေးကို အလိုလျောက်ကောက်ခံပါမည်။

၁၆။ မဂ္ဂဇင်းလပေးအစီအစဉ် နှင့် ဂျာနယ်လပေးအစီအစဉ် အတွက် လစဉ်ကြေး ကောက်ခံမှုသည် အလိုလျောက်အသစ်ဖြစ်ပါသလား။

ရက် ၃၀ ပြည့်ပါက လစဉ်ကြေးကို အလိုလျောက် ကောက်ခံပါမည်။

၁၇။ မဂ္ဂဇင်းလပေးအစီအစဉ် နှင့် ဂျာနယ်လပေးအစီအစဉ် သည်တစ်ကြိမ်လျှင် ရက်မည်မျှရှိသနည်း။

၃၀ ရက်

၁၈။ မဂ္ဂဇင်းအစုံ နှင့် ဂျာနယ်အစုံ လပေးရယူခြင်းကို မည်သို့ရပ်ဆိုင်းရမည်နည်း။

မဂ္ဂဇင်းအစုံ နှင့် ဂျာနယ်အစုံ လပေးရယူခြင်းကို ရပ်ဆိုင်းရန် အောက်ပါစာမျက်နှာများမှ ပြုလုပ်နိုင်ပါသည်။
မဂ္ဂဇင်းလပေးအစီအစဉ် စာမျက်နှာ
ကျွနု်ပ်၏စာအုပ်များ စာမျက်နှာမှ လပေးရယူခြင်းကဏ္ဍ

၁၉။ အငှားစာအုပ်များ ဆိုသည်မှာအဘယ်နည်း။

အငှားစာအုပ်များ ဆိုသည်မှာ ဈေးနှုန်းချိုသာစွာဖြင့် ငှားရမ်းနိုင်သောစာအုပ်များဖြစ်သည်။ ငှားရမ်းမှုတစ်ကြိမ်ပြုလုပ်လိုက်ပါက ၄၈ နာရီကြာသည်အထိအကြုံးဝင်သည်။ ထိုကာလကျော်လွန်သွားပါက နောက်ထပ်တစ်ကြိမ်ပြန်လည်ငှားရမ်းရန် လိုအပ်သည်။
စတင်ငှားရမ်းလိုက်သည့် အချိန်မှစတင်၍ ၄၈နာရီငှားရမ်းမှုကို စတင်ရေတွက်ပါသည်။

၂၀။ ကျွနု်ပ်၏စာအုပ်များ ဆိုသည်မှာ အဘယ်နည်း။

ကျွနု်ပ်၏စာအုပ်များတွင် မကြာသေးခင်က ဖတ်ရှုထားသောစာအုပ်၊ ဝယ်ယူထားသောစာအုပ်များ၊ ငှားရမ်းထားသောစာအုပ်များ နှင့် လပေးယူထားသော စာအုပ်များကို အလွယ်တကူကြည့်ရှုနိုင်ပါသည်။
လက်ရှိအသုံးပြုနေသော ဖုန်း၊ tablet (သို့) ကွန်ပျုတာမှ အကောင့်ကိုထွက်ရှိပြီး အခြားနေရာတွင် ထိုအကောင့်ကို ပြန်လည်ဝင်ရောက် အသုံးပြုချိန်တွင်လည်း မူလ ဖတ်ရှု၊ ဝယ်ယူ၊ ငှားရမ်း၊ လပေးယူ ထားသောစာအုပ်များကို ကျွနု်ပ်၏စာအုပ်များအောက်တွင် ပြန်လည်ကြည့်ရှုနိုင်ပါသည်။

၂၁။ လိုချင်သောစာရင်း ဆိုသည်မှာ အဘယ်နည်း။

လိုချင်သောစာရင်း ဆိုသည်မှာ နောင်တစ်ချိန်တွင် ဝယ်ယူ၊ ငှားရမ်း၊ လပေးယူချင်သော စာအုပ်များကိုမှတ်ထားသော နေရာဖြစ်သည်။

၂၂။ စာအုပ်များကို မိမိဖုန်း(သို့)tablet ထဲတွင် သိမ်းဆည်းနိုင်ပါသလား။

စာအုပ်များကို website မှလွဲ၍ မိမိဖုန်း(သို့) tablet ထဲတွင် သိမ်းဆည်းနိုင်ပါသည်။

၂၃။ ဒေါင်းလုဒ် လုပ်ထားသော စာအုပ်များကို ဖျက်နိုင်ပါသလား။

ဒေါင်းလုဒ်လုပ်ထားသော စာအုပ်များကို ကျွနု်ပ်၏စာအုပ်များ အောက်တွင် အလွယ်တကူ ဖျက်နိုင်ပါသည်။

၂၄။ MPT Books တွင် မည်သို့ ပိုက်ဆံပေးချေနိုင်ပါသနည်း။

လက်ရှိအချိန်တွင် MPT ငွေဖြည့်ကဒ်တစ်ခုတည်းဖြင့်သာ ပေးချေနိုင်ပါသည်။

၂၅။ စာအုပ်ဖတ်ရှုခြင်း (သို့) ဒေါင်းလုဒ်လုပ်ခြင်းတွက် အင်တာနက်ဒေတာ ကုန်ကျမှုရှိပါသလား။

ရှိပါသည်။

၂၆။ ဒေတာလက်ဆောင် ဆိုသည်မှာ အဘယ်နည်း။

အချို့သောစာအုပ်ဝယ်ခြင်းများအတွက် ဒေတာလက်ဆောင်များကို ရရှိနိုင်ပါသည်။ ထိုဒေတာလက်ဆောင်များကို စာအုပ်ဒေါင်းလုဒ်ဆွဲခြင်းနှင့် စာဖတ်ခြင်းများတွင် အသုံးပြုနိုင်ပါသည်။ ဒေတာလက်ဆောင်ကို ရရှိပြီးချိန်မှစ၍ တစ်လအတွင်းအသုံးပြုနိုင်ပါသည်။ (လက်ဆောင်ရရှိသောဒေတာများကို MPT Books application အတွက်သာ အသုံးပြုနိုင်ပါသည်။)

၂၇။ ဒေတာဖွင့်ထားခြင်းမရှိဘဲ MPT Books ကိုအသုံးပြုနိုင်ပါသလား။

Android နှင့် iOS များတွင် ဒေါင်းလုဒ်ရယူထားသော စာအုပ်များကို ဒေတာမဖွင့်ဘဲ ဖတ်ရှုနိုင်ပါသည်။

၂၈။MPT Books ၏ Launch Promotion ဆိုသည်မှာ အဘယ်နည်း။

MPT Books ၏ Launch Promotion မှာ MPT Books အား စတင်မိတ်ဆက်ခြင်း အစီအစဉ်အဖြစ် သုံးစွဲသူများအား ကံစမ်းနိုင်အောင် ပြုလုပ်ပေးသော အစီအစဉ် ဖြစ်ပါသည်။

၂၉။ MPT Books ၏ Launch Promotion သည်မည်သည့်အချိန်တွင် စတင်ပြီး မည်သည့်အချိန်တွင် ကုန်ဆုံးမည်နည်း။

MPT Books ၏ Launch Promotion သည် မီဒီယာများသို့ တရားဝင် မိတ်ဆက်သည့် အောက်တိုဘာ ၁၇ ရက်တွင် စတင်ပြီး နိုဝင်ဘာလ ၁၁ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်ပါသည်။

၃၀။ MPT Books ၏ Launch Promotion တွင် မည်သည့်ဆုများ ပါဝင်မည်နည်း။

MPT Books ၏ Launch Promotion တွင် ဆုများအဖြစ် iPad 6 (2018) ၄လုံးနှင့် Samsung Tab A (10.1) ၁၆လုံး ပါဝင်မည်ဖြစ်ပါသည်။

၃၁။ MPT Books ၏ Launch Promotion အတွက် မည်သူများ ပါဝင်နိုင်မည်နည်း။

MPT Books တွင် စာရင်းသွင်းထား၍ အကောင့်ဖွင့်ထားသူ (Sign Up) မည်သူမဆို MPT Books ၏ Launch Promotion အတွက် ကံစမ်းနိုင်ရန် ပါဝင်နိုင်ပါမည်။

၃၂။ MPT Books ၏ Launch Promotion အတွက် ကံထူးသူရလဒ်များကို မည်သည့်အချိန်တွင် ကြေငြာမည်နည်း။

MPT Books ၏ Launch Promotion အတွက် ကံထူးသူများစာရင်းကို Promotion ပြီးဆုံးချိန် နိုဝင်ဘာလ ၁၁ရက်နေ့နောက်ပိုင်း တစ်ပတ်အတွင်း ကြေငြာပေးသွားမည် ဖြစ်ပါသည်။

၃၃။ MPT Books ၏ Launch Promotion မှ ကံထူးရှင်များကို မည်ကဲ့သို့ ရွေးချယ်မည်နည်း။

MPT Books Launch Promotion ၏ Promotion ကာလအတွင်း စာရင်းသွင်းထား၍ အကောင့်ဖွင့်ထားသူ (Sign Up) များထဲမှ ကံထူးသူများကို ရွေးချယ်သွားမည် ဖြစ်ပါသည်။