latest news

MPT Club က အဖွဲ့ဝင်များနှင့်အတူ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများမှ တစ်ဆင့် မြန်မာအမျိုးသမီးများသို့ ပံ့ပိုးကူညီခဲ့

Published 14 Jul 2022

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်)- မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ဘဝများကို တစ်ထောင့်တစ်နေရာကနေ ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ MPT Club က အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ပရိုမိုးရှင်းအစီအစဉ်နှင့် အမေများနေ့ ပရိုမိုးရှင်းအစီအစဉ်ဟု အမည်ပေးထားသော အထူးပရိုမိုးရှင်း အစီအစဉ်များကို ၂၀၂၂ ခုနှစ် မတ်လ နှင့် မေလတို့တွင် အသီးသီး ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ပရိုမိုးရှင်းအစီအစဉ်များမှတစ်ဆင့် MPT Club သည် အဖွဲ့ဝင်များ လဲလှယ်လိုက်သော ပွိုင့်၏ တန်ဖိုး ၅၀% နှင့်ညီမျှသည့်ပမာဏ စုစုပေါင်း ကျပ် ၄၇ သိန်းကို MPT Club အဖွဲ့ဝင်များကိုယ်စား မြန်မာနိုင်ငံရှိ အမျိုးသမီးများအတွက် အကူအညီပေးနေသည့် အဖွဲ့အစည်းများသို့ ပံ့ပိုးကူညီခဲ့ပါသည်။

MPT Club သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ပရိုမိုးရှင်းအစီအစဉ်မှတစ်ဆင့် ကျပ် ၁၅ သိန်းကို ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း (PHF) အဖွဲ့အစည်းသို့ ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်တွင် ပံ့ပိုးကူညီခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ ပံ့ပိုးကူညီမှု၏ အမှတ်တရ ဗွီဒိယိုမှတ်တမ်းကို https://www.youtube.com/watch?v=eynuq8j1iJc
တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

ထို့အပြင် MPT Club သည် အမေများနေ့ ပရိုမိုးရှင်းအစီအစဉ်မှတစ်ဆင့် ကျပ် ၃၂ သိန်းကို ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း (PHF) အဖွဲ့အစည်းသို့ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်တွင် ပံ့ပိုးကူညီခဲ့ပါသည်။ အဆိုပါ ပံ့ပိုးကူညီမှု၏ အမှတ်တရ မှတ်တမ်းဓာတ်ပုံများကို အောက်ပါအတိုင်း ကြည့်ရှုနိုင်ပါသည်။

blank
blank
blank
blank

ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း (PHF) သို့ MPT Club အဖွဲ့ဝင်များကိုယ်စား သွားရောက်လှူဒါန်းခဲ့စဉ်

MPT Club အဖွဲ့ဝင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် အစဉ်အမြဲ ကြိုးစားလျက်ရှိသော MPT Club သည် ပရိုမိုးရှင်းအစီအစဉ်များကို လစဉ် ဆောင်ရွက်သွားမည် ဖြစ်ပြီး ၎င်း၏ ဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်း အဖြစ် မြန်မာအမျိုးသမီးများကို ပံ့ပိုးကူညီသွားမည် ဖြစ်သည်။ MPT Club ပရိုးမိုးရှင်း အစီအစဉ်များကို ရယူခံစားနိုင်ရန် MPT သုံးစွဲသူများသည် MPT Club သို့ အဖွဲ့ဝင်ရန်လိုအပ်ပြီး MPT Club ၏ အကျိုးကျေးဇူးများ ဖြစ်သည့် MPT နှင့် MPT ၏ မိတ်ဖက်အဖွဲ့အစည်းများမှ လျှော့စျေးများ (သို့မဟုတ်) အထူးလက်ဆောင်များကို ခံစားနိုင်မည် ဖြစ်သည်။ MPT Club သို့ အဖွဲ့ဝင်ရန် အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါသည်။
• MPT4U App ကို ဒေါင်းလုတ်ရယူပြီး ဒေတာ၊ ဖုန်းခေါ်ဆိုမှု၊ စာတိုပေးပို့မှု၊ ဖုန်းဘေလ် မိုဘိုင်းလ် ဆုလက်ဆောင်များအတွက် ပွိုင့်များဖြင့် လဲလှယ်နိုင်ပါသည်။
• *345# ကို ခေါ်ဆို၍ အခမဲ့ စာရင်းသွင်းနိုင်ပါသည်။
• အမျိုးသားအတွက် “Reg M” (သို့မဟုတ်) အမျိုးသမီးအတွက် “Reg F” ကို “345” သို့ SMS ပေးပို့၍ အဖွဲ့ဝင်နိုင်ပါသည်။

MPT Club သို့ စာရင်းသွင်းပြီးနောက် MPT Club အဖွဲ့ဝင်များသည် ကြိုဆိုလက်ဆောင်အဖြစ် MPT Club ပွိုင့် ၅၀ ရရှိမည်ဖြစ်သည်။ ထို့အပြင် MPT Club အဖွဲ့ဝင်များသည် MPT Club ပွိုင့်များရရှိပါက MPT၏ မိတ်ဖက်အဖွဲ့အစည်းများ ထုတ်ကုန်များ သို့မဟုတ် ဝန်ဆောင်မှုများတွင် MPT Club ပွိုင့်များဖြင့် လဲလှယ်နိုင်သည့် အပြင် MPT ၏ Lucky5 မိတ်ဖက်အဖွဲ့အစည်းများထံမှ လစဉ် ၅ ရက်၊ ၁၅ ရက်၊ ၂၅ ရက်များတွင် လျှော့စျေးများ သို့မဟုတ် ပရိုမိုးရှင်းအစီအစဉ်များကို ရယူခံစားနိုင်ပါသည်။ MPT Club ၏ မိတ်ဖက် အဖွဲ့အစည်းများကို https://www.mpt.com.mm/mm/mpt-club-mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT ဝန်ဆောင်မှုများကို အစဉ်တစိုက်သုံးစွဲလျက်ရှိသည့် မိဘပြည်သူများအား အထူးပင် ကျေးဇူးတင်ရှိပါသည်။
သုံးစွဲသူများအနေဖြင့် MPT အကြောင်းကို အသေးစိတ်သိရှိလိုပါက MPT ၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

best operator in Myanmar