B2b sim mpt

MPT Club မှ “Surprise & Delight” ပရိုမိုးရှင်းအစီအစဉ်ကို စတင်မိတ်ဆက်

Published 11 Jan 2021

(၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၁ရက်မှစ၍ MPT Club အဖွဲ့ဝင်အားလုံး MPT Club point ၃၀၀၀ နှင့် JOOX VIP အား အခမဲ့ ၁-လ  ခံစားခွင့် ဆုလက်ဆောင်များရရှိနိုင်​မည်။

(ရန်ကုန်၊ ၂ဝ၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT သည် နှစ်သစ်ကို ကြိုဆိုသည့်အနေဖြင့် MPT Club အဖွဲ့ဝင်များအတွက် “Surprise & Delight” ပရိုမိုးရှင်းအစီအစဉ်ကို စတင်မိတ်ဆက်ခဲ့ပါသည်။ အဆိုပါ ပရိုမိုးရှင်းအစီအစဥ်ကို Crown၊ Diamond၊ Platinum နှင့် Gold အဆင့်ရရှိထားသော MPT Club အဖွဲ့ဝင်များသာရရှိခံစားနိုင်မည်ဖြစ်သည်။

MPT Club သည် သုံးစွဲသူများ၏ ဒီဂျစ်တယ်လူမှုဘဝများ မြှင့်တင်ပေးနိုင်ရန်နှင့် ပိုမိုပြည့်စုံ ကြွယ်ဝလာစေရန်အတွက် အစဥ်အမြဲ ကြိုးစားလျက်ရှိပြီး အထူးသဖြင့် လက်ရှိတွင်ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါကာလတွင် သုံးစွဲသူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးရန်အတွက် အသစ်အသစ်သော နည်းလမ်း များအား ကြိုးပမ်းရှာဖွေလျက်ရှိသည်။ MPT သုံးစွဲသူများထံသို့ ပိုမိုကောင်းမွန်သော ခံစားခွင့်များနှင့် အကျိုးကျေးဇူးများ ပေးစွမ်းနိုင်ရန် ရည်ရွယ်၍ MPT Club သည် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်း (၈၅) ခုစာရင်းတွင် Penshoppe၊ REMAX၊ Tay Than Thar Music App၊ Dental House Clinic နှင့် My Health Care App များကဲ့သို့ လူသိများထင်ရှားသည့် ကုန်အမှတ်တံဆိပ်များနှင့် ဝန်ဆောင်မှု လုပ်ငန်းများကို ထပ်မံထည့်သွင်းခဲ့ပါသည်။

“Surprise & Delight” အစီအစဉ်၏ ပရိုမိုးရှင်းကာလမှာ ၂၀၂၁ ခုနှစ်၊ ဇန်န၀ါရီလ (၁၁)ရက်တွင် စတင်မည်ဖြစ်ပြီး (၃)လခန့် ကြာမြင့်မည် ဖြစ်သည်။ အစီအစဉ်တွင်ပါ၀င်သော MPT Club အဖွဲ့ဝင်များအား လစဉ်လတိုင်းတွင် MPT ၏ မိတ်ဖက်အဖွဲ့အစည်းများမှ သီးသန့်အကျိုးခံစားခွင့်များအပါအ၀င် ဆုလက်ဆောင်အမျိုးအစားပေါင်းများစွာကို ပေးအပ်သွားမည် ဖြစ်သည်။

ယခု ဇန်န၀ါရီလတွင် ပထမဆု ကံထူးရှင် အယောက် (၃၀,၀၀၀) မှာ MPT Club point (၃၀၀၀) နှင့် ဒုတိယဆုကံထူးရှင် အယောက် (၃၀,၀၀၀) အနေဖြင့် JOOX VIP အား ၁-လ အခမဲ့ နားဆင်နိုင်ခွင့်များကို ရရှိခံစားနိုင်မည်။ ဖေဖော်ဝါရီလနှင့် မတ်လများတွင်လည်း ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းသော အထူးဆုလက်ဆောင်များကို MPT Club အဖွဲ့ဝင်များအား ရွေးချယ်ပေးအပ်သွားမည် ဖြစ်သည်။

“ခုဆိုကျွန်တော်တို့ စောင့်မျှော်နေတဲ့ နှစ်သစ်ကို ရောက်ရှိလာခဲ့ပါပြီ။ MPT ရဲ့ ၁၃ သန်း ကျော်သော MPT Club အဖွဲ့ဝင်တွေအတွက် စီစဥ်ထားတဲ့ ‘Surprise & Delight’ အထူးအစီအစဉ်နဲ့ ပတ်သက်လို့ ကျွန်တော်တို့ အလွန်စိတ်လှုပ်ရှားနေပါတယ်။ MPT Club ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လမှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး စတင်မိတ်ဆက်ခဲ့တဲ့အချိန်ကစပြီး သုံးစွဲသူအတွေ့အကြုံတွေကို မြှင့်တင်ပေးနိုင်ဖို့နဲ့ သူတို့ရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်မယ့် နည်းလမ်းသစ်တွေ ရှာဖွေအားထုတ်သွားမယ်လို့ ကတိကဝတ်ပြုခဲ့ပါတယ်။ ကျွန်တော်တို့ MPT က ၂၀၂၁ ခုနှစ်ရဲ့ မတ်လအထိ ကျင်းပသွားမယ့် ‘Surprise & Delight’ ပရိုမိုးရှင်းအစီအစဉ် နဲ့အတူ နှစ်သစ်ကိုကြိုဆိုရင်း ဝန်ဆောင်မှုကောင်းတွေ ဆက်လက်ဖန်တီးပေးနိုင်ဖို့ကြိုးစားနေပါတယ်။ ကျွန်တော်တို့ အားလုံးဟာ ကိုယ်ဆန္ဒရှိတဲ့အရာတွေကို စိတ်ကြိုက် ရွေးချယ်နိုင်မယ့် အခွင့်အရေးကို လိုလား နှစ်သက်ကြတယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် ပထမဆုအတွက်စဉ်းစားတဲ့အခါ ကံထူးသူတွေအနေနဲ့ MPT ရဲ့ မိတ်ဖက်လုပ်ငန်းတွေဖြစ်တဲ့ ဆိုင်တွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ချက်ချင်းအကျိုးခံစားခွင့်တွေ လဲလှယ် ရရှိနိုင်မယ့် MPT Club ၃၀၀၀ ပွိုင့်ကို ပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး ကံထူးသူတွေအနေနဲ့ မိမိကံထူးထားတဲ့  ပွိုင့်တွေကို အသုံးပြုပြီး မိတ်ဖက်အဖွဲ့အစည်းတွေဆီမှာ စျေးဝယ်ခြင်း နဲ့ သတ်မှတ်ထားတဲ့ မိတ်ဖက်အဖွဲ့အစည်း တွေထံမှ အကျိုးခံစားခွင့်တွေ ကိုရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုစုံလင်တဲ့ ဝန်ဆောင်မှုတွေနဲ့ MPT Club ကံထူးသူတွေရဲ့ ဆန္ဒတွေကို ပြည့်စုံအောင် ဖြည့်ဆည်းပေးသွားမှာဖြစ်လို့ ပထမဆု ရရှိသူတွေ အနေနဲ့လည်း စိတ်ကျေနပ်မှု အပြည့်အဝရရှိနိုင်မှာပါ” ဟု MPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr. Tetsunori Nagashima က ရှင်းလင်းပြောကြားသွားခဲ့သည်။

“အခုဆိုရင် MPT နဲ့ချိတ်ဆက်ထားတဲ့ မိတ်ဖက်အဖွဲ့အစည်းပေါင်း (၈၅) ခုကျော်ရှိပြီး ကွဲပြားခြားနားတဲ့ စီးပွားရေး လုပ်ငန်းတွေ၊ ထုတ်ကုန်အမှတ်တံဆိပ်တွေနဲ့ ပူးပေါင်းပြီးတော့ ကျွန်တော်တို့ရဲ့ မိတ်ဖက်စီးပွားရေးလုပ်ငန်းတွေနဲ့ ကွန်ရက်ကို ပိုမိုတိုးချဲ့သွားမှာ ဖြစ်ပါတယ်။ ဒီလိုပူးပေါင်းလုပ်ဆောင်ခြင်းက ကျွန်တော်တို့ရဲ့  သန်းပေါင်းများစွာသော MPT ကို အစဉ်တစိုက်သုံးစွဲသူတွေအတွက် ပိုပြီးစိတ်ဝင်စားဖို့ကောင်းစေမယ့် အထူးအကျိုးကျေးဇူးတွေနဲ့ ဆုလက်ဆောင် ခံစားခွင့်တွေကိုရရှိစေမှာပါ။ ရှေ့ဆက်ပြီးတော့လည်း မိတ်ဖက်အဖွဲ့ အစည်းအသစ်တွေနဲ့  စိတ်လှုပ်ရှားစရာ ဆုလက်ဆောင်တွေအကြောင်း သုံးစွဲသူတွေကို အချိန်နဲ့တစ်ပြေးညီ သတင်းမျှဝေပေးသွားမှာမို့   ကျွန်တော်တို့ MPTနဲ့ အတူ ဆက်လက်ရှိနေပေးဖို့ ပြောကြားလို ပါတယ်”  ဟု  Mr. Tetsunori Nagashima က အစီအစဉ်နှင့် ပတ်သက်ပြီး ထပ်လောင်းပြောကြားသွားခဲ့ပါသည်။

“Surprise & Delight” အစီအစဉ်ကို ပါဝင်ရန် MPT Pay ကို စာရင်းသွင်းထားပြီးသော MPT Club  အဖွဲ့ဝင်ထားသည့် သက်တမ်း အနည်းဆုံး ၉ လနှင့်အထက်ရှိသူဖြစ်မှသာ ပရိုမိုးရှင်းအစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်သည်။ ထို့ပြင် Facebook တွင် ယခု အစီအစဥ် Post ကို Hashtag ဖြင့် မျှဝေခြင်းနဲ့ system မှ ပေးပို့သည့် SMS ကို reply ပြန်ပေးခြင်းတို့ဖြင့်လည်း အစီအစဥ်တွင် ပါဝင်နိုင်မှာဖြစ်သည်။

MPT Club သည် သုံးစွဲသူများအား ကျေးဇူးတုံ့ပြန်သည့် အစီအစဥ်တစ်ခုဖြစ်ပြီး သုံးစွဲသူများ အနေနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ စားသောက်ဆိုင်များနှင့် စတိုးဆိုင်များတွင်  ဖုန်းငွေဖြည့်ခြင်း (သို့မဟုတ်) စျေးဝယ်ယူခြင်များ ပြုလုပ်တိုင်း အကျိုးခံစားခွင့် ပြန်လည်ပေးအပ်သည့်  အစီအစဉ် တစ်ခုဖြစ်သည်။ အဆိုပါအစီအစဉ်ကြောင့် သုံးစွဲသူများအနေနှင့် နာမည်ကျော် အမှတ်တံဆိပ်ထုတ်ကုန်နှင့်ဝန်ဆောင်မှုမျာကို အထူးနှုန်းထားများနှင့် ဝယ်ယူနိုင်ပြီး ပိုမိုကောင်းမွန်သည့် အတွေ့အကြုံကိုလည်း ရရှိနိုင်မည့်အပြင် MPT Club အဖွဲ့ဝင်များနှင့် အဆိုပါ အမှတ်တံဆိပ်များအကြား နေ့စဥ်ဘဝဆက်ဆံရေးကိုလည်း ပိုမိုကောင်းမွန်စေ မည်ဖြစ်သည်။

MPT သုံးစွဲသူများအနေဖြင့် MPT 4 U App ကို ဒေါင်းလုတ်ရယူပြီး MPT Club ကို အလွယ်တကူ အဖွဲ့၀င်နိုင်သလို *345# ကို ခေါ်ဆို၍လည်း အဖွဲ့၀င်နိုင်ပါသည်။          သတင်းအချက်အလက်များ ပိုမိုသိရှိလိုလျှင် ၁၀၆ သို့ ဆက်သွယ်ခေါ်ဆိုနိုင်ပြီး MPT official Facebook page www.facebook.com/mptofficialpage/ သို့မဟုတ် MPT official website www.mpt.com.mm သို့လည်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

best operator in Myanmar