blank

MPT Club အထူးပရိုမိုးရှင်းအစီအစဉ်နှင့်အတူ မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆို

Published 30 Jun 2022

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်)- ၂၀၂၂ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အား ဂုဏ်ပြုသောအားဖြင့် MPT Club က မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ဘဝများကို တစ်ထောင့်တစ်နေရာမှ ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ MPT Club အဖွဲ့ဝင်များအတွက် အထူးပရိုမိုးရှင်းအစီအစဉ်ကို ၂၀၂၂ ခုနှစ် ဇူလိုင်လ (၁) ရက် မှ (၃) ရက်အထိ ပေးအပ်သွားမည်ဖြစ်သည်။ ပရိုမိုးရှင်း အစီအစဉ်မှာ MPT Club အဖွဲ့ဝင်များအားလုံးသည် “ဉာဏ်စမ်း ပဟေဠိ” ဂိမ်းတွင် ပါဝင်ခြင်းဖြင့် အဆိုပါ အထူးပရိုမိုးရှင်းအစီအစဉ်တွင် ပါဝင်နိုင်မည် ဖြစ်ပြီး အဖြေမှန်ပါက MPT Club ပွိုင့် ၁၀၀ ပွိုင့် မှ ၁,၂၀၀ ပွိုင့်အထိ ရရှိခံစားနိုင်မည် ဖြစ်သည်။ MPT Club မှ အဖြေမှန်သူများကို ဇူလိုင်လ ၆ ရက်နေ့တွင် စာတို (SMS) ဖြင့် အကြောင်းကြားပေးမည် ဖြစ်သည်။ အဆိုပါ “ဉာဏ်စမ်း ပဟေဠိ” ဂိမ်းတွင် ပါဝင်ရန် သုံးစွဲသူများအားလုံးသည် MPT ဖုန်းနံပါတ်များကို မှန်ကန်စွာ ဖြည့်သွင်းရန်လိုအပ်ပြီး Google Form လင့်ခ် https://forms.gle/N5SS1C3pc3ZphNr68 မှတစ်ဆင့် ဂိမ်းကို ကစားနိုင်မည် ဖြစ်သည်။ “ဉာဏ်စမ်း ပဟေဠိ” ဂိမ်းတွင် ပါဝင်ကစားသူအရေအတွက် (၉၀,၀၀၀) ဦးရေ ကန့်သတ်ထားသောကြောင့် သုံးစွဲသူများအနေဖြင့် တတ်နိုင်သမျှ အမြန်ဆုံး ပါဝင်ကစားရန် တိုက်တွန်းအပ်ပါသည်။ ပရိုမိုးရှင်း အစီအစဉ်နှင့် ပတ်သက်သည့် စည်းမျဉ်း၊ စည်းကမ်းများကို http://bitly.ws/swZS တွင် ကြည့်ရှုနိုင်ပါသည်။

MPT Club ပွိုင့်များကို ဒေတာ (သို့မဟုတ်) အသံ ပက်ကေ့ချ်များဖြင့် လဲလှယ်ရယူနိုင်ပြီး MPT Club ၏ မိတ်ဖက်အဖွဲ့အစည်းများမှ အထူးလျှော့စျေးများကိုလည်း ရရှိခံစားနိုင်မည်ဖြစ်သည်။ MPT Club ပွိုင့်၏ ထက်ဝက်ပမာဏကို မြန်မာအမျိုးသမီးများအတွက် အကူအညီပေးနေသည့် NGO အဖွဲ့အစည်းများသို့ ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။

အောက်ဖော်ပြပါအချက်ဖြင့်ပြည့်စုံသူ MPT Club အဖွဲ့ဝင်များသည် ယခုပရိုမိုးရှင်းကို ရရှိအသုံးပြုနိုင်ပါသည်။

၁) MPT Club အဖွဲ့ဝင်များအားလုံး (Crown, Diamond, Platinum, Gold, Silver အဆင့်ရှိသူ) ပါဝင် နိုင်ပါသည်။

MPT Club သို့ အဖွဲ့ဝင် အဖြစ် ဝင်ရောက်ထားခြင်းမရှိပါက အောက်ပါနည်းလမ်းများဖြင့် အဖွဲ့ဝင်နိုင်ပါသည်။

၁) MPT Club သို့ အဖွဲ့ဝင်နိုင်ရန် MPT4U အက်ပလီကေးရှင်း ကို ဒေါင်းလုတ်ရယူပြီးဖြစ်စေ။

၂) *345# ကို ခေါ်ဆို၍ (သို့မဟုတ်) အမျိုးသားအတွက် “Reg M” (သို့မဟုတ်) အမျိုးသမီးအတွက် “Reg F” ကို “345” သို့ SMS ပေးပို့၍ဖြစ်စေ အဖွဲ့ဝင်နိုင်ပါသည်။

MPT Club သို့ အဖွဲ့ဝင်ပြီးနောက် MPT သုံးစွဲသူများအားလုံးသည် Welcome Point ၅၀ ရရှိမည် ဖြစ်သည်။

MPT Club သည် သုံးစွဲသူ အဖွဲ့ဝင်များအတွက် ကျေးဇူးတုံ့ပြန်သည့် အစီအစဉ်တစ်ခုဖြစ်ပြီး အဖွဲ့ဝင်များ​အ​နေဖြင့် ဖုန်းငွေဖြည့်ခြင်း (သို့မဟုတ်) မိတ်ဖက်အဖွဲ့အစည်း ၈၅ ခုကျော်၏ စားသောက်ဆိုင်များ၊ ပညာရေး /ကျန်းမာရေး ဝန်ဆောင်မှုများ ၊ ခရီးသွားလုပ်ငန်းများ နှင့် စတိုးဆိုင်ကြီးများတွင် စျေးဝယ်ယူခြင်း/ဝန်ဆောင်မှုရယူခြင်း များ ပြုလုပ်တိုင်း အကျိုးခံစားခွင့် ပြန်လည်ပေးအပ်သည့် အစီအစဉ်တစ်ခုဖြစ်သည်။ အဆိုပါ အစီအစဉ်ကြောင့် သုံးစွဲသူများအနေဖြင့် နာမည်ကျော် အမှတ်တံဆိပ်ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို အထူးနှုန်းထားများဖြင့် ဝယ်ယူရရှိနိုင်ပြီး ပိုမိုကောင်းမွန်သည့် အတွေ့အကြုံကိုလည်း ရရှိနိုင်မည့်အပြင် MPT Club အဖွဲ့ဝင်များနှင့် အဆိုပါ အမှတ်တံဆိပ်များ၊ ဝန်ဆောင်မှုများအကြား နေ့စဉ်ဘဝဆက်ဆံရေးကိုလည်း ပိုမိုကောင်းမွန်စေ မည်ဖြစ်သည်။

MPT Club အစီအစဉ်၏ အကျိုးကျေးဇူးများနှင့် ပရိုမိုးရှင်းများကို သိရှိရန် MPT Viber သို့မဟုတ် Telegram သို့ ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။ MPT ဝန်ဆောင်မှုများကို အစဉ်တစိုက်သုံးစွဲလျက်ရှိသည့် မိဘပြည်သူများအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

သုံးစွဲသူများအနေဖြင့် MPT အကြောင်းကို အသေးစိတ်သိရှိလိုပါက MPT ၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

best operator in Myanmar