MPT Myanmar | Moving Myanmar Forward MPT Club FAQ Update MM - MPT Myanmar | Moving Myanmar Forward
×

MPT Club သည် MPT သုံးစွဲသူတိုင်း ဆုလက်ဆောင်များရရှိနိုင်မည့် အစီအစဉ်ဖြစ်ပါသည်။ MPT Club အစီအစဉ်တွင် ပါဝင်ထားသော MPTဖုန်းနံပါတ်သည် ဖုန်း အသုံးပြု မှု ပေါ်တွင်အခြေခံပြီး MPT မိတ်ဖက်(partner) ဆိုင်များတွင် ဈေးဝယ်တိုင်း MPT Point များကို ထပ်ဆောင်းလက်ဆောင်အဖြစ် ရရှိနိုင်မည်ဖြစ်ပါသည်။

အဆိုပါ ရရှိထားသော MPT Pointများဖြင့် အထူးစီစဉ်ထားသော MPT ဝန်ဆောင်မှုများ၊ MPT မိတ်ဖက်(partner) ဆိုင်များမှ ဈေးဝယ်ကူပွန်များကို လဲလှယ်ရယူနိုင်မည်ဖြစ်သည်။

အောက်ဖော်ပြပါနည်းလမ်းများအနက်မှ ကြိုက်နှစ်သက်ရာ တစ်မျိုးကိုသုံး၍ တစ်ကြိမ်လျှောက်ထားရုံဖြင့် MPT Point အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။

(က) USSD ကို အသုံးပြုခြင်းနည်းလမ်း – *345# ကို ရိုက်နှိပ်ခေါ်ဆိုခြင်းဖြင့် MPT Club အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။

(ခ) SMS ကို အသုံးပြုခြင်းနည်းလမ်း – 345သို့ REG M/F ဟု စာတို(SMS)ပေးပို့ခြင်းဖြင့် MPT Club အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။

ပြောင်းလဲမှုမရှိပါ။ လက်ရှိ အသုံးပြုနေသော နှုန်းထားများအတိုင်းဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပြီး MPT Point များကို ထပ်ဆောင်းလက်ဆောင်အဖြစ် ရရှိမည်ဖြစ်ပါသည်။

နည်းလမ်း နှစ်မျိုးဖြင့် ရရှိနိုင်ပါသည်။

() ယနေ့အသုံးပြုလိုက်သော ဖုန်းငွေ ပမာဏ အပေါ် မူတည် မိမိ ရောက်ရှိနေသော member level အလိုက်နောက်တနေ့ တွင်Point များကို ရရှိ သွားမည် ဖြစ်သည်။ မိမိ အသုံးပြု လိုက်သော ဖုန်းငွေပမာဏ သို့ Usage ဆိုသည် မှာ မိမိ ဖုန်းဘေလက်ကျန် ငွေမှ အသုံး ပြု လိုက် သော လုပ်ဆောင် မှူ အားလုံး ဆိုလိုပါသည်။ Pay as you go, Package, ချေးငွေ ရယူမှု နှင့် service subscription fees (SDP, IDD, roaming and VAS service) ဝယ်ယူ မှူ အားလုံး ကိုဆိုလိုပါသည်။ 

() MPT မိတ်ဖက် ဆိုင်များတွင် ဈေးဝယ် တိုင်း MPT Point များကို ထပ်ဆောင်း လက်ဆောင် အဖြစ် ရရှိမှာဖြစ်ပါသည်။

*345*3*1# ကို ရိုက်နှိပ်ခေါ်ဆိုပြီး လဲလှယ်ယူနိုင်သည့် MPT ဝန်ဆောင်မှုများကို စစ်ဆေးကြည့်နိုင်ပါ သည်။

မှတ်ချက်မိမိလဲလှယ်ယူလိုသည့် ဝန်ဆောင်မှုအတွက် လုံလောက်သော MPT Point ရှိရန်လိုအပ်ပါ သည်။

MPT Point များကို MPTဝန်ဆောင်မှုများနှင့်လည်း လဲလှယ်အသုံးပြုနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် MPT မိတ်ဖက်(partner) ဆိုင်များရှိနေစေရန်လည်း MPT မှ ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။

လက်ခံရရှိသောနေ့မှစ၍ ၃၆၅ရက်အထိ သိမ်းထားနိုင်ပါသည်။ ၃၆၅ရက်ပြည့်ပါက သက်တမ်းကုန်သွားမည်ဖြစ်ပြီး အဆိုပါ MPT Point ကို အသုံးပြုနိုင်မည်မဟုတ်ပါ။ MPT Point များကို သက်တမ်းတိုးနိုင်ခြင်းမရှိပါ။

ယနေ့အသုံးပြုလိုက်သော ဖုန်းငွေ ပမာဏ အပေါ် မူတည် ၍ နောက်တနေ့ တွင် မနက် ၉နာရီ မှ
ညနေ့ ၃ နာရီ နောက်ဆုံး ထား၍ Point များကို ပေးပို့သွားမည် ဖြစ်သည်။ Point မည်မျှရရှိ
ကြောင်းကိုစာတို လက်ခံရရှိမည် ဖြစ်သည်။

MPT Club customer များကို ဖုန်းဘေ အသုံးပြု လိုက်တိုင်း ပိုမို ကောင်းမွန်သော ဝန်ဆောင် များကိုပေးလိုသော ကြောင့် ဖြစ်သည်

ကျသင့်တဲ့ bill ကိုပေးဆောင်ပီးမှသာရနိုင်ပါသည်။

ထိပေါက် ကစားနည်းကို MPT Club member ဖြစ်ရုံ ဖြင့် နေ့စဉ် တကြိမ် free ကစား ခွင့် ရှိမည်
ဖြစ်သည်။

MPT SIM Card အသုံးပြုနေသူ (active customer) များအားလုံး MPT Club အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။ (GSM/WCDMA/CDMA ဖုန်းများ၏ Prepaid စနစ်(သို့) Postpaid စနစ်အသုံးပြုနေသူများအားလုံး)

( အချိန်နှင့်တပြေးညီ ပြောင်းလဲမှုရှိနိုင်ပါသည် ) https://www.mpt.com.mm/en/mpt-club-en/   တွင် ကြည့်ရှူနိုင်ပါသည်။

MPT မိတ်ဖက်(partner) ဆိုင်များတွင် အသုံးပြုသော (ဈေးဝယ်ယူသော) ငွေပမာဏအလိုက် MPT Point များကို အဆိုပါ ဆိုင်က အောက်ဖော်ပြပါ နည်းလမ်းဖြင့် ပေးအပ်သွားမည်ဖြစ်သည်။

) ငွေပေးချေပြီးပါက အလိုအလျောက်စနစ်ဖြင့် MPT Point ပေးအပ်ခြင်း။ စစ်ဆေးကြည့်လိုပါက 345 သို့ BAL ဟု စာတိုပေးပို့ပါ။

*345*3*2# ကို ရိုက်နှိပ်ခေါ်ဆိုပြီး လဲလှယ်ယူနိုင်သည့် MPT မိတ်ဖက်(partner) ဆိုင်များ၏ Cuponများကို စစ်ဆေးကြည့်နိုင်ပါသည်။ 

မှတ်ချက်မိမိလဲလှယ်ယူလိုသည့် ဝန်ဆောင်မှုအတွက် လုံလောက်သော MPT Point ရှိရန်လိုအပ်ပါ သည်။

Coupon တစ်ခုကို ရွေးချယ်လိုက်ပါက Voucher Code ကို လက်ခံရရှိမည်ဖြစ်ပြီး MPT မိတ်ဖက်(partner) ဆိုင်တွင် အဆိုပါ Vocher Codeကိုပြကာ ပစ္စည်းထုတ်ယူနိုင်မည် (သို့) discount ခံစားခွင့်ရရှိမည်ဖြစ်သည်။

လွတ်လပ်စွာလဲလှယ်နိုင်ပါသည်။ မည်သည့်နေရာမှမဆို ရရှိထားသော MPT Point များကို MPT ဝန်ဆောင်မှုအတွက်ဖြစ်စေ၊ မည်သည့် MPTမိတ်ဖက်(partner) ဆိုင်တွင်ဖြစ်စေ လဲလှယ်အသုံးပြုနိုင်ပါသည်။

ဖုန်းအသုံးပြု သောငွေပမာဏ အပေါ် Point များကို တွက်ချက် ထားပြီး 1 Point သို့ ရောက်ရှိ သည်မှ စ၍ Point ရရှိကြောင်း စာတို ရရှိ သွားမည် ဖြစ်သည်။

တနေ့အသုံးစရိတ် ၂၄ နာရီ ဖြင့် တွက်ချက်သည်။ ည ၁၂ နာရီ အထိ အသုံးစရိတ်များ ပါဝင်သည်။

Welcome Point Bonus 50 points ကို ငွေဖြည့်စရာမလိုပဲ MPT Club ကို register လုပ်ပြီးပြီးချင်းစတင်ရရှိမည်ဖြစ်သည်။သို့သော် ပထမဆုံး အကြိမ် အဖွဲ့၀င် သူများသာ Welcome Point Bonus 50points ကို ငွေဖြည့်စရာမလိုပဲ ရရှိမည် ဖြစ်သည်။

MPT Club ကို Unregister ပြုလုပ်ပါက Point လက်ကျန် များ ပြန်လည် ရရှိမည် မဟုတ်ပါ။

ပေါက်မဲ များမှာ Point များ ဖြစ်ပါသည်။ ဗလာမပါ။
1 Point
2 Points
5 Points
10 Points
50 Points
100 Points တို့ ဖြစ်သည်။

MPT Point Redemption Package

လူကြီးမင်းရရှိထားသော MPT Point များကိုသုံးပြီး အောက်ဖော်ပြပါများမှ ကြိုက်နှစ်သက်ရာ MPT ဝန်ဆောင်မှုများကို လဲလှယ်ရယူနိုင်ပါသည်။

ဥပမာ – ၁၉၉ MPT Pointဖြင့် MPT ဖုန်းများသို့ မိနစ် ၆၀ ဖုန်းခေါ်ဆိုခွင့် (သို့) 300 MB အင်တာနက်အသုံးပြုခွင့် (သို့) MPT ဖုန်းများသို့ SMS အစောင် ၃,၀၀၀ ပေးပို့ခွင့် (သို့) ဖုန်းBill ၁၆၀ ကျပ် တို့အနက်မှ ကြိုက်နှစ်သက်ရာ ဝန်ဆောင်မှုတစ်ခုကို လဲလှယ်ရယူနိုင်ပါသည်။

ဝန်ဆောင်မှုတစ်ခုစီ၏ သက်တမ်းမှာ လဲလှယ်ရယူပြီးချိန်မှစ၍ ရက်၃၀အထိဖြစ်သည်။

လိုအပ်သော MPT Point အရေအတွက် Option-1 Option-2 Option-3 Option-4 ၀န်ဆောင်မှုကို အသုံးပြုနိုင်သော သက်တမ်း
Voice Data SMS Cashback
၅၀ ၁၀ မိနစ် 40MB အစောင် ၂၀၀ ၄၀ ကျပ် ရက် ၃၀
၉၉ ၂၀ မိနစ် 100 MB အစောင် ၁,၀၀၀ ၈၀ ကျပ် ရက် ၃၀
၁၉၉ ၆၀ မိနစ် 300MB အစောင် ၃,၀၀၀ ၁၆၀ ကျပ် ရက် ၃၀
၂၉၉ ၁၀၀ မိနစ် 500MB အစောင် ၅,၀၀၀ ၂၆၀ ကျပ် ရက် ၃၀
၃၉၉ ၁၆၀ မိနစ် 800MB အစောင် ၈,၀၀၀ ၃၅၀ ကျပ် ရက် ၃၀
၇၉၉ ၄၀၀ မိနစ် 2,000MB အစောင် ၂၀,၀၀၀ ၇၂၀ ကျပ် ရက် ၃၀

မှတ်ချက် – Voice သည် MPT အချင်းချင်းဖုန်းခေါ်ဆိုရန် ဖြစ်သည်။

SMS သည် MPT အချင်းချင်း စာတိုပေးပို့ရန် ဖြစ်သည်။
Cash back သည် MPT အချင်းချင်းဖုန်းခေါ်ဆိုရန်နှင့် စာတိုပေးပို့ရန်၊ အင်တာနက်အသုံးပြုရန် တို့အတွက်ဖြစ်သည်။
ဖော်ပြပါနှုန်းထားများတွင် ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီး ဖြစ်ပါသည်။
Service package အလိုက် ခံစားခွင့်များမှာ အောက်ပါအတိုင်း ဇယား အတိုင်း ဖြစ်သည်။

Pack type GSM/WCDMA CDMA GSM “Base” tariff
Voice Y X Y
Data Y X X
SMS Y X Y
Cash back Y Y Y

IDD subscription fee ကို member level အားလုံး 499 points ရှိရုံဖြင့် လဲလှယ်နိုင်ပြီ ဖြစ်ပါသည်။

Roaming subscription fee ကို member level အားလုံး 900 points ရှိရုံဖြင့် လဲလှယ်နိုင်ပြီ ဖြစ်ပါသည်။ (Roaming ကျသင့်ငွေ ၉၀၀ ကျပ် subscription fee တခုထဲသာ Point ဖြင့် အကျုံးဝင် လဲလှယ်နိုင်ပါသည်)

(က) လူကြီးမင်းလက်ရှိအသုံးပြုနေသော အစီအစဉ် (Base Tariff(သို့)ဆွေသဟာ(သို့) ရှယ်ပြော၊ (သို့)ရွှေစကား) နှုန်းထားအတိုင်း ကျသင့်စေမည်ဖြစ်သည်။
(ခ) MPT Point များနှင့် လဲလှယ်ရယူထားသည့် ဝန်ဆောင်မှုများကို အောက်ဖော်ပြပါ ပုံစံများအတိုင်း အသုံးပြုနိုင်မည်ဖြစ်သည်။

အမျိုးအစား On-net (including MPT mobiles, MPT fixed lines) Off-net (including Ooredoo/Telenor/MEC)
Voice Yes No
SMS Yes No
IDD Voice No No
Paid call center lines (e.g. 1876) No No
Purchase and use of VAS including CRBT, Call Forwarding, etc. No No
International SMS  No  No
Packages (Data) No No
Data Yes Yes

လူကြီးမင်း၏ MPT Point များကို သုံးပြီး အကြိမ်အရေအတွက် အကန့်အသတ်မရှိ လဲလှယ်ရယူနိုင်ပါသည်။

(၁) မိမိလဲလှယ်လိုသည့် MPT ဝန်ဆောင်မှုအတွက် လုံလောက်သော MPT Point မရှိပါက လဲလှယ်နိုင်မည်မဟုတ်ပါ။
(၂) လူကြီးမင်း၏ ဖုန်းနံပါတ်သည် one-way blocked (သို့)two-way blocked ဖြစ်နေပါက လဲလှယ်နိုင်မည်မဟုတ်ပါ။
(၃) ဖုန်းငွေဖြည့်ကာ ဖုန်းနံပါတ်ကို Active အဆင့်ရောက်အောင်ပြုလုပ်ခြင်း ပြီးမှ ပြန်လည်လဲလှယ်ပါ။

MPT Club Membership program

MPT Club membership program ဆိုတာ မူလ MPT Club ခံစားခွင့် များ ကို ထပ်မံ တိုးမြင့် ပြောင်းလဲပေးလိုက်ခြင်းဖြစ်သည်။

သက်မှတ်ထား သော Member Level တခုခြင်းစီ၏ ငွေပမာဏ ပေါ် ပြည့်မှီခဲ့ပါက နောက်လတွင် membership level တိုးမြင့်ပြောင်းလဲ သွားမည် ဖြစ်သည်။

Diamond, Platinum, Member ဆိုတာ အဖွဲ့ ဝင်များ မိမိရောက်ရှိနေသော အခြေအနေများကို ဖော်ပြထားခြင်းဖြစ်သည်။မိမိရောက်ရှိနေသော အခြေအနေ အလိုက် အခွင့် အရေးများကိုခံစားနိုင်သည်။

Member level ပိုင်းခြားမှုများကို အောက်ဖော်ပြပါ ဇယား အတိုင်း သိရှိနိုင် ပါသည်။
Member level ပိုင်းခြားမှုများကို အသုံးပြု သူ၏ ၃လ ပျမ်းမျှ အသုံးစရိတ် ကို အခြေခံ ၍ level များကို သတ်မှတ် ထားခြင်း ဖြစ်ပါသည်။

Member Platinum Diamond
Usage <= 9,999 MMK 10,000 MMK to 29,999 MMK >= 30,000 MMK

မိမိ ရောက်ရှိနေသော level ကို ရောက်ရှိသော လ မှ နောက် ၃ လ အထိ ခံစားနိုင် ခွင့်ရှိမည်ဖြစ်သည်။

လက်ရှိ Membership Level ၏ အသုံးစရိတ် ကို ထိန်းသိမ်း ထားနိုင်ခြင်း မရှိ ခဲ့ပါသော်လည်း လက်ရှိ Membership Level ၏အကျိုး ခံစားမှူကို နောက် ၃ လ ကြာမြင့် သည်အထိ ခံစားခွင့် ရှိသည်။

အဖွဲ့ဝင်၏ သက်တမ်းကာလမှာ ၃လဖြစ်ပါတယ်။ အဖွဲ့ဝင် များ၏ Membership Level ပြောင်းလဲ မှုရှိ ပါက သုံးသပ် ချက်များကို လတစ်လ ၏ ၁ ရက်နေ့ တွင် အသိပေးစာတို ရရှိမည် ဖြစ်သည်။