MPT Myanmar | Moving Myanmar Forward MPT Club FAQs MM - MPT Myanmar | Moving Myanmar Forward
×

MPT Club

MPT Club အစီအစဉ်မှာ ဘယ်လို ပါဝင်ရမှာပါလဲ။

အောက်ဖော်ပြပါနည်းလမ်းများအနက်မှ ကြိုက်နှစ်သက်ရာ တစ်မျိုးကိုသုံး၍ တစ်ကြိမ်လျှောက်ထားရုံဖြင့် MPT Point အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။

(က) USSD ကို အသုံးပြုခြင်းနည်းလမ်း – *345# ကို ရိုက်နှိပ်ခေါ်ဆိုခြင်းဖြင့် MPT Club အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။

(ခ) SMS ကို အသုံးပြုခြင်းနည်းလမ်း – 345သို့ REG M/F ဟု စာတို(SMS)ပေးပို့ခြင်းဖြင့် MPT Club အစီအစဉ်တွင် ပါဝင်နိုင်ပါသည်။

MPT ကနေဘယ်လိုပုံစံနဲ့MPT Point တွေရရှိနိုင်မှာပါသလဲ။

နည်းလမ်း နှစ်မျိုးဖြင့် ရရှိနိုင်ပါသည်။

(၁) ယနေ့အသုံးပြုလိုက်သော ဖုန်းငွေ ပမာဏ အပေါ် မူတည် ၍ မိမိ ရောက်ရှိနေသော member level အလိုက်နောက်တနေ့ တွင်Point များကို ရရှိ သွားမည် ဖြစ်သည်။ မိမိ အသုံးပြု လိုက်သော ဖုန်းငွေပမာဏ သို့ Usage ဆိုသည် မှာ မိမိ ဖုန်းဘေလက်ကျန် ငွေမှ အသုံး ပြု လိုက် သော လုပ်ဆောင် မှူ အားလုံး ဆိုလိုပါသည်။ Pay as you go, Package, ချေးငွေ ရယူမှု နှင့် service subscription fees (SDP, IDD, roaming and VAS service) ဝယ်ယူမှု အားလုံး ကိုဆိုလိုပါသည်။

 

(၂) MPT ၏ မိတ်ဖက် ဆိုင်များတွင် ဈေးဝယ် တိုင်း MPT Point များကို ထပ်ဆောင်း လက်ဆောင် အဖြစ် ရရှိမှာဖြစ်ပါသည်။

MPT Club ထိပေါက် ကစားနည်းကို မည်ကဲ့ သို့ ကစားနိုင်မည်နည်း။

MPT Club ထိပေါက် ကစားနည်းကို MPT Club member ဖြစ်ရုံ ဖြင့် နေ့စဉ်  member level အလိုက် Free ကစား ခွင့် ရှိမည် ဖြစ်သည်။

Diamond – ၃ ကြိမ်

Platinum – ၂ ကြိမ်

Member – ၁ ကြိမ်

MPT၏ မိတ်ဖက်(partner) ဆိုင်တွေ ကနေ ဘယ်လိုပုံစံနဲ့ MPT Point တွေ ရရှိနိုင်မှာပါလဲ။

MPT၏ မိတ်ဖက်(partner) ဆိုင်များတွင် အသုံးပြုသော (ဈေးဝယ်ယူသော) ငွေပမာဏအလိုက် MPT Point များကို အဆိုပါ ဆိုင်က အောက်ဖော်ပြပါ နည်းလမ်းဖြင့် ပေးအပ်သွားမည်ဖြစ်သည်။

၁) ငွေပေးချေပြီးပါက အလိုအလျောက်စနစ်ဖြင့် MPT Point ပေးအပ်ခြင်း။ စစ်ဆေးကြည့်လိုပါက 345 သို့ BAL ဟု စာတိုပေးပို့ပါ။

MPT Point ကို MPT ဝန်ဆောင်မှုတွေနဲ့ လဲလှယ်ဖို့ ဘာတွေလုပ်ဖို့လိုလဲ။

*345*3*1# ကို ရိုက်နှိပ်ခေါ်ဆိုပြီး လဲလှယ်ယူနိုင်သည့် MPT ဝန်ဆောင်မှုများကို စစ်ဆေးကြည့်နိုင်ပါ သည်။

မှတ်ချက်-မိမိလဲလှယ်ယူလိုသည့် ဝန်ဆောင်မှုအတွက် လုံလောက်သော MPT Point ရှိရန်လိုအပ်ပါ သည်။

MPT Point ကို MPT၏ မိတ်ဖက်(partner) ဆိုင်တွေမှာ လဲလှယ်ဖို့ ဘာတွေလုပ်ဖို့လိုလဲ။

*345*3*2# ကို ရိုက်နှိပ်ခေါ်ဆိုပြီး လဲလှယ်ယူနိုင်သည့် MPT၏ မိတ်ဖက်(partner) ဆိုင်များ၏ Cuponများကို စစ်ဆေးကြည့်နိုင်ပါသည်။

မှတ်ချက်-မိမိလဲလှယ်ယူလိုသည့် ဝန်ဆောင်မှုအတွက် လုံလောက်သော MPT Point ရှိရန်လိုအပ်ပါ သည်။

Coupon တစ်ခုကို ရွေးချယ်လိုက်ပါက Voucher Code ကို လက်ခံရရှိမည်ဖြစ်ပြီး MPT၏ မိတ်ဖက်(partner) ဆိုင်တွင် အဆိုပါ Vocher Codeကိုပြကာ ပစ္စည်းထုတ်ယူနိုင်မည် (သို့) discount ခံစားခွင့်ရရှိမည်ဖြစ်သည်။

MPT Point တွေရဲ့ သက်တမ်းက ဘယ်လောက်လဲ။ ( MPT Point တွေကို မသုံးဘဲ ဘယ်လောက်ကြာကြာသိမ်းထားနိုင်ပါသလဲ။

လက်ခံရရှိသောနေ့မှစ၍ ၃၆၅ရက်အထိ သိမ်းထားနိုင်ပါသည်။ ၃၆၅ရက်ပြည့်ပါက သက်တမ်းကုန်သွားမည်ဖြစ်ပြီး အဆိုပါ  MPT Point ကို အသုံးပြုနိုင်မည်မဟုတ်ပါ။ MPT Point များကို သက်တမ်းတိုးနိုင်ခြင်းမရှိပါ။

MPT point ကိုသုံးပြီး MPT ဝန်ဆောင်မှု Package ဖြစ်တဲ့ Voice (သို့) Balance Package ကိုလဲလှယ်ရယူထားပါတယ်။ MPT မဟုတ်တဲ့တခြား Operator နံပါတ်ကို ဖုန်းခေါ်ဆိုတဲ့အခါ ဘယ်လိုဖြစ်မှာပါလဲ။

(က) လူကြီးမင်းလက်ရှိအသုံးပြုနေသော အစီအစဉ် (Base Tariff(သို့)ဆွေသဟာ(သို့) ရှယ်ပြော၊ (သို့)ရွှေစကား) နှုန်းထားအတိုင်း ကျသင့်စေမည်ဖြစ်သည်။

(ခ) MPT Point များနှင့် လဲလှယ်ရယူထားသည့် ဝန်ဆောင်မှုများကို အောက်ဖော်ပြပါ ပုံစံများအတိုင်း အသုံးပြုနိုင်မည်ဖြစ်သည်။

SMS Yes No
IDD Voice No No
Paid call center lines (e.g. 1876) No No
Purchase and use of VAS including CRBT, Call Forwarding, etc. No No
International SMS No No
Packages (Data) No No
Data Yes Yes