MPT Myanmar | Moving Myanmar Forward Novotel Yangon Max - MPT Myanmar | Moving Myanmar Forward
×
mptofficialpage
mpt

Novotel Yangon Max

MPT Club အဖွဲ့ဝင်များအနေဖြင့် လစဉ် ၅ ရက်၊ ၁၅ ရက်၊ ၂၅ ရက် သို့မဟုတ် သတ်မှတ်ထားသောရက်များတွင် ကျွန်ုပ်တို့၏ Lucky5 မိတ်ဖက်ဆိုင်များထံမှ လျှော့စျေး သို့မဟုတ် ပရိုမိုးရှင်းများကို ရယူနိုင်ပါသည်။

သင့်ကိုနွေးထွေးစွာ ကြိုဆိုနေတဲ့ ရန်ကုန်မြို့လယ်ခေါင်က သင့်ရဲ့အပန်းဖြေ ကောင်းကင်ဘုံငယ် အချိန်ယူပြီး ကိုယ့်ကိုကိုယ်လည်း အချိန်ပေးဖို့လိုတယ်လေ။ NOVOTEL YANGON MAX မှာတည်းခိုနေထိုင်ပြီး ကိုယ့်အိမ်မှာ နေသလိုမျိုး သက်တောင့်သက်သာ စိတ်လက်အပန်းဖြေပြီး အားအင်သစ်တွေ ဖြည့်ဆည်းလိုက်ပါ။ ပြည်လမ်းမကြီးပေါ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ မိနစ်(၂၀)လောက် အကွာအဝေးမှာပဲ တည်ရှိတဲ့ ACCOR အဖွဲ့အစည်းရဲ့ ကြယ်ငါးပွင့် အဆင့်မြင့် NOVOTEL YANGON MAX ဟိုတယ်ဟာ နိုင်ငံခြားသံရုံးအများစုနဲ့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေကနေ ၁၀ ကီလိုမီတာ ပဲကွာဝေးတဲ့ အချက်အချာနေရာမှာ တည်ရှိပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ကြီးကျယ်မြင့်မြတ်လှတဲ့ ရွှေတိဂုံစေတီတော်မြတ်ကြီးနဲ့လည်း ၄ ကီလိုမီတာ လောက်ပဲဝေးပြီး သမိုင်းဝင်တဲ့ ရန်ကုန်မြို့လည်ခေါင်နှင့်လည်း နီးတဲ့အပြင် JUNCTION SQUARE စျေးဝယ် စင်တာနှင့်လည်း လမ်းလျှောက်သွားရုံအကွာအဝေးတွင်းမှာသာတည်ရှိပါတယ်။

လူကြီးမင်းအနေနဲ့ NOVOTEL YANGON MAX ဟိုတယ်မှာ အကောင်းဆုံး တည်းခိုနေထိုင်မှု အတွေ့အကြုံကို ခံစားရရှိ နိုင်ရန်အတွက် လူကြီးမင်းရဲ့ အချိန်တွေကို ညီညွှတ်မျှတအောင်ဆောင်ရွက်ဖို့ အရေးကြီးတယ်ဆိုတာကို ကျွန်မတို့ဘက်က နားလည်ပါတယ်။

အလုပ်ကိစ္စကြောင့် ခရီးထွက်ရတာပဲ ဖြစ်ဖြစ်၊ အပန်းဖြေနားနေဖို့ ခရီးထွက်တာပဲဖြစ်ဖြစ် လူကြီးမင်းအတွက် ရွေးချယ်စရာတွေများပြားလှတဲ့ ကျွန်မတို့ရဲ့ အပန်းဖြေဝန်ဆောင်မှုအမျိုးမျိုး၊ အရသာထူးကဲကောင်းမွန်လှတဲ့ စားချင်စဖွယ် အာရှနှင့် နိုင်ငံတကာ အစားအစာ ဟင်းလျာများ၊ စတိုင်ကျ ခမ်းနား ကြီးကျယ်ပြီးသက်တောင့်သက်သာရှိတဲ့ ဟိုတယ်ခန်းများအပြင်နောက်ဆုံးပေါ် စီးပွားရေးနှင့် အစည်းအဝေးဆိုင်ရာ ဝန်ဆောင်မှုများက ဒီမြန်မာနိုင်ငံရဲ့ အကြီးဆုံး ရန်ကုုန်မြို့တော်ရဲ့ အချက်အချာ ကျတဲ့ နှလုုံးသည်းအူနေရာမှာ လူကြီးမင်း တည်းခိုနားနေတဲ့ အချိန်အခိုက်အတန့်လေးကို အကောင်းဆုံးနဲ့ အားအင်ပြန်လည်ဖြည့်တင်းနိုင်စေပြီး စိတ်ကျေနပ်စရာ အကောင်းဆုံး  တည်းခိုနေထိုင်မှု အတွေ့အကြုံကို ခံစားရရှိစေမှာပါ။

  • ပရိုမိုးရှင်းကာလ     – ၁၅ သြဂုတ် ၂၀၂၂ – ၃၁ အောက်တိုဘာ ၂၀၂၂
  • ပရိုမိုးရှင်းနေ့      – လ ၏ ၅၊ ၁၅၊ ၂၅
  • ဆက်သွယ်ရန်နံပါတ်      – +95 9251186014

Novotel Yangon Max အကြောင်း ပိုမိုသိရှိရန်       –  https://www.facebook.com/NovotelYangonMax/, www.novotelyangonmax.com

  • MPT Club အဖွဲ့ဝင်အားလုံး​Novotel Yangon Max မှာအနားယူကြမယ်!၅၊၁၅၊၂၅ ရက်များတွင်ဘိုကင်ပြုလုပ်၍ ၂၀၂၂ ဩဂုတ်မှအောက်တိုဘာအတွင်းကြိုက်တဲ့ရက်အတွက် ဟိုတယ်အခန်းခနှင့်အစားအသောက်များကို ၁၀%လျော့ဈေးရယူလိုက်ပါ။ဤလျှော့စျေးပရိုမိုးရှင်းအားရယူရန်
    1. *345*1# ကိုခေါ်ဆိုပြီး (သို့) MPT4U App သို့သွား၍ MPT Club Member Level ကိုရယူပါ။
    2. +95 9251186014 ကိုဖုန်းခေါ်ဆို၍ ဘိုကင်ပြုသည့်အချိန်တွင် MPTClub membership ကို ပြသ၍ လျော့စျေးရယူနိုင်ပါသည်။

     

     ရရှိနိုင်သောနေရာများ

    Novotel Yangon Max

    459 Pyay Road, Kamayut Township, 11041 Yangon.