MPT Myanmar | Moving Myanmar ForwardMPT Club Monsoon Monday Moti - MPT Myanmar | Moving Myanmar Forward
×
mptofficialpage
mpt

‘မိုးရာသီရဲ့ ပျော်ရွှင်စရာ တနင်္လာနေ့များ’

မိုးတဖွဲဖွဲလေးနဲ  တနင်္လာနေ့ရောက်တိုင်း ခံစားချက် တွေမပျော်ရွှင်ရဘူးဟုတ်။ ပိတ်ရက်ကုန်ဆုံးပြီး တစ်ပတ်တာရဲ့ ပထမဆုံးရက်ကိုစရတော့မယ်လေ။ ဒါကြောင့် MPT Club က July လ  အပတ်တိုင်းရဲ့ ပထမဆုံး တနင်္လာနေ့တိုင်းကို ပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးဖို့ ပထမဆုံးဖြစ်တဲ့ New Combo Redemption Package လေး နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အကောင်းဆုံး သော ပရိုမိုးရှင်းတွေ ကို ပေးချင်တာမို့ ၁၀၀ ပွိုင့် နဲ့ လဲလှယ်ရုံနဲ့ ပုံမှန်ထက် ၃ ဆ ပိုရမယ့် 300 MB + 20 Mins (ဒေတာ နဲ့ မိနစ်) ကို ရရှိနိုင်မှာပါ။ (ဒေတာနဲ့ မိနစ်) ရဲ့ သက်တမ်းကုန်ဆုံးရက် က ၅ ရက် ဖြစ်လို့် MPT Club ရဲ့ အတန်ဆုံး ပက်ကေ့ချ်လေးကို တ၀ကြီး သုံးပြီး ပျော်ပျော် ရွှင်ရွှင် ဖြတ်သန်:လိုက်ကြရအောင်နော်။ ပရိုမိုးရှင်းကာလအတွင်: တစ်ဦးလျှင်တစ်ကြိမ်သာ  လဲလှယ်ရရှိနိုင်မှာဖြစ်ပါတယ်

ပရိုမိုးရှင်းကာလ : ၄၊ ၁၁ ၊ ၁၈ ၊ ၂၅ ( ဇူလိုင်လ အပတ်တိုင်း ရဲ့ တနင်္လာနေ့ )

၀ယ်ယူရန် – *345#

စည်းကမ်းသတ်မှတ်ချက်များ

  • ဤအစီအစဥ်သည် MPT နှင့် MPT Club အသုံးပြုသူများအတွက်ဖြစ်ပါသည်။
  • ပရိုမိုးရှင်းကာလမှာ ၂၀၂၂ ခုနှစ် ဇူလိုင်လ၏ တနင်္လာနေ့တိုင်း (၄) ရက်နေ့၊ (၁၁) ရက်နေ့၊ (၁၈) ရက်နေ့နှင့် (၂၅) ရက်နေ့ ဖြစ်ပါသည်။
  • ဤအစီအစဥ်တွင် ပါဝင်နိုင်ရန် ပွိုင့် အနည်းဆုံး ၁၀၀ ပွိုင့်ရှိရန်လိုအပ်ပါသည်။
  • ဤအစီအစဥ်တွင် ပါဝင်ပြီး ဆုလက်ဆောင်ရယူနိုင်သည့် အရေအတွက် အကန့်အသတ်ရှိပါသည်။
  • ဤအစီအစဥ်တွင် ပါဝင်ပြီး ပွိုင့် ၁၀၀ နှင့် 300 MB + 20 Mins အစရှိသည့် အကျိုး ခံစားခွင့်ရရှိနိုင်မည် ဖြစ်ပါသည်။
  • ရရှိလာသော ဒေတာနှင့် ဖုန်းပြောခြင်း အား လဲလှယ်လိုက်သော နေ့မှ ၅ ရက်အတွင်း အသုံးပြုနိုင်ပါသည်။
  • ဤအစီအစဥ်အား ပရိုမိုးရှင်းကာလ အားလုံးအတွင်း တဦးလျှင် တကြိမ်သာ ခံစားခွင့်ရှိပါသည်။

အမေးများသောမေးခွန်းများ

မေးခွန်း (၁) MPT Club ၏ မိုးရာသီရဲ့ပျော်ရွှင်ဖွယ်ရာတနင်္လာနေ့များပရိုမိုးရှင်းအစီအစဥ်ဆိုတာဘာလဲ။

အဖြေ။ MPT Club အဖွဲ့ဝင်များအနေဖြင့် 300MB နှင့် MPT အချင်းချင်းဖုန်းခေါ်ဆိုခွင့် မိနစ် (၂၀) စာရရှိနိုင်မည့် Combo Package (“ အကျိုးခံစားခွင့်” ) အတွက် MPT ပွိုင့် (၁၀၀) အား နုတ်ယူခုနှိမ်လဲလှယ်ရယူနိုင်သည့် MPT Club ပရိုမိုးရှင်း အစီအစဥ်ဖြစ်ပါသည်။

မေးခွန်း (၂) ပရိုမိုးရှင်းအစီအစဥ်သက်တမ်းကာလက ဘယ်အချိန်အထိလဲ။

အဖြေ။ ဤပရိုမိုးရှင်းအစီအစဥ်အား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ၏ တနင်္လာနေ့တိုင်းတွင် (သို့မဟုတ်) ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ၏ (၄) ရက်နေ့၊ (၁၁) ရက်နေ့၊ (၁၈) ရက်နေ့နှင့် (၂၅) ရက်နေ့တို့တွင် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ (၂၀၂၂ ခုနှစ်၊ ဇူလိုင်လ၏ တနင်္လာနေ့တိုင်းကို “ပရိုမိုးရှင်းနေ့” အဖြစ် သတ်မှတ်ရည်ညွှန်းရမည်ဖြစ်ပြီး ပရိုမိုးရှင်းနေ့များအားလုံးအား စုပေါင်း၍ “ပရိုမိုးရှင်းအစီအစဥ် သက်တမ်းကာလ” အဖြစ် သတ်မှတ်ရည်ညွှန်းရမည်။)

မေးခွန်း (၃) ဤပရိုမိုးရှင်းအစီအစဥ်တွင် ဘယ်သူတွေပါဝင်နိုင်ပါသလဲ။

အဖြေ။ MPT ပွိုင့် (၁၀၀) အနည်းဆုံးရှိသည့် MPT Club အဖွဲ့ဝင်များအနေဖြင့် ဤပရိုမိုးရှင်းအစီအစဥ်တွင် ပါဝင်နိုင်ပါသည်။

မေးခွန်း (၄) ဤပရိုမိုးရှင်းအစီအစဥ်မှာ ဘယ်လိုပါဝင်လို့ရနိုင်မလဲ။

အဖြေ။ အောက်ဖော်ပြပါနည်းလမ်းတစ်ခုခုကို အသုံးပြု၍ အကျိုးခံစားခွင့်အတွက် ပရိုမိုးရှင်းရက် တစ်ရက်ရက်၌ MPT ပွိုင့် (၁၀၀) အား နုတ်ယူခုနှိမ်ခြင်းဖြင့် ဤပရိုမိုးရှင်းအစီအစဥ်တွင် ပါဝင်နိုင်ပါသည်။

၁။ USSD နံပါတ် *345*3# အားခေါ်ဆိုခြင်း၊
၂။ MPT4U အပလီကေးရှင်းအား အသုံးပြု၍ဆောင်ရွက်ခြင်း။

မေးခွန်း (၅) MPT ပွိုင့်များအား နုတ်ယူခုနှိမ်ပြီးနောက် အကျိုးခံစားခွင့်အား မည်သည့်အချိန်တွင် လက်ခံရရှိမလဲ။

အဖြေ။ MPT ပွိုင့်များအား နုတ်ယူခုနှိမ်ပြီးသည်နှင့်တစ်ပြိုင်နက် အကျိုးခံစားခွင့်အား ချက်ခြင်း လက်ခံရရှိမည်ဖြစ်သည်။

မေးခွန်း (၆) အကျိုးခံစားခွင့်ဟာ ဘယ်တော့သက်တမ်းကုန်ဆုံးမှာလဲ။

အဖြေ။ အကျိုးခံစားခွင့်သည် နုတ်ယူခုနှိမ်ပြီးနောက် (၅) ရက်အတွင်း အသုံးမပြုပါက အလိုအလျောက်သက်တမ်းကုန်ဆုံး သွားမည်ဖြစ်သည်။

မေးခွန်း (၇) ပရိုမိုးရှင်းအစီအစဥ်မှာ အကျိုးခံစားခွင့် ရရှိနိုင်ဖို့အတွက် ပါဝင်သူလူဦးရေကန့်သတ်ချက်ရှိပါသလား။

အဖြေ။ ကန့်သတ်ချက်ရှိပါသည်။ ပရိုမိုးရှင်းနေ့ရက် တစ်ရက်စီ၌ ပထမဦးဆုံးပါဝင်လာသူ လူဦးရေ (၃၇,၅၀၀) သာလျှင် အကျိုးခံစားခွင့်ကို လက်ခံရရှိနိုင်မည်ဖြစ်သည်။

မေးခွန်း (၈) ဤပရိုမိုးရှင်းအစီအစဥ်တွင် ဘယ်နှစ်ကြိမ်ပါဝင်နိုင်ပါသလဲ။

အဖြေ။ ဤပရိုမိုးရှင်းအစီအစဥ်သက်တမ်းကာ တစ်လျှောက်လုံးတွင် တစ်ကြိမ်သာလျှင် ပါဝင်နိုင်မည်ဖြစ်ပါသည်။

မေးခွန်း (၉) MPT Club အဖွဲ့ဝင်ဖြစ်အောင် ဘယ်လိုလုပ်ဆောင်ရမလဲ။

အဖြေ။ MPT4U အပလီကေးရှင်းအား ဒေါင်းလုပ်ရယူခြင်းဖြင့်လည်းကောင်း၊ *345# အား ခေါ်ဆို၍ လည်းကောင်း MPT Club အဖွဲ့ဝင်အဖြစ် လွယ်ကူစွာ ပါဝင်ဆောင်ရွက်နိုင်ပါသည်။

မှတ်ချက်။ ဤအမေးများသောမေးခွန်းများနှင့် စည်းကမ်းချက်များအကြား ကွဲလွဲမှုများရှိခဲ့ပါက စည်းကမ်းချက်များပါ ပြဌာန်းချက်များက လွှမ်းမိုးအတည်ဖြစ်စေရမည်။ ဤအမေးများသောမေးခွန်းများ၏ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ စာသားများအကြား ကွဲလွဲမှုများရှိခဲ့ပါက မြန်မာဘာသာပါစာသားများကသာ လွှမ်းမိုးအတည်ဖြစ်စေရမည်။