MPT Myanmar | Moving Myanmar ForwardMPT Club အစီအစဥ် - သီးသန့်စည်းကမ်းသတ်မှတ်ချက်များ - MPT Myanmar | Moving Myanmar Forward
×
mptofficialpage
mpt

MPT Club အစီအစဉ်‌ - သီးသန့်စည်းကမ်းသတ်မှတ်ချက်များ

ဝန်ဆောင်မှုတွင် ပါဝင်ခြင်းအားဖြင့် သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုခြင်းအားဖြင့် သင်သည် ဤသီးသန့်စည်းကမ်းချက်များပါ စည်းကမ်းသတ်မှတ်ချက်များအပြင် ကျွန်ုပ်တို့၏ အထွေထွေ စည်းကမ်းချက်များနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်ထိန်းသိမ်းမှုမူဝါဒကို အပြည့်အဝ ဖတ်ရှုနားလည် သဘောပေါက်ပြီးဖြစ်ကြောင်းနှင့် ၎င်းတို့တွင် ပါဝင်သော စည်းကမ်းသတ်မှတ်ချက်များ အားလုံး၏ မိမိအပေါ် စည်းနှောင်မှုကို ဤစာရွက်စာတမ်းအားဖြင့် ခံယူကြောင်း အသိအမှတ်ပြုပါသည်။

၁။ အဓိပ္ပာယ်ဖွင့်ဆိုချက်များ

၁.၁ ဤသီးသန့်စည်းကမ်းသတ်မှတ်ချက်များ (“သီးသန့်စည်းကမ်းချက်များ”) သည် ကျွန်ုပ်တို့၏ နောက်ဆုံး အထွေထွေစည်းကမ်းသတ်မှတ်ချက်များနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်ထိန်းသိမ်းမှုမူဝါဒတို့နှင့် အတူတကွ ဖတ်ရှုရန်ဖြစ်သည်။
၁.၂ သီးသန့်စည်းကမ်းချက်များနှင့် အထွေထွေစည်းကမ်းချက်များအကြား ဆန့်ကျင်ကွဲလွဲမှုတစ်စုံတစ်ရာ ရှိပါက ဤသီးသန့်စည်းကမ်းချက်များကို ကျင့်သုံးရမည်။
၁.၃ ဤစာရွက်စာတမ်းတွင်မျဉ်းသားထားသော်လည်း အောက်တွင်အဓိပ္ပာယ်ဖွင့်ဆိုထားခြင်းမရှိသောအသုံးအနှုန်း များသည် အထွေထွေစည်းကမ်းချက်များတွင် ဖော်ပြထားသောအဓိပ္ပာယ်နှင့်တူညီသော အဓိပ္ပာယ်ရှိပါသည်။
“အလုပ်အပ်နှံသူများ” ဆိုသည်မှာ ကြော်ငြာပေးရန်၊ ဝယ်ယူသူများ၏ အပြုအမူနှင့်ပတ်သက်သော သတင်း အချက်အလက်များကိုစုဆောင်ပေးရန်နှင့်လေ့လာသုံးသပ်ပေးရန်အပြင် အခြားသောဆက်စပ်ဝန်ဆောင်မှုများ အတွက် ကျွန်ုပ်တို့အား ခန့်အပ်ထားသော တတိယပုဂ္ဂိုလ်များကို ရည်ညွှန်းပါသည်။
“ပတ်သက်ဆက်နွယ်သည့်အဖွဲ့အစည်း” ဆိုသည်မှာ အထွေထွေစည်းကမ်းချက်များတွင် ဖော်ပြထားသောအဓိပ္ပာယ်ဖွင့်ဆိုချက် အပြင် MPT Money/MPT Pay နှင့် MPT ၏ပူးတွဲလုပ်ကိုင်သူမိတ်ဖက်အဖွဲ့အစည်း၊ KDDI Summit Global Myanmar Co., Ltd. တို့ကို ဆိုလိုသည်။

“ပြောဆိုဆက်သွယ်ရေးပစ္စည်းများ”ဆိုသည်မှာ အရောင်းမြှင့်တင်မှု (Promo)တစ်ခုနှင့်ပတ်သက်၍ယေဘုယျ ဆန်သော နှင့်/သို့မဟုတ် တိကျသောသတင်းအချက်အလက်များတွင် ဝန်ဆောင်မှုအကြောင်းသတင်းအချက် အလက်များပါဝင်သည့် ကျွန်ုပ်တို့ ထုတ်ဝေထားသော လက်ကမ်းစာစောင်များ၊ ဖြန့်ဝေစာများ၊ သတင်းစာ ကြော်ငြာများ၊ လူမှုကွန်ရက်ပေါ်ရှိပို့စ်များ နှင့်/သို့မဟုတ် ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်များရှိ ကြေညာချက်များနှင့် မေးလေ့ရှိသောမေးခွန်းများ (FAQ) အပါအဝင် သတင်းအချက်အလက်ဆိုင်ရာ၊ ကြော်ငြာဆိုင်ရာ နှင့်/သို့မဟုတ် ဈေးကွက်ရှာဖွေခြင်းဆိုင်ရာ ပစ္စည်းများကို ရည်ညွှန်းပါသည်။

“MPT Money” နှင့်/သို့မဟုတ် “MPT Pay” ဆိုသည်မှာ MPT Money Company Limited ကို ရည်ညွှန်းပါ သည်။

“အကြောင်းကြားစာများ (Notifications)” ဆိုသည်မှာ အောက်ပါတို့နှင့်ပတ်သက်၍ ကျွန်ုပ်တို့၊ ကျွန်ုပ်တို့၏ မိတ်ဖက်ကုန်သည်များ နှင့်/သို့မဟုတ် ကျွန်ုပ်တို့၏ အလုပ်အပ်နှံသူများမှ သင့်ထံ ပေးပို့သော သတင်းစကား များကို ရည်ညွှန်းပါသည် –
က) ဝန်ဆောင်မှု၊ ဥပမာ အကောင့်အခြေအနေအပြောင်းအလဲတင်ပြမှုများ (Account Status Updates)၊ အတည်ပြုစာလွှာများ (Confirmation Messages)၊ သို့မဟုတ် မှားယွင်းကြောင်းစာလွှာ များ(Error Messages)စသဖြင့်၊
ခ) သင့်အနေဖြင့် ရပိုင်ခွင့်ရှိနိုင်သော ဆုများ (Rewards)၊
ဂ) သင်ရယူထားသော ရမှတ်များ (Points)၊
ဃ) ကုန်သွယ်ရေးဆိုင်ရာ သို့မဟုတ် အရောင်းမြှင့်တင်မှုဆိုင်ရာ ကြော်ငြာများနှင့် ကျွန်ုပ်တို့၊ ကျွန်ုပ်တို့၏ မိတ်ဖက်ကုန်သည်များ နှင့်/သို့မဟုတ် ကျွန်ုပ်တို့၏ အလုပ်အပ်နှံသူများမှ စတင်ပေးပို့သော စာလွှာ များ။ ဤတွင် ဆက်သွယ်ရေးဝန်ဆောင်မှုများနှင့်သက်ဆိုင်ခြင်းမရှိသော စာလွှာများလည်းပါဝင်နိုင် ပါသည်။ ဤတွင် သင်နှင့်ပတ်သက်၍ ကျွန်ုပ်တို့မှကောက်ယူထားသောအချက်အလက်အပေါ် အခြေ ခံ၍ သင့်အတွက် သီးသန့်ရေးသားထားသော စာလွှာများလည်း ပါဝင်နိုင်ပါသည်။
င) သင်၏ ကြိုက်နှစ်သက်မှုများကို ပိုမိုကောင်းမွန်စွာနားလည်နိုင်အောင် အထောက်အကူ ဖြစ်စေပြီး သင် စိတ်ဝင်စားနိုင်သော ကမ်းလှမ်းမှုများကို သင့်အား ပေးအပ်နိုင်စေသည့် စစ်တမ်းကောက်ယူမှုများ နှင့်/သို့မဟုတ် အခြားသတင်းအချက်အလက်ကောက်ယူမှုနည်းလမ်းများ။ အဆိုပါအကြောင်းကြားစာအမျိုးအစားများသည် ကျွန်ုပ်တို့၊ ကျွန်ုပ်တို့၏ မိတ်ဖက်ကုန်သည် များ နှင့်/ သို့မဟုတ် ကျွန်ုပ်တို့၏ အလုပ်အပ်နှံသူများထံမှ လာရောက်နိုင်ပါသည်။

သင့်အနေဖြင့် အကြောင်းကြားစာများကို စာများ၊ SMS များနှင့် Facebook ကဲ့သို့ လူမှုကွန်ရက်များအစရှိသော နည်းလမ်းမျိုးစုံဖြင့် လက်ခံရရှိရန် မျှော်လင့်ထားနိုင်ပါသည်။

“မိတ်ဖက်ကုန်သည်များ” ဆိုသည်မှာ Promo တစ်ခု၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် သင်၏ ရမှတ်များနှင့် လဲလှယ်၍ရယူနိုင်သော လျှော့ဈေးများ၊ ပြန်အမ်းမှုများ နှင့်/သို့မဟုတ် အခမဲ့ကုန်ပစ္စည်းများ အစရှိသည့် သင်၏ အမျိုးမျိုးသော အကျိုးခံစားခွင့်များကို ကမ်းလှမ်းမည့် ကျွန်ုပ်တို့နှင့် ပူးပေါင်းလုပ်ကိုင်သော တတိယပုဂ္ဂိုလ်များကို ရည်ညွှန်းပါသည်။

“ရမှတ်များ(Points)”ဆိုသည်မှာ Promo တစ်ခု၏ အစိတ်အပိုင်းတစ်ရပ် အဖြစ်သော်လည်းကောင်း၊ ကျွန်ုပ်တို့မှ ခွင့်ပြုသည့်အတိုင်းသော်လည်းကောင်း မိတ်ဖက်ကုန်သည်တစ်ဦးထံမှ ကုန်ပစ္စည်းများ နှင့်/သို့မ ဟုတ် ဝန်ဆောင်မှုများဝယ်ယူသောအခါတွင် သင်၏ မိုဘိုင်းလ်ဖုန်းသုံးစွဲမှုမှတဆင့် သင်က ရယူနိုင်ပြီး သင်၏ အကောင့်ထဲသို့ထည့်သွင်းပေးသည့် MPT Club ရမှတ်များ (MPT Club Points) ကို ရည်ညွှန်းပါသည်။

“အရောင်းမြှင့်တင်မှုများ (Promos)” ဆိုသည်မှာ ဤဝန်ဆောင်မှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကျွန်ုပ်တို့က အခါအားလျော်စွာ ကမ်းလှမ်းသည့် အမျိုးမျိုးသော အရောင်းမြှင့်တင်မှုများ၊ လျှော့ဈေးများနှင့် အခြားသော အကျိုးခံစားခွင့်များနှင့် အထူးအခွင့်အရေးများကို ရည်ညွှန်းပါသည်။

“ဆုများ (Rewards)” ဆိုသည်မှာ Promo တစ်ခု၏ အစိတ် အပိုင်းတစ်ရပ်အဖြစ်သော်လည်းကောင်း၊ ကျွန်ုပ်တို့မှ ခွင့်ပြုသည့်အတိုင်းသော်လည်းကောင်း သင်၏ အမှတ်များကို လဲလှယ်ခြင်းအားဖြင့် ကျွန်ုပ်တို့က ဖြစ်စေ၊ ကျွန်ုပ်တို့၏ မိတ်ဖက်ကုန်သည်များကဖြစ်စေ ဤဝန်ဆောင်မှုတွင်ပါဝင်ခြင်းအတွက် သင့်အား ပေးအပ်သော အကျိုးခံစားခွင့်များ၊ ကုန်ပစ္စည်းများ နှင့်/သို့မဟုတ် ဝန်ဆောင်မှုများကို ရည်ညွှန်းပါသည်။ သင်ရရှိနိုင်သောဆုများသည် သင်၏အသင်းဝင်အဆင့်၊ Promo သို့မဟုတ် ကျွန်ုပ်တို့မှ ခွင့်ပြုနိုင့်သည့်အတိုင်းအပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။

“ဝန်ဆောင်မှု” ဆိုသည်မှာ အထွေထွေစည်းကမ်းချက်များတွင်လည်း အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတိုင်း MPT Club ကို ရည်ညွှန်းပါသည်။

“ဝန်ဆောင်မှုကာလ” ဆိုသည်မှာ ဤဝန်ဆောင်မှု၏ ကြာချိန် သို့မဟုတ် သက်တမ်းတစ်ခုလုံးကို ရည်ညွှန်းပါ သည်။

“စည်းကမ်းသတ်မှတ်ချက်များ” သည် အထွေထွေစည်ကမ်းချက်များ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်ထိန်း သိမ်းမှုမူဝါဒနှင့် ဤသီးသန့်စည်းကမ်းချက်များကို စုပေါင်း၍ ရည်ညွှန်းရမည်။

“ကျွန်ုပ်တို့သည်” ၊ “ကျွန်ုပ်တို့အား” ၊ “ကျွန်ုပ်တို့၏” ဆိုသည်မှာ MPT ကို ရည်ညွှန်းပါသည်။

“သင်” ၊ “သင်၏” ဆိုသည်မှာ ဤဝန်ဆောင်မှုတွင်ပါဝင်ရန်ရွေးချယ်ခဲ့သောသုံးစွဲသူ သင့်ကို ရည်ညွှန်းပါသည်။

၁.၄ ကျွန်ုပ်တို့အနေဖြင့် ဤသီးသန့်စည်းကမ်းချက်များကို အခါအားလျော်စွာပြောင်းလဲပြင်ဆင်နိုင်ပြီး မည်သည့် ပြောင်းလဲမှုမဆိုရှိပါက သင့်အား ကျွန်ုပ်တို့ အသိပေးအကြောင်းကြားနိုင်ပါသည်။

၂။ ဝန်ဆောင်မှုဖော်ပြချက်

၂.၁ MPT Club သည် သင်၏အသင်းဝင်အဆင့်၊ Promo များနှင့် ကျွန်ုပ်တို့ နှင့်/သို့မဟုတ် ကျွန်ုပ်တို့၏ မိတ်ဖက်ကုန်သည်များ၏ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအား သင်၏ သုံးစွဲမှုအပေါ်မူတည်၍ သင့် အား Reward များပေးအပ်ရန် ရည်ရွယ်သော ကျွန်ုပ်တို့၏ စွဲမြဲသုံးစွဲရေးအစီအစဉ် (Loyalty Program) ဖြစ်ပါသည်။

၂.၂ သင်သည် Points များနှင့် လဲလှယ်ခြင်းအားဖြင့် သို့မဟုတ် Promo တစ်ခုတွင် ပါဝင်ခြင်းအားဖြင့် Rewards များကို ရရှိနိုင်ပါသည်။

၂.၃ သင်ရယူနိုင်သော Point အရေအတွက်သည် သင်၏ မိုဘိုင်းလ်ဖုန်းသုံးစွဲမှု၊ သင်၏ အသင်းဝင်အဆင့်နှင့် ကျွန်ုပ်တို့၏မိတ်ဖက်ကုန်သည်များ၏ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများအား သင်၏ အားပေးမှု အပေါ် မူတည်ပါသည်။

၂.၄ သင်ရရှိနိုင်သော Reward များသည် သင်၏ အသင်းဝင်အဆင့် နှင့်/သို့မဟုတ် Promo အပေါ် မူတည်၍ကွဲပြားနိုင်ပါသည်။

၂.၅ အသေးစိတ်အချက်အလက်များ၊ စည်းမျဉ်းများနှင့် Promo တစ်ခု မည်သို့အလုပ်လုပ်ပုံတို့ကို အဆိုပါ Promo အတွက် ပြောဆိုဆက်သွယ်ရေးပစ္စည်းများတွင် တွေ့ရှိနိုင်ပါသည်။

၃။ ဤဝန်ဆောင်မှုအတွက် အရည်အချင်းပြည့်မီမှု၊ ပါဝင်ခြင်းနှင့် နုတ်ထွက်ခြင်း

၃.၁ သင်သည် ကျွန်ုပ်တို့၏ အသုံးပြုပြီးမှပေးချေသော နှင့်/သို့မဟုတ် ကြိုတင်ပေးချေထားသော (GSM ၊ WCDM နှင့် CDMA)အကောင့်တစ်ခုကို လက်ရှိသုံးစွဲနေပါက ဤဝန်ဆောင်မှုတွင် ပါဝင်ရန် အရည်အချင်းပြည့်မီပါသည်။

၃.၂ အောက်ပါတို့ကို ဆောင်ရွက်ခြင်းအားဖြင့် ဤဝန်ဆောင်မှုတွင် သင်ပါဝင်နိုင်ပါသည် –

၃.၂.၁ USSD – *345# ကို ခေါ်ဆိုခြင်း၊

၃.၂.၂ SMS – 345 ထံသို့ “REG M” သို့မဟုတ် “REG F” ပေးပို့ခြင်း၊

၃.၂.၃ ကျွန်ုပ်တို့၏ MPT4U application ကို Download ပြုလုပ်ကာအသုံးပြုခြင်းအားဖြင့် သင်သည် ဤ ဝန်ဆောင်မှုအတွက် အလိုအလျောက်စာရင်းပေးပြီးဖြစ်ပါမည်။ ဤ Application အား အောက်ပါ Link များမှတဆင့် Download ပြုလုပ်နိုင်ပါသည် Android : https://bit.ly/2z4ZhrJ IOS: http://apple.co/2yNZJWY သို့မဟုတ်

၃.၂.၄ ကျွန်ုပ်တို့က အခါအားလျော်စွာထုတ်ပြန်သော လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်ခြင်း။

၃.၃ ဤဝန်ဆောင်မှုတွင်ပါဝင်ခြင်းအားဖြင့် သင်သည် သင်ပေးအပ်ခဲ့သောအချက်အလက်အားလုံးသည် သင် သိရှိထားသရွေ့ မှန်ကန်ကြောင်း၊ မှားယွင်းမှုမရှိကြောင်းနှင့် ပြည့်စုံကြောင်း ကျွန်ုပ်တို့ထံ တင်ပြအာမခံ ပါသည်။

၃.၄ 106 ကို ဖုန်းခေါ်ဆို၍ ကျွန်ုပ်တို့၏ Customer Care Team ကို ဆက်သွယ်ကာ သင်သည် ဤဝန်ဆောင် မှုမှ နုတ်ထွက်လိုကြောင်း ၎င်းတို့အား အကြောင်းကြားခြင်းအားဖြင့် သင်သည် ဤဝန်ဆောင်မှုမှ နုတ် ထွက်နိုင်ပါသည်။

၄။ ဝန်ဆောင်မှုကာလ

၄.၁ သင်သည် ပါဝင်သောနေ့မှစ၍ နုတ်ထွက်ရန်မဆုံးဖြတ်သည်အထိ သို့မဟုတ် ကျွန်ုပ်တို့မှအောက်ပါအပိုဒ် ၁၂ အရ ရပ်စဲရန်မဆုံးဖြတ်သည်အထိ ဤဝန်ဆောင်မှုကို အသုံးပြုနိုင်ပါသည်။

၅။ အသင်းဝင်အဆင့်များ

၅.၁ သင်၏ အသင်းဝင်အဆင့်သည် သင်နေ့စဉ်ရယူနိုင်သော Point အရေအတွက်၊ Promo တစ်ခုမှ သင်ရယူ သော Pointများနှင့် ကျွန်ုပ်တို့၏မိတ်ဖက်ကုန်သည်များ၏ကုန်ပစ္စည်းများနှင်ဝန်ဆောင်မှုများကို သင်က အားပေးသောအခါတိုင်းတွင် သင်ရယူနိုင်သည့် Point အရေအတွက်တို့အပေါ် သက်ရောက်မှုရှိမည်။

၅.၂ သင်၏ အသင်းဝင်အဆင့်သည် သင်ရရှိနိုင်သော Reward များကိုလည်း သတ်မှတ်နိုင်ပါသည်။

၅.၃ ဤဝန်ဆောင်မှုတွင် ပါဝင်သောအခါ၌ သင့်အား အသင်းဝင်အဆင့်တစ်ခုကို အလိုအလျောက် သတ်မှတ် ပေးမည်ဖြစ်ပါသည်။ သင်၏အသင်းဝင်အဆင့်သည် သင်၏ MPT စာရင်းပေးသုံးစွဲသူတစ်ဦးဖြစ်နေသည့် အချိန်ကာလ၊ သင်၏ မိုဘိုင်းလ်ဖုန်းသုံးစွဲမှု နှင့်/သို့မဟုတ် ကျွန်ုပ်တို့မှအခါအားလျော်စွာ ခွင့်ပြုနိုင်သည့် အတိုင်းအပေါ်မူတည်၍ ပြောင်းလဲနိုင်ပါသည်။

၅.၄ သင်၏အသင်းဝင်အဆင့်နှင့်ပတ်သက်သော နောက်ထပ်အသေးစိတ်အချက်အလက်များကို ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်တွင် တွေ့ရှိနိုင်ပါသည်။

၆။ သင့်အနေဖြင့် Point များအား ရယူနိုင်မည့် နည်းလမ်း

၆.၁ ကျွန်ုပ်တို့၏ Promo များတွင် ပါဝင်ခြင်းအားဖြင့် သင်သည် Point များ ရယူနိုင်ပါသည်။ ရယူထားသော Point အရေအတွက်နှင့် အဆိုပါ Point များကို ရယူနိုင်မည့်နည်းလမ်းနှင့်ပတ်သက်သော အတိအကျ အချက်အလက်များသည် Promo တစ်ခုချင်းစီအလိုက် ကွဲပြားနိုင်ပါသည်။ အသေးစိတ်အချက်အလက် များ၊ စည်းမျဉ်းများနှင့် Promo တစ်ခု မည်သို့အလုပ်လုပ်ပုံတို့ကို အဆိုပါ Promo အတွက် ပြောဆိုဆက် သွယ်ရေးပစ္စည်းများတွင် တွေ့ရှိနိုင်ပါသည်။

၆.၂ သင်သည် သင်၏ အသင်းဝင်အဆင့်အပေါ်မူတည်၍ သင်၏ မိုဘိုင်းလ်ဖုန်သုံးစွဲမှုမှ Point များ ရယူနိုင်ပါ သည်။ “မိုဘိုင်းလ်ဖုန်းသုံးစွဲမှု” ဆိုသည်မှာ သင်၏ မိုဘိုင်းလ်ဖုန်းငွေဖြည့်သွင်းအကောင့်မှ ပေးချေလုပ် ဆောင်မှုအားလုံးအတွက် သင်သုံးစွဲသော ငွေပမာဏကို ရည်ညွှန်းပါသည်။ ၎င်းတွင် Pay As You Go ဝန် ဆောင်မှုများ၊ ပတ်ကေ့ချ်များ၊ ဝန်ဆောင်မှုစာရင်းပေးသွင်းကြေးများ (SDP ၊ IDD နှင့် VAS ဝန်ဆောင်မှု) ပါဝင်ပါသည်။

၆.၃ သင်သည် ကျွန်ုပ်တို့၏ မိတ်ဖက်ကုန်သည်များထံမှ ကုန်ပစ္စည်းများ နှင့်/သို့မဟုတ် ဝန်ဆောင်မှုများ ဝယ်ယူမှုများအပေါ်တွင်အခြေခံ၍ Point များ ရယူနိုင်ပါသည်။ ရယူနိုင်သော Point အရေအတွက်သည် သင်၏ အသင်းဝင်အဆင့်အပေါ် မူတည်ပါမည်။

၇။ Reward များ

၇.၁ သင်သည် အောက်ပါတို့ကို ဆောင်ရွက်ခြင်းအားဖြင့် ကျွန်ုပ်တို့ထံမှ နှင့်/သို့မဟုတ် ကျွန်ုပ်တို့၏ မိတ်ဖက် ကုန်သည်များထံမှ Reward များ ရရှိနိုင်ပါသည် –

၇.၁.၁ Point များဖြင့် လဲလှယ်ခြင်း။ သင်သည် MPT4U App မှတဆင့် သို့မဟုတ် *345*3*1# ကို ခေါ်ဆိုခြင်းအားဖြင့် ကျွန်ုပ်တို့ထံမှ Reward များအတွက် သင်၏ Point များကို လဲလှယ်နိုင်ပြီး ကျွန်ုပ်တို့၏ မိတ်ဖက်ကုန်သည်များထံမှ Reward များအတွက် *345*3*2# ကို ခေါ်ဆိုခြင်းအားဖြင့် လဲလှယ်နနိုင်ပါသည်၊ နှင့်/သို့မဟုတ်

၇.၁.၂ Promo များတွင် ပါဝင်ခြင်း။

၇.၂ Reward တစ်ခုကို ရရှိရန်အတွက် လဲလှယ်ရန် လိုအပ်သော Point အရေအတွက်နှင့် သင်ရယူရန်အရည်အချင်း ပြည့်မီသော Reward များသည် သင်၏ အသင်းဝင်အဆင့် နှင့်/သို့မဟုတ် Promo အပေါ်မူတည်၍ ကွဲပြား ပါမည်။

၇.၃ အသေးစိတ်အချက်အလက်များ၊ စည်းမျဉ်းများနှင့် Promo တစ်ခုအတွင်း ကမ်းလှမ်းထားသည့် Reward များနှင့်ပတ်သက်သည့် အခြားသောအချက်အလက်များကို အဆိုပါ Promo အကြောင်း ပြောဆိုဆက် သွယ်ရေးပစ္စည်းများတွင် တွေ့ရှိနိုင်ပါသည်။

၇.၄ သင့်အနေဖြင့် အောက်ပါတို့ကိုလည်း သိထားသင့်ပါသည် –

၇.၄.၁ Point များကို ငွေသားအဖြစ်မပြောင်းလဲနိုင်သည့်အပြင် အတိုးလည်း မပေးပါ၊

၇.၄.၂ ကျွန်ုပ်တို့က ခွင့်ပြုနိုင်သည်မှအပ Point များကို အခြား MPT Club အဖွဲ့ဝင်များထံ မလွှဲပြောင်း နိုင်ပါ၊

၇.၄.၃ Reward တစ်ခုအတွက် Point များကို အသုံးပြု၍ လဲလှယ်ရန် တောင်းဆိုမှုများအားလုံးသည် အပြီးသတ်ဖြစ်ပြီး ပြန်လည်ပယ်ဖျက်ခြင်းမပြုနိုင်ပါ၊

၇.၄.၄ ကျွန်ုပ်တို့သည် Reward များကိုလည်းကောင်း၊ Promo တစ်ခုတွင် Reward များ လဲလှယ်ရယူ ရန် လိုအပ်သည့် Point အရေအတွက်ကိုလည်းကောင်း ကြိုတင်အသိပေးခြင်းမရှိဘဲ ပြောင်း လဲနိုင်သည်၊

၇.၄.၅ Reward များသည် ရရှိနိုင်မှုအပေါ်မူတည်သည်၊ နှင့်

၇.၄.၆ သင်ရရှိသော Reward များ၏ အပေါ်ယံအသွင်သဏ္ဍာန်သည် ပြောဆိုဆက်သွယ် ရေးပစ္စည်းများတွင် ၎င်းတို့အား ဖော်ပြထားသည့်ပုံစံနှင့် အနည်းငယ်ကွာခြားနိုင်ပါသည်။

၈။ ပြောဆိုဆက်သွယ်ရေးပစ္စည်းများ

၈.၁ ပြောဆိုဆက်သွယ်ရေးပစ္စည်းများတွင် ကျွန်ုပ်တို့ ထုတ်ပြန်သည့် မည်သည့်အချက်အလက်မဆို ကျွန်ုပ် တို့သိရှိထားသရွေ့ တိကျမှန်ကန်စေရန် လုပ်ငန်းပိုင်ဆိုင်ရာ ထိုက်သင့်သောကြိုးပမ်းအားထုတ်မှုများကို ပြုလုပ်ရန် ကျွန်ုပ်တို့က ကတိကဝတ်ပြုပါသည်။

၉။ အကြောင်းကြားစာများ (Notifications) နှင့် အသိပေးစာများ (Alerts)

၉.၁ ဝန်ဆောင်မှုတွင် ပါဝင်ခြင်းအားဖြင့် သင်သည် ကျွန်ုပ်တို့၊ ကျွန်ုပ်တို့၏ မိတ်ဖက်ကုန်သည်များ နှင့်/သို့မ ဟုတ် ကျွန်ုပ်တို့၏ အလုပ်အပ်နှံသူများထံမှ Notification များကို အခါအားလျော်စွာ ထိုက်သင့် သောအရေအတွက်ဖြင့်ရရှိရန်သဘောတူပါသည်။ သင်သည် အောက်ပါတို့ကိုလက်ခံရရှိခြင်းမှနုတ်ထွက် နိုင်ပါသည် –

၉.၁.၁ SMS Notification များ – 9800 သို့ OFF ဟု စာတိုပေးပို့ခြင်းအားဖြင့်နုတ်ထွက်နိုင်ပြီး 9800 သို့ ON ဟု စာတိုပေးပို့ခြင်းအားဖြင့် ပြန်လည်ပါဝင်နိုင်သည်၊

၉.၁.၂ Push Notification များ – MPT4U Application ၏ Settings Menu တွင် Push Notification ခလုပ်ကို ပိတ်ခြင်းအားဖြင့်၊ နှင့်

၉.၁.၃ Pup-up Notification များ – ဤ အရာကို သင်၏ Operating System (iOS/Android) Settings တွင် ပိတ်ခြင်းအားဖြင့်။ သင်သည် အောက်ပါ Linkတွင် ပါဝင်သော လမ်းညွှန်ချက်များ အတိုင်း ဆောင်ရွက်နိုင်ပါသည် –

iPhone အတွက် – https://support.apple.com/guide/iphone/change-notification-settings-iph7c3d96bab/ios
Android အတွက် – https://support.google.com/android/answer/9079661?hl=en

၁၀။ မှတ်တမ်းထားရှိခြင်း – Point များ၏ သက်တမ်း

၁၀.၁ သင်၏ Account ထဲသို့ ထည့်သွင်းထာသော Point များသည် အောက်ပါအတိုင်းသက်တမ်းရှိမည်-

၁၀.၁.၁ ရယူသောအချိန်မှစ၍ တစ်(၁)နှစ်အထိ၊ သို့မဟုတ်

၁၀.၁.၂ ၎င်းတို့အား အပိုဒ် ၁၂ အရ ကျွန်ုပ်တို့က ပယ်ဖျက်ခြင်းမပြုမီအထိ၊

အထက်ပါတို့အနက်ပို၍စောသော မည်သည့်ဖြစ်ရပ်မဆို ဖြစ်ပွားသောအခါ။

၁၀.၂ သင်သည် သင်၏ Account ထဲသို့ ထည့်သွင်းလိုက်သော Point အရေအတွက်ကို စောင့်ကြည့်ရန် သို့မဟုတ် တာဝန်ယူရန် အပြီးသတ်တာဝန်ရှိသည်။

၁၀.၃ သင်သည် သင်၏ Account ထဲတွင်ရှိသော Point အရေအတွက်ကိုလည်း SMS တွင် “BAL”ဟုရေးသား၍ 345 သို့ ပေးပို့ခြင်းအားဖြင့် သို့မဟုတ် MPT4U App မှတဆင့် စစ်ဆေးနိုင်ပါသည်။

၁၁။ ကိုယ်ရေးအချက်အလက်များ

၁၁.၁ ကျွန်ုပ်တို့သည် သင့်အား ဝန်ဆောင်မှုပေးရန်အလို့ငှာ သင်၏ ကိုယ်ရေးအချက်အလက်များကို ကောက် ယူခြင်း၊ အသုံးပြုခြင်းနှင့် အချို့သောကိစ္စရပ်များတွင် မျှဝေခြင်းတို့ ပြုလုပ်ရန် လိုအပ်ပါမည်။ သင့်အနေ ဖြင့်အောက်ပါတို့ကိုဆောင်ရွက်သောအခါ သင့်ထံမှ ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့ ကောက် ယူနိုင်ပါသည် –
၁၁.၁.၁ ဝန်ဆောင်မှုအတွက် မှတ်ပုံတင်သောအခါ၊
၁၁.၁.၂ Promo တစ်ခုတွင် ပါဝင်သောအခါ၊
၁၁.၁.၃ Point များကို လဲလှယ်သုံးစွဲသောအခါ သို့မဟုတ် Reward တစ်ခု ရယူသောအခါ၊
၁၁.၁.၄ ဝန်ဆောင်မှုကို အသုံးပြုသောအခါ၊
၁၁.၁.၅ ကျွန်ုပ်တို့နှင့် ပြောဆိုဆက်သွယ်သောအခါ၊
၁၁.၁.၆ ကျွန်ုပ်တို့၏ အခြားသော ဝန်ဆောင်မှုများ သို့မဟုတ် Applications များထဲမှ တစ်ခုခုအတွက် စာရင်းသွင်းပြီး သင်၏ အချက်အလက်များကို ကျွန်ုပ်တို့ထံ ပေးအပ်သောအခါ၊
၁၁.၁.၇ ကျွန်ုပ်တို့၏ စစ်တမ်းများထဲမှတစ်ခုခုတွင် ပါဝင်ဖြေဆိုသောအခါ၊ နှင့်
၁၁.၁.၈ ကျွန်ုပ်တို့၏ဝက်ဘ်ဆိုဒ်များ သို့မဟုတ် ဝန်ဆောင်မှုနှင့်ပတ်သက်သည့် အခြားသောCustomer Portals များသို့ လာရောက်သောအခါ သို့မဟုတ် ဝင်ရောက်ကြည့်ရှုသောအခါ။
ထို့ပြင် သင်က သင်၏ ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့ထံ မျှဝေရန် သဘောတူခွင့် ပြုသောအခါ နှင့်/သို့မဟုတ် ဥပဒေအရခွင့်ပြုသောအခါ ကျွန်ုပ်တို့အနေဖြင့် တတိယပုဂ္ဂိုလ် များထံမှ အဆိုပါအချက်အလက်များကို ရယူနိုင်ပါသည်။

၁၁.၂ သင့်ထံမှ ကျွန်ုပ်တို့ ကောက်ယူနိုင်သော အချက်အလက်အမျိုးအစားများတွင် အောက်ပါတို့ပါဝင်သည် –
၁၁.၂.၁ အမည်
၁၁.၂.၂ မှတ်ပုံတင်
၁၁.၂.၃ မိုဘိုင်းလ်ဖုန်းနံပါတ်
၁၁.၂.၄ အသက်/ကျား၊မ
၁၁.၂.၅ လိပ်စာ
၁၁.၂.၆ အလုပ်အကိုင်
၁၁.၂.၇ အိမ်ထောင်စုအချက်အလက် (ဥပမာ – ကလေးအရေအတွက်)
၁၁.၂.၈ ဝင်ငွေ
၁၁.၂.၉ အင်တာနက်သုံးစွဲမှုပုံစံ
၁၁.၂.၁၀ မိုဘိုင်းလ် Application သုံးစွဲမှု
၁၁.၂.၁၁ ဝယ်ယူမှုနှင့် သုံးစွဲမှုမှတ်တမ်း
၁၁.၂.၁၂ တည်နေရာမှတ်တမ်း
၁၁.၂.၁၃ ဆက်သွယ်ရေးဝန်ဆောင်မှုသုံးစွဲမှုနှင့်မှတ်တမ်း
၁၁.၂.၁၄ အမျိုးမျိုးသောပုဂ္ဂလိကကြိုက်နှစ်သက်မှုများ

၁၁.၃ အောက်ပါတို့အတွက် သင်၏ ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့က အသုံးပြုနိုင်ပါသည် –
၁၁.၃.၁ သင့်အား ဝန်ဆောင်မှုနှင့် မည်သည့် Promo များကိုမဆို ပေးအပ်ရန်၊
၁၁.၃.၂ သင့်ထံ Point များ နှင့်/သို့မဟုတ် Reward များ နည်းလမ်းတကျ ပေးပို့ရှိအောင် သေချာ စေရန်၊
၁၁.၃.၃ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုနှင့် Promo များကို ဆန်းစစ်ရန်နှင့် ပိုမိုတိုးတက်ကောင်းမွန်စေရန်၊
၁၁.၃.၄ သင့်ထံ Notifications ပေးပို့ခြင်းအပါအဝင် သင့်ထံ ဆက်သွယ်ပြောဆိုရန်၊
၁၁.၃.၅ သင်မည်သူမည်ဝါဖြစ်သည်ကို သို့မဟုတ် ပေးချေလုပ်ဆောင်မှုတစ်ခုကို အတည်ပြုရန်၊
၁၁.၃.၆ သင့်အား စွဲဆောင်နိုင်အောင် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများနှင့် အကြောင်းအရာကို ပြင်ဆင်ရာ တွင် ကျွန်ုပ်တို့အား အထောက်အကူပြုစေရန်၊
၁၁.၃.၇ ကျွန်ုပ်တို့ကြော်ငြာမှု၏ အကျိုးသက်ရောက်မှုများကို လေ့လာသုံးသပ်ရန်နှင့် ကိုက်ညီသော ကြော်ငြာကို သင့်ထံ ဦးတည်ပေးရန်၊
၁၁.၃.၈ သုံးစွဲမှုပုံစံနှင့် ကြွေးမြီထိုက်တန်မှုကို လေ့လာသုံးသပ်ရန်၊
၁၁.၃.၉ ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုအသစ်များအတွက် အရည်အချင်းပြည့်မီမှုကို သတ်မှတ်ရန်၊
၁၁.၃.၁၀ သင်စိတ်ဝင်စားနိုင်မည့် တတိယပုဂ္ဂိုလ်များ၏ဆက်သွယ်ရေးနှင့်မသက်ဆိုင်သော ကုန်ပစ္စည်း များနှင့်ဝန်ဆောင်မှုများ အကြံပြုရန်နှင့် ဈေးကွက်တင်ရန်၊
၁၁.၃.၁၁ ကျွန်ုပ်တို့၏ ဥပဒေဆိုင်ရာနှင့် စည်းမျဉ်းဆိုင်ရာတာဝန်ဝတ္တရားများကို လိုက်နာရန်၊
၁၁.၃.၁၂ ကျွန်ုပ်တို့အပေါ် ပြုလုပ်လာသော သို့မဟုတ် ပြုလုပ်လာနိုင်သော တောင်းခံမှုများကို စုံစမ်း စစ်ဆေးရန်၊ ပြန်လည်တုံ့ပြန်ရန်နှင့် ခုခံကာကွယ်ရန်၊
၁၁.၃.၁၃ သင်သည် မည်သူမည်ဝါဖြစ်သည်ကို ဖော်ပြနိုင်ခြင်းမရှိသော နည်းလမ်းဖြင့် အမည်ဖုံးကွယ် ထားသော သို့မဟုတ် စုစည်းထားသော အချက်အလက်များ၊ အစီရင်ခံစာများနှင့် ကိန်းဂဏန်း များ ထုတ်ဝေရန်၊
၁၁.၃.၁၄ မည်သည့်ဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာ နှင့်/သို့မဟုတ် သက်ဆိုင်ရာထိန်းသိမ်းကြီး ကြပ်ရေးအာဏာပိုင်များမှမဆို သတ်မှတ်သော သို့မဟုတ် ခွင့်ပြုသော အခြားမည်သည့်လုပ် ဆောင်မှုများကိုမဆို ဆောင်ရွက်ရန်။
၁၁.၄ ဝန်ဆောင်မှု ပေးအပ်ရန်၊ စီမံခန့်ခွဲရန်နှင့် လည်ပတ်ရန်အလို့ငှာ ကျွန်ုပ်တို့သည် သင်၏ ကိုယ်ရေးအချက် အလက်များကို အောက်ပါနည်းလမ်းများဖြင့် မျှဝေနိုင်ပါသည် –
၁၁.၄.၁ ကျွန်ုပ်တို့၏ ကိုယ်စား အချက်အလက်များကို စီမံဆောင်ရွက်ရန်နှင့် သင့်အား ဝန်ဆောင်မှု နှင့် /သို့မဟုတ် Promoများပေးအပ်ရာတွင် သို့မဟုတ် အခြားသောဆက်သွယ်ရေးဆိုင်ရာရည်ရွယ် ချက်များအတွက် ကျွန်ုပ်တို့အား အထောက်အကူပြုရန် ကျွန်ုပ်တို့၏ ပတ်သက်ဆက်နွယ်သည့်အဖွဲ့အစည်းများ၊ ကျွန်ုပ်တို့၏ မိတ်ဖက်ကုန်သည်များ၊ ကျွန်ုပ်တို့၏ အလုပ်အပ်နှံသူများ သို့မဟုတ် အခြားတတိယ ပုဂ္ဂိုလ်ကုမ္ပဏိများနှင့် ကျွန်ုပ်တို့က ခန့်အပ်သောဝန်ဆောင်မှုပေးသူများနှင့် မျှဝေခြင်း၊
၁၁.၄.၂ ဥပဒေအရ သို့မဟုတ် သက်ဆိုင်ရာအာဏာပိုင်က ခွင့်ပြုသည့်အတိုင်း သို့မဟုတ် သတ်မှတ် သည့်အတိုင်း မျှဝေခြင်း၊
၁၁.၄.၃ မျှဝေရန် သင်၏ သဘောတူခွင့်ပြုချက်ကို ကျွန်ုပ်တို့အား သင်က ပေးအပ်သောအခါ အခြား တတိယပုဂ္ဂိုလ်များနှင့် မျှဝေခြင်း။

ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို တိုးတက်အောင်ဆောင်ရွက်နိုင်ပြီး သင့်အတွက် အသုံးဝင်မည့်ကုန်ပစ္စည်းအသစ်များ ပေးအပ်နိုင်ရန်အလို့ငှာ ကျွန်ုပ်တို့၏ သုံးစွဲသူများကိုပိုမိုနားလည်ရန် အတွက် သုတေသနပြုလုပ်မှုနှင့် လေ့လာသုံးသပ်မှုအပါအဝင် အမျိုးမျိုးသောရည်ရွယ်ချက်များအတွက် သင်၏ ကိုယ်ရေးအချက်အလက်များကို အခြားသောသုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များနှင့် အခါအားလျော်စွာ စုစည်းပေါင်းစပ်နိုင်ပါသည်။ ထိုသို့ကိုယ်ရေးအချက်အလက်များကို စုစည်းပေါင်းစပ်ရာတွင် ပုံမှန်အားဖြင့် အမည်မသိသောအခြေခံဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး ဆိုလိုသည်မှာ အသုံးပြုသော သင်နှင့်ပတ်သက်သည့် အချက်အလက်သည် သင်မည်သူမည်ဝါဖြစ်သည်ကို ဖော်ထုတ်နိုင်ခြင်း မရှိနိုင် တော့ပါ။ ကျွန်ုပ်တို့သည် ထိုသို့အမည်မသိသောအချက်အလက်များကို ရည်ရွယ်ချက်အမျိုးမျိုးအတွက် တတိယပုဂ္ဂိုလ်များထံ ပေးအပ်နိုင်ပါသည်။ အကယ်၍ ကျွန်ုပ်သည် လုပ်ငန်းပေါင်းစပ်မှု (Merger)၊ လုပ် ငန်းဝယ်ယူမှု (Acquisition) သို့မဟုတ် ရောင်းချမှု (Sale)၊ ကော်ပိုရိတ်အဖြစ် ပြောင်းလဲဖွဲ့စည်းခြင်း (Corporatization) သို့မဟုတ် ပုဂ္ဂလိကပိုင်ပြုခြင်း(Privatization)တို့ဆောင်ရွက်ပါက ထိုသို့ဆောင် ရွက်မှု၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ကိုယ်ရေးအချက်အလက်များကို လွှဲပြောင်းနိုင်ပါသည်။

၁၂။ သင်၏ Account ထဲရှိ Point များကို ရပ်စဲခြင်း၊ ခေတ္တပိတ်ခြင်း နှင့်/သို့မဟုတ် အတိုးအလျှော့လုပ်ခြင်း

၁၂.၁ ကျွန်ုပ်တို့၏ကျိုးကြောင်းဆီလျော်သောထင်မြင်ချက်အရအောက်ပါတို့ဖြစ်ပေါ်ပါက ကျွန်ုပ်တို့သည် မည် သည့်ပေးရန်တာဝန်မျှမရှိဘဲ၊ မည်သည့်အချိန်တွင်မဆို၊ ကြိုတင်အကြောင်းကြား၍ဖြစ်စေ၊ ကြိုတင် အကြောင်းမကြားဘဲဖြစ်စေ သင်၏ Account နှင့်/သို့မဟုတ် သင်ရပိုင်ခွင့်ရှိနိုင်သော Rewards များကို ငြင်းပယ်ခွင့်၊ ခေတ္တပိတ်ထားခွင့် သို့မဟုတ် ရပ်စဲခွင့် နှင့်/သို့မဟုတ် သင်၏ Account ထဲရှိ Point အရေ အတွက်ကို အတိုးအလျှော့လုပ်ခွင့်တို့ကို ရယူထားသည် –
၁၂.၁.၁ သင်သည် ဤစည်းကမ်းသတ်မှတ်ချက်များ နှင့်/သို့မဟုတ် Promo တစ်ခု၏ စည်းကမ်းသတ် မှတ်ချက်များ သို့မဟုတ် ရည်ရွယ်ထားသော ရည်ရွယ်ချက်များကို ချိုးဖောက်ထားကြောင်း ကျွန်ုပ်တို့က ဆုံးဖြတ်သောအခါ၊ နှင့်/သို့မဟုတ်
၁၂.၁.၂ သင်သည် ခွင့်ပြုချက်မရှိသော၊ မလျော်ကန်သော သို့မဟုတ် ဥပဒေနှင့်မညီညွတ်သော ရည် ရွယ်ချက်များအတွက် ဝန်ဆောင်မှု သို့မဟုတ် Promo ကို အသုံးပြုထားကြောင်း ကျွန်ုပ်တို့က ဆုံးဖြတ်သောအခါ။

၁၂.၂ ကျွန်ုပ်တို့သည် မည်သည့်အချိန်တွင်မဆို ဝန်ဆောင်မှုအား ရပ်စဲခွင့်ကို ရယူထားပါသည်။

၁၃။ ရပ်စဲခြင်း၏ အကျိုးဆက်များ

၁၃.၁ မည်သည့်အကြောင်းအရင်းကြောင့်မဆို သင်၏ Account ကို ရပ်စဲသောအခါ သင်သည် Point အားလုံး အပြင် သင်၏ Account တွင်ပူးတွဲနေသော Rewards များ ရရှိခွင့်ကိုပါ ဆုံးရှုံးပြီးဖြစ်သည်ဟု မှတ်ယူရ မည်။

၁၄။ အငြင်းပွားမှုများ

၁၄.၁ ဝန်ဆောင်မှုတွင် ပါဝင်ရန် သင်၏ အရည်အချင်းပြည့်မီမှု၊ သင်၏ Account အား ရပ်စဲခြင်း သို့မဟုတ် ခေတ္တပိတ်ထားခြင်း၊ သင်၏ Account ထဲရှိ Point အရေအတွက်အတိုးအလျှော့လုပ်ခြင်း၊ သင်ရရှိနိုင် သော Rewards များ နှင့်/သို့မဟုတ် သင်၏ Point များ စုစည်းရရှိမှု နှင့်/သို့မဟုတ် သုံးစွဲခြင်းကို နှင့်ပတ် သက်၍ ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်အပေါ် သင့်အနေဖြင့် အငြင်းပွားလိုပါက အငြင်းပွားမှုဖြစ်စေသော ဖြစ်ရပ်ဖြစ်ပေါ်သည့်နေ့မှ ရက်ပေါင်းကိုးဆယ်(၉၀)အတွင်း 106 ကို ခေါ်ဆို၍ဖြစ်စေ၊ ကျွန်ုပ်တို့၏ Facebook စာမျက်နှာမှတဆင့်ဖြစ်စေ ကျွန်ုပ်တို့၏ Customer Care Team ကို ဆက်သွယ်ရမည်။

၁၄.၂ ကျွန်ုပ်တို့၏ Customer Care Team ထံ သင်၏ ဆက်သွယ်ပြောဆိုမှုများတွင် ထိုအငြင်းပွားမှုအတွက် အကြောင်းအရင်းများနှင့် အထောက်အထားစာရွက်စာတမ်းများကို ကျေးဇူးပြု၍ ထည့်သွင်းတင်ပြ ပေးပါ။

၁၄.၃ ထို့နောက် ကျွန်ုပ်တို့သည် အဆိုပါအငြင်းပွားမှုအပေါ် စေ့စပ်ပြီး ဘက်လိုက်မှုမရှိသော ပြန်လည်သုံးသပ် မှုပြုလုပ်ကာ အဆိုပါစာဖြင့်ရေးသားထားသောအကြောင်းကြားစာရရှိပြီးနောက် ထိုက်သင့်သောကာလ အတွင်း အကြောင်းပြန်ကြားမှုတစ်ရပ်အား သင့်ထံ ပေးအပ်ပါမည်။

၁၄.၄ ကိစ္စရပ်များအားလုံးတွင်ဝန်ဆောင်မှုပေးခြင်းမှပေါ်ပေါက်လာသည့် သင်နှင့်ကျွန်ုပ်တို့အကြား မည်သည့် အငြင်းပွားမှုမဆို အထွေထွေစည်းကမ်းချက်များတွင်ဖော်ပြထားသည့် အငြင်းပွားမှုဖြေရှင်းရေးနှင့်ပတ် သက်သော သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအတိုင်းဆောင်ရွက်ရမည်။