×

မြန်မာ့ရုပ်ရှင်ပညာ ထွန်းကားခြင်းနှင့် မြန်မာ့ရုပ်ရှင် ရာပြည့်အထိမ်းအမှတ်ကို ဂုဏ်ပြုသည့်အနေဖြင့် MPT နှင့် Cookie တို့ ပူးပေါင်းကာ Cookie Plan တစ်လတာအခမဲ့ကြည့်ရှုခွင့်နှင့် အထူးရုပ်ရှင်ဇာတ်ကားကောင်း ၃ ကားကို ဒေတာအခမဲ့ဖြင့် ကြည့်ရှုခံစားနိုင်ပြီ

28 Oct 2020

(မိမိတို့၏နေအိမ်တွင်နေထိုင်ရင်း MPT ၏ အထူးပရိုမိုးရှင်းအစီအစဉ်များနှင့် အကျိုးခံစားခွင့်များကို ရယူကာ ပိုမိုကောင်းမွန်သော ဖျော်ဖြေရေးအစီအစဥ်များဖြင့် မိမိတို့၏ ဒီဂျစ်တယ်လူမှုဘဝများ ပိုမိုပြည့်စုံစေနိုင်မည်)

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၈ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT သည် ၎င်း၏ တန်ဖိုးထားလေးစားရသော သုံးစွဲသူများအားလုံးအတွက် ထပ်ဆောင်းအကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်ရန်အတွက် နာမည်ထင်ရှားသည့် Cookie နှင့် ပူးပေါင်း၍ ဆောင်ရွက်လိုက်ပြီဖြစ်ပါသည်။ ယခုအခါ MPT သုံးစွဲသူများအားလုံးသည် Cookie ဝန်ဆောင်မှုကို တစ်လတာ အခမဲ့ ကြည့်ရှုခွင့် နှင့် MPT Club အဖွဲ့ဝင်များအနေဖြင့်လည်း Cookie မှ သတ်မှတ်ထားသော အချိန်ကာလအတွင်း အထူးခံစားခွင့်များအား သီးသန့် ရရှိခံစားနိုင်ပြီ ဖြစ်သည်။

ယခုလို စိန်ခေါ်မှုများရှိနေသည့် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း MPT သုံးစွဲသူများ၏ ဒီဂျစ်တယ် လူမှုဘဝများ ပိုမိုပြည့်စုံကြွယ်ဝစေရန်အတွက် ရည်ရွယ်ပြီး စိတ်လှုပ်ရှားဖွယ်ရာ ပရိုမိုးရှင်းအစီအစဥ်များနှင့် အထူးခံစားခွင့်များကို ဆက်လက်ပေးစွမ်းလျက်ရှိသည့် MPT အနေဖြင့် ယခုအစီအစဥ်အသစ်မှ တစ်ဆင့် စိတ်လှုပ်ရှားဖွယ်ရာ ဒီဂျစ်တယ်ဖျော်ဖြေရေး ကမ္ဘာသို့ ခေါ်ဆောင်ပေးသွားမည်ဖြစ်သည်။

Cookie သည် ရုပ်သံလိုင်းပေါင်း (၃၀၀)ကျော်အား နေရာမရွေးအချိန်မရွေး မိမိနှစ်သက်သည်တို့ကို စိတ်ကြိုက် ကြည့်ရှုနိုင်မည့် ယနေ့ခေတ်၏ ရုပ်မြင်သံကြား မိုဘိုင်းလ်အက်ပလီကေးရှင်း တစ်ခုဖြစ်သည်။ MPT Club အဖွဲ့ဝင်များအနေဖြင့် Cookie တွင် ပရီမီယံအဆင့် အထူးခံစားခွင့်များကို ရယူခံစားနိုင်ပါသည်။ MPT Club အဖွဲ့ဝင်များအတွက် အထူးသီးသန့် အနေဖြင့် မြန်မာရုပ်ရှင်ဇာတ်ကားများ ဖြစ်သော “ပွင့်တာအပြစ်လား” နှင့် “ရည်းစားက ရွှေမင်းသမီး မိန်းမက ဖတ်တီး” ဇာတ်လမ်းများကို အောက်တိုဘာလ (၂၆)ရက် နှင့် အသစ်ထွက်ရှိသော ကိုးရီးယားရုပ်ရှင် “EXIT” ကို အောက်တိုဘာလ (၂၃) ရက် တို့မှစတင်ကာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၃ ရက်အထိ ကြည့်ရှုနိုင်မည် ဖြစ်သည်။

ထို့အပြင် “မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ်” ကို ဂုဏ်ပြုသောအားဖြင့် Cookie App အသုံးပြုသူများ အနေဖြင့် Cookie App တွင် အထူးပရိုမိုကုဒ် ” MMFILM100” ကို ရိုက်ထည့်ပြီး “Cookie Plan” ကို တစ်လ အခမဲ့ ကြည့်ရှုနိုင်ပါသည်။ အဆိုပါဝန်ဆောင်မှု သုံးစွဲသူများသည် Cookie app ၏ “free movie zone” တွင် ရုပ်ရှင်နှင့် ရုပ်သံလိုင်းများကို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ အထူးပရိုမိုကုဒ်မှာ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၃၁) ရက် အထိသာ ဖြစ်ပြီး သုံးစွဲသူပေါင်း ၂ သန်းအထိ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

MPT-KSGM JO ၏ စီးပွားရေးဌာနကြီး၏ အရာရှိချုပ် ဖြစ်သူ Mr. Tetsunori Nagashima က “ကိုဗစ်-၁၉ ကပ်ရောဂါဟာ မြန်မာနိုင်ငံတစ်ဝန်းလုံးက ပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေကို အများကြီး အကျိုးသက်ရောက်ခဲ့ပြီး ပြောင်းလဲစေခဲ့ပါတယ်။ MPT သုံးစွဲသူတွေအားလုံးအတွက် ရင်ခုန်စိတ်လှုပ်ရှားမှုများနှင့် စိတ်ခွန်အားမြှင့်တင်နိုင် ရန်အတွက် ထူးခြားကောင်းမွန်တဲ့ ဖျော်ဖြေရေးဝန်ဆောင်မှုတွေ နှင့် စိတ်ပျော်ရွှင်မှုနဲ့အကောင်းမြင်စိတ်တွေကို ပိုမိုခံစားနိုင်စေဖို့ ရည်ရွယ်ပြီးတော့ MPT က မိတ်ဖက်လုပ်ငန်းတွေနဲ့ အတူတူ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်။ အရင်နှစ်တွေနဲ့ မတူဘဲ ဒီနှစ်သီတင်းကျွတ်ကာလက ကိုယ့်ရဲ့နေအိမ်မှာပဲ နေနေရတဲ့အချိန်မှာ MPT သုံးစွဲသူတွေထဲက ရုပ်ရှင်ချစ်သူတွေအတွက် ပျော်ရွှင်အံ့ဩသွားစေမယ့် အစီအစဉ်အနေနဲ့ ဒီဂျစ်တယ် ဖျော်ဖြေမှုတွေကို ပိုပြီး ခံစားနိုင်စေဖို့ MPT က Cookie နဲ့ ပူးပေါင်းလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် စိတ်ချယုံကြည်ရတဲ့ MPT ရဲ့ မြန်နှုန်းမြင့် 3G/ LTE+ ကွန်ရက်ကနေတစ်ဆင့် အင်တာနက်သုံးရင်း ဒီဂျစ်တယ်အတွေ့အကြုံကောင်းတွေကို ရယူခံစားလိုတဲ့ MPT သုံးစွဲသူတွေအတွက် ဈေးနှုန်းသက်သာတဲ့ အင်တာနက်ပက်ကေ့ချ်တွေကိုလည်း အကောင်းဆုံးဝန်ဆောင်မှုပေးနေပါတယ်။ MPT သုံးစွဲသူတွေအားလုံး သီတင်းကျွတ်အခါသမယမှာ မိမိတို့ချစ်ခင်ရတဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ Cookie App မှာ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ကြည့်ရင်း အားလုံးပဲ ပျော်ရွှင်စရာ သီတင်းကျွတ်အားလပ်ရက်များကို ပိုင်ဆိုင်ကြမယ်လို့ မျှော်လင့်ပါတယ်” ဟု အစီအစဉ်နှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြား သွားခဲ့ပါသည်။

“နေ့ရက်တိုင်းမှာ စိုပြေမှာ MPT Club ရဲ့စေတနာ” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ MPT Club သည် သုံးစွဲသူများ၏ ဒီဂျစ်တယ်ဘဝများ ပိုမိုပြည့်စုံ ကြွယ်ဝစေရေးအတွက် မိတ်ဖက်လုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့လုပ်ဆောင်ပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသည့် အကျိုးခံစားခွင့်များ နှင့် အထူး အစီအစဉ်များကို ပြုလုပ်ပေးလျက် ရှိသည်။

MPT Club ဆိုသည်မှာ MPT သုံးစွဲသူများကိုကျေးဇူးတုံ့ပြန်သည့်အနေဖြင့် အကျိုးခံစားခွင့်များစွာကို ပြန်လည်ရရှိ နိုင်စေမည့် အစီအစဉ်တစ်ခု ဖြစ်သည်။ သန်းပေါင်းများစွာသော MPT Club အဖွဲ့ဝင်များအတွက် နာမည်ကျော် အမှတ်တံဆိပ်များ၏ ထုတ်ကုန်နှင့်ဝန်ဆောင်မှုများကို သုံးစွဲရာတွင် ကုန်ကျစရိတ်ချွေတာနိုင်မည့် အထူးအစီအစဥ် များကို သီးသန့်အကျိုးခံစားခွင့်များ နှင့် ပိုမိုကောင်းမွန်သည့် အတွေ့အကြုံများ ရရှိခံစားနိုင်စေမည် ဖြစ်သည်။ MPT Club အဖွဲ့ဝင်အဖြစ် ဝင်ရောက်ပြီး ပွိုင့်များကို စုဆောင်းနိုင်ရန် 345 သို့ REG M/F သို့ F (ဥပမာ- REG F) ဟု စာတို (SMS) ပေးပို့ နိုင်ပါသည်။ MPT Club သို့ အဖွဲ့ဝင်ခြင်း အောင်မြင်ပါက MPT Club ပွိုင့် (၅၀) ကို ရရှိနိုင်ပြီး MPT4U Application တွင် နေ့စဉ် MPT Club Hti Pauk ဂိမ်းကစားခွင့်များကို ရရှိနိုင်မည် ဖြစ်သည်။

Cookie App ကို App Store နှင့် Google Play Store များမှ ဒေါင်းလုတ်ဆွဲ၍ အသုံးပြုနိုင်သည်။ Cookie TV ၏ ဝန်ဆောင်မှုများအကြောင်း အသေးစိတ်သိရှိလိုပါက Cookie TV ၏ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာ ဖြစ်သော https://www.facebook.com/cookiemyanmar တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT ၏ နောက်ဆုံးထွက်ရှိထားသော ပရိုမိုးရှင်း နှင့် ဝန်ဆောင်မှုများအကြောင်း အသေးစိတ်စုံစမ်းလိုပါက Hotline ဖုန်းနံပါတ် 106 သို့ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာ ဖြစ်သော www.facebook.com/mptofficialpage တွင်လည်း ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။