GENERAL » MPT Dome Pyan Internet Service
MPT Dome Pyan Internet Service
၁။ ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဆိုတာဘာလဲ။
ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဆိုတာ မြန်နှုန်းမြင့် အကန့်သတ်မဲ့ အိမ်သုံးအင်တာနက် ကို သင့်တင်မျှတသော ဈေးနှုန်းဖြင့် အသုံးပြုနိုင်သော အင်တာနက်ဝန်ဆောင်မှုဖြစ်ပါသည်။
၂။ ADSL ဝန်ဆောင်မှုနဲ့ ဘာကွာခြားပါလဲ။
- ADSL ဆိုတာ တယ်လီဖုန်းလိုင်းစနစ်နဲ့ အသုံးပြုနိုင်တဲ့ အင်တာနက်ဝန်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။
- ဖိုက်ဘာအင်တာနက်ဝန်ဆောင်မှုကတော့ တယ်လီဖုန်းလိုင်းနဲ့ ချိတ်ဆက်အသုံးပြုရတဲ့ ADSL အင်တာနက်စနစ်ထက် ပိုပြီးတည်ငြိမ်ပြီး မြန်ဆန်ပါတယ်။
ဖိုက်ဘာအင်တာနက်စနစ်ဟာ အကျိုးကျေးဇူးများပါတယ်။ (ဥပမာအားဖြင့် မိုးသည်းထန်စွာ ရွာသွန်းနေတဲ့အချိန်တွေမှာတောင် ဖိုက်ဘာအင်တာနက်စနစ်က လိုင်းကျသွားခြင်းမျိုးမရှိပဲ တည်ငြိမ်တဲ့အနေအထားမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။)
၃။ ဒုံးပျံအိမ်သုံး ဖိုင်ဘာအင်တာနက် အမြန်နှုန်း နဲ့ ဈေးနှုန်းတွေက ဘယ်လောက်လဲ။
လစဥ်ကြေး | အမြန်နှုန်း | မိုဘိုင်းလ် နံပါတ် ၁ ခုစီ သို့ ရရှိမည့် အကျိုးအမြတ်များ (လစဉ် မိုဘိုင်းလ် ၅ လုံးထိ ခံစားခွင့် ) |
---|---|---|
32,000Kyats | 15Mbps | 1GB 100 Mins [On-Net] Unlimited SMS [On-Net] |
43,000Kyats | 25Mbps | 1GB 100Mins (On-Net) Unlimited SMS(On-Net) |
76,000Kyats | 50Mbps | 2GB 100Mins (On-Net) Unlimited SMS(On-Net) |
120,000Kyats | 100Mbps | 3GB 200Mins (On-Net) Unlimited SMS(On-Net) |
၄။ အင်တာနက်သုံးစွဲတဲ့အခါ ဒေတာ ကန့်သတ်မှုတွေရှိပါသလား။
မရှိပါဘူး။ အသုံးပြုသူတွေအနေနဲ့ ဒေတာအကန့်အသတ်မရှိ အင်တာနက်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
၅။ သုံးစွဲသူတွေအနေနဲ့ 15Mbps,25Mbps,50Mbps နဲ့ 100Mbps ဒေတာအမြန်နှုန်းကို အမြဲတမ်းရရှိနိုင်မလား။
ယခုအင်တာနက်စနစ်မှာ 15Mbps၊ 25Mbps၊ 50Mbps နဲ့ 100Mbps ဒေတာအမြန်နှုန်းအထိ အများဆုံးရရှိနိုင်မှာဖြစ်ပြီး ဒီအမြန်နှုန်းတွေဟာ အင်တာနက်ဝန်ဆောင်မှုကို အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ပါတယ်။ အသုံးပြုသူ အများအပြား တစ်ချိန်တည်းအသုံးပြုတဲ့အခြေအနေမျိုးမှာတော့ အင်တာနက်အမြန်နှုန်း ဟာ မူလက အများဆုံးရရှိနိုင်တဲ့အမြန်နှုန်းထက် အနည်းငယ်နှေးသွားနိုင်ပါတယ်။ ဒါပေမယ့် အသုံးပြုသူ တစ်ဦးချင်းစီတိုင်းအတွက် လုံလောက်တဲ့အမြန်နှုန်းကို ပေးစွမ်းနိုင်ပါတယ်။
၆။ ဒုံးပျံအိမ်သုံး ဖိုင်ဘာအင်တာနက် ကို ဘယ်လိုလျှောက်ထားနိင် မည်နည်း။
ဒုံးပျံအိမ်သုံး ဖိုင်ဘာအင်တာနက် ကို MPT Website၊ နီးစပ်ရာ MPT ဆိုင်များ၊ အရောင်းဝန်ထမ်းများ၊ MPT4U Application ရဲ့ အလိုလျှောက် စာြပန်စနစ်မှသော်လည်းကောင်း (သို့) 2800 / 018652800 သို့ ခေါ်ဆိုမေးမြန်းနိုင်ပါတယ်။
၇။ ငွေကောက်ခံမှုအပိုင်းမှာ ဘာသတ်မှတ်ချက်များရှိပါသလဲ။ သုံးစွဲသူများဘက်မှ ငွေပေးချေမှုကို ဘယ်လိုပြုလုပ်နိုင်မှာလဲ။•
သုံးစွဲသူများအနေနဲ့ လစဉ်ကြေးငွေကို လမစမှီကြိုတင်ပေးသွင်းရမှာဖြစ်ပါတယ်။ MPT မှ FTTH လစဉ်ကြေးဘေလ် များကို MPT TRAကောင်တာများ ၊ MPT Pay application, MPT ငွေဖြည့်ကဒ် မှတဆင့် ပေးချေခြင်း ၊ CB BANK၊ KBZ BANK, AYA BANK နှင့် MPT မှသတ်မှတ်ထားသော တယ်လီဖုန်းဌာန များတွင်သာမက MEB နှင့် ချိတ်ဆက်ထားသော CITY MART၊ JUNCTION၊ OCEAN၊ SUPERONE၊ MYANMA APEX BANK ၊ UNITED LIVING MALL စသည့် ဈေးဝယ်စင်တာများမှတဆင့်လည်း လွယ်ကူစွာ ငွေပေးချေနိုင်ပါသည်။
၈။ ဘေလ်များကို ဘယ်လိုစစ်လို့ ရနိုင်သလဲ။
(၁) ဘေလ်များကို 2800 / 018652800 သို့ခေါ်ဆိုပြီး သင့်၏ အကောင့်ကုတ် တစ်ခါသုံး စကားဝှက်အား အသုံးပြု၍ စစ်ဆေးနိုင်ပါသည် ။
(၂) သုံးစွဲသူများအနေနဲ့ လစဉ်ကျသင့်သော ဘေလ်များကို MPT4U Application ရဲ့ အလိုလျောက် စာြပန်စနစ်မှ အကောင့်ကုတ် တစ်ခါသုံး စကားဝှက်အား အသုံးပြု၍လည်း စစ်ဆေးနိုင်ပါသည် ။
၉။ မြန်နှုန်းများ တိုးမြှင့်ခြင်း လျှော့ချခြင်းများ ပြုလုပ်လို့ရနိုင်ပါသလား ပါသလား။
အသုံးပြုသူများအနေနဲ့ သုံးစွဲတဲ့ အမြန်နှုန်းကို အချိန်မရွေး အတိုးအလျှော့ လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် အသုံးပြုသူအနေနဲ့ ဒေတာအမြန်နှုန်းလျှော့ချတဲ့အခြေအနေမျိုးမှာတော့ ဝန်ဆောင်ခ ၁၀,၀၀၀ ကျပ်ကို တစ်ကြိမ်ကောက်ခံသွားမှာဖြစ်ပါတယ်။ ဝန်ဆောင်မှု အမြန်နှုန်းအတိုးအလျှော့ပြုလုပ်လိုပါက ပြုလုပ်လိုသည့်လ၏ ပထမပတ်မတိုင်မီ ၅ ရက်ကြို၍ လာလျှောက်ထားရမည် ဖြစ်ပါတယ်။
၁၀။ ယာယီလိုင်း ပိတ်သိမ်းခြင်းများ ပြုလုပ်နိုင်ပါသလား။
အသုံးပြုသူများအနေနဲ့ အင်တာနက်ခေတ္တရပ်ဆိုင်းခြင်းကို ဝန်ဆောင်ခ ၁၀,၀၀၀ ကျပ် တစ်ကြိမ်ပေးသွင်းပြီး အများဆုံး သုံးလအထိ ဝန်ဆောင်မှုအသုံးပြုခြင်းကို ခေတ္တရပ်နားထားနိုင်ပါတယ်။
ဝန်ဆောင်မှုခေတ္တရပ်ဆိုင်းခြင်းကို ပြုလုပ်လိုသည့်လမတိုင်မီ ၅ ရက်ကြို၍ MPT TRAကောင်တာများ တွင် လာရောက် လျှောက်ထားရမှာ ဖြစ်ပါတယ်။
၁၁။ONU ပျက်ခဲ့ပါက မည်ကဲ့သို့ လုပ်ဆောင်ရမည်နည်း ။
ပထမဦးစွာ၊ Dome Pyan Trouble Shooting Page (https://bit.ly/3sH11lv) သို့၀င်ရောက်၍ သင်၏ ONU ပြဿနာများကို ဖြေရှင်းနိုင်သည် (သို့မဟုတ်) မဖြေရှင်းနိုင်သည်တို့ကိုစစ်ဆေးပါ။
အကယ်၍ သင်၏ ONU ကို အစားထိုးရန် လိုအပ်ပါက၊ MPT မှ 50,000Ks ကောက်ခံပြီး ONU အသစ်ကို ပို့ပေးပါမည်။