MPT Myanmar | Moving Myanmar Forward MPT EPL Premium Home Jersey Lucky Draw mm - MPT Myanmar | Moving Myanmar Forward
×
mptofficialpage
mpt

MPT EPL Premium အိမ်ကွင်း Jersey Lucky Draw အစီအစဉ် စည်းကမ်းနှင့် သတ်မှတ်ချက်များ

၁။ ဤ EPL Premium Jersey Lucky Draw အစီအစဉ် ကို MPT နှင့်ပူးပေါင်းဆောင်ရွက်သူများ၊ MPT နှင့်အလုပ်လုပ်ကိုင်လျက်ရှိသော ကြော်ငြာအေဂျင်စီများ၊ MPT ၏၀န်ထမ်းများ ၊ KSGM ၏ ၀န်ထမ်းများမှ ပါ၀င်ကံစမ်းခွင့်မရှိပါ။
၂။ MPT Facebook Page တွင်တရားဝင်ကြေ ညာ ချက်အရ ဆုမဲပေါက်သူများစာရင်းတွင်ပါရှိသူများထံသို့ EPL Premium အိမ်ကွင်း Jersey များကို သက်ဆိုင်ရာမြို့အသီးသီးထံ ဆက်သွယ်အကြောင်းကြား ပေးပို့သွားပါမည်။
၃။ MPT Facebook Page တွင် ကြေညာပြီးသည့် အချိန်မှ စ၍ ၇၂ နာရီအတွင်း ဆက်သွယ်၍ မရပါက ကံထူးရှင်စာရင်းမှ အလိုအလျှောက် ပျက်ပြယ် သွားမည် ဖြစ်ပြီး အခြားသော ကံထူးရှင်တစ်ဦးကို MPT မှ ပြန် လည်ရွေးချယ် သွားမည် ဖြစ်သည်။

ကံစမ်းမဲအသေးစိတ် အစီအစဉ်အောက်ဖော်ပြပါ အတိုင်းကံစမ်းသူမှ လိုက်နာဆောင်ရွက်ရန် ဖြစ်ပါသည်။
၄။ ဤ EPL အိမ်ကွင်း Jersey Lucky Draw အစီအစဉ် ၏ ဆုလက်ဆောင်များကိုခံစားရရှိရန် ပါဝင်ကံစမ်းလိုသူများသည် ကံစမ်းမဲကာလ နိုဝင်ဘာ ၃၀ ရက် နေ့ မှ  ဒီဇင်ဘာ ၃၁ ရက်နေ့အတွင်း  MPT Ballone App (သို့မဟုတ်) MPT Ballone Web URL(http://bit.ly/2OSHPM5) မှ English Premier League Live ဘောလုံးပွဲစဉ်များကို အနည်းဆုံး  ၁၀ မိနစ်နဲ့ အထက် ကြည့်ရှူ့ သူ မည်သူမဆို ပါဝင် ကံစမ်းနိုင်သည်။

၅။ မိနစ်များများ ကြည့်လေ ကံထူးနိုင်ခြေများလေဖြစ်သည်။

၆။ ကံစမ်းမဲ ဆုလက်ဆောင်များမှာ
EPL Premium အိမ်ကွင်း Jersey အထည် “၄၀” ( English Premier League တွင် ကစားသော အသင်း ၂၀ အတွက်သာ)
၇။ ကံထူးရှင်များ စာရင်းကို ဇန်နဝါရီလ (၈) ရက်နေ့  MPT Facebook Page မှ ကြေညာမည်ဖြစ်ပြီး၊ ကံထူးရှင်  များ ကို မိမိ နှစ်သက်သော  ဘောလုံးအသင်း Jersey နှင့် မိမိနှင့် အဆင်ပြေမည့် Jersey size  များကို ဖုန်းခေါ်ဆို၍ မေးမြန်းစာရင်းကောက်မည်ဖြစ် ပြီး ကံထူးရှင်များ ကလည်း စာရင်းကောက်သော ဖုန်းနံပါတ် သို့  ကိုယ်လိုချင်သော Jersey  နှင့်  Jersey Size ကို ဖုန်း message ပြန်လည်ပေး ပို့ပေးရမည်။ ၇၂ နာရီ အတွင်း ဖုန်း message မပို့သောသူကို ကံထူးရှင်စာရင်း မှ အလိုအလျှောက် ပယ်ဖျက် သွားမည် ဖြစ်သည်။
၈။ MPT မှ သတ်မှတ်ထားသော စည်းမျဉ်းများနှင့်အညီ အသုံးပြုသူများ နှင့် တည်ဆဲဥပဒေများနှင့် မဆန့် ကျင်သူများသာ ဤအစီအစဉ်ပါ၀င်ကံစမ်းနိုင်မည်ဖြစ်ပြီး အငြင်းပွားဖွယ်တစ်စုံတစ်ရာဖြစ်ပေါ်လာလျှင် MPT ၏ ဆုံးဖြတ်ချက်သည်သာ နောက်ဆုံးအတည်ဖြစ်သည်။