×

MPT FTTH Internet Service

၁။ FTTH ဆိုတာ ဘာလဲ။

FTTH (Fiber to the Home) ဆိုတာ ဖိုက်ဘာသွယ်တန်းပြီး အိမ်အရောက်ချိတ်ဆက်နိုင်တဲ့အင်တာနက်ဝန်ဆောင်မှုပဲဖြစ်ပါတယ်။

၂။ ADSL ဝန်ဆောင်မှုနဲ့ ဘာကွာခြားပါလဲ။

• ADSL ဆိုတာ တယ်လီဖုန်းလိုင်းစနစ်နဲ့ အသုံးပြုနိုင်တဲ့ အင်တာနက်ဝန်ဆောင်မှုတစ်ခုပဲဖြစ်ပါတယ်။
• ဖိုက်ဘာအင်တာနက်ဝန်ဆောင်မှုကတော့ တယ်လီဖုန်းလိုင်းနဲ့ ချိတ်ဆက်အသုံးပြုရတဲ့ ADSL အင်တာနက်စနစ်ထက် ပိုပြီးတည်ငြိမ်ပြီး မြန်ဆန်ပါတယ်။

ဖိုက်ဘာအင်တာနက်စနစ်ဟာ အကျိုးကျေးဇူးများပါတယ်။ (ဥပမာအားဖြင့် မိုးသည်းထန်စွာရွာသွန်းနေတဲ့အချိန်တွေမှာတောင် ဖိုက်ဘာအင်တာနက်စနစ်က လိုင်းကျသွားခြင်းမျိုးမရှိပဲ တည်ငြိမ်တဲ့အနေအထားမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်။)

၃။ အကယ်၍ သုံးစွဲသူအနေနဲ့ ဒီမြန်နှုန်းမြင့်အင်တာနက်မရနိုင်တဲ့ ဧရိယာပြင်ပမှာ နေထိုင်တာဆိုရင် MPT ရဲ့ မြန်နှုန်းမြင့်အင်တာ နက်ဝန်ဆောင်မှုကို မရနိုင်ဘူးပေါ့။

MPT က 4G နည်းပညာပါဝင်တဲ့ LTE+ ဆိုတဲ့ မြန်နှုန်းမြင့်မိုဘိုင်းအင်တာနက် ဝန်ဆောင်မှုလည်း ရှိပါသေးတယ်။ လူကြီးမင်းအနေနဲ့ ရန်ကုန်မြို့ရဲ့နေရာတော်တော်များများအပါအဝင် နိုင်ငံတစ်ဝှမ်းမှာ LTE+ အင်တာနက်ကို အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ MPTရဲ့ မြန်နှုန်းမြင့် LTE+ အင်တာနက်ဝန်ဆောင်မှုကို စမ်းသပ်သုံးစွဲကြည့်နိုင်ပါတယ်။

၄။ သုံးစွဲသူတွေအနေနဲ့ 10Mbps၊ 25Mbps နဲ့ 50 Mbps ဒေတာအမြန်နှုန်းကို အမြဲတမ်းရနိုင်မလား။

• ယခုအင်တာနက်စနစ်မှာ 10Mbps၊ 25Mbps နဲ့ 50Mbps ဒေတာအမြန်နှုန်းအထိ အများဆုံးရရှိနိုင်မှာဖြစ်ပြီး ဒီအမြန်နှုန်းတွေဟာ အင်တာနက်ဝန်ဆောင်မှုကို အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ပါတယ်။
• အသုံးပြုသူအများအပြား တစ်ချိန်တည်းအသုံးပြုတဲ့အခြေအနေမျိုးမှာတော့ အင်တာနက်အမြန်နှုန်းဟာ မူလက အများဆုံးရရှိနိုင်တဲ့အမြန်နှုန်းထက် အနည်းငယ်နှေးသွားနိုင်ပါတယ်။ ဒါပေမဲ့ အသုံးပြုသူ တစ်ဦးချင်းစီအတွက် လုံလောက်မယ့်အမြန်နှုန်းကို ပေးစွမ်းနိုင်တယ်လို့ MPT က အာမခံပါတယ်။

၅။ အင်တာနက်သုံးစွဲတဲ့အခါ ဒေတာပမာဏကန့်သတ်မှုတွေရှိပါသလား။

မရှိပါဘူး။ အသုံးပြုသူတွေအနေနဲ့ ဒေတာအကန့်အသတ်မရှိ အင်တာနက်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

၆။ ဒီတပ်ဆင်ခမှာ ဘာတွေပါဝင်ပါသလဲ။

ဒီတပ်ဆင်ခမှာ CPE တွေရဲ့ ငှားရမ်းခနဲ့ CPE အထိသွယ်တန်းမည့်ကေဘယ်ကြိုးဖိုး ပါဝင်ပြီးဖြစ်ပါတယ်။

၇။ ဒီဝန်ဆောင်မှုကို ဘယ်လိုရယူနိုင်ပါမလဲ။

အောက်ဖော်ပြပါ MPT အရောင်းပြခန်းမှာ လာရောက်လေ့လာပြီး ဝန်ဆောင်မှုရယူနိုင်ပါတယ်။။

Post Office MPT GPO Coner of Boaung kyaw st and Strand St
Tarmwe MPT Tarmwe NO(101),banyardala road, Bo Cho (2) Quarter,Tarmwe post office compound
Pansodan MPT Pensodan Corner of Mahabandula St and Pansodan St
Kyauktada MPT 40th Street No(103), 40 th Street,
Ahlone MPT Ahlone 839/841, Bogyoke Street, LanMaTaw Township
Sule MPT Sule Corner of BOSYUNPAT street and Maharbandula street, Near SULE Pagoda
Aung Myay Thar Zan MPT MDY TRA (25) Street, Between ( 80 & 81 ), Aung Myay Thar Zan, Mandalay.

၈။ ဒီဝန်ဆောင်မှုကို စတင်အသုံးပြုဖို့ လျှောက်လွှာတင်အပြီး အချိန်ကာလဘယ်လောက်စောင့်ဆိုင်းဖို့လိုအပ်ပါသလဲ။

သုံးစွဲလိုသူရဲ့ ကနဦးငွေပေးချေမှုအပြီး အလုပ်လုပ်ရက် (၅) ရက်အတွင်းမှာတပ်ဆင်မှုကိုပြီးမြောက်အောင် အကောင်းဆုံး ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

၉။ ငွေကောက်ခံမှုအပိုင်းမှာ ဘာသတ်မှတ်ချက်ရှိပါသလဲ။ သုံးစွဲသူဘက်က ငွေပေးချေမှုကို ဘယ်လို ပြုလုပ်နိုင်သလဲ။

• သုံးစွဲသူများအနေနဲ့ လစဉ်ကြေးငွေကို လ မစမှီကြိုတင်ပေးသွင်းရမှာဖြစ်ပါတယ်။ လစဉ်ကြေးငွေကို KBZ နှင့် CB bank ဘဏ်ခွဲများမှာ ဘေလ်ကိုယူဆောင်လာပြီးဖြစ်စေ၊ KBZ နှင့် CB ဘဏ်၏ mobile banking မှဖြစ်စေ၊ ပေးသွင်းနိုင်ပါတယ်။
• ဆူးလေမှာရှိတဲ့ MPT အရောင်းပြခန်းမှာလည်း လာရောက်ပေးသွင်းနိုင်ပါတယ်။

၁၀။ ဝန်ဆောင်မှုစာချုပ်မှာ ဘာသတ်မှတ်ချက်ရှိပါသလဲ။

• အသုံးပြုသူများအနေနဲ့ ၆ လသက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ကိုချုပ်ဆိုရမှာဖြစ်ပါတယ်။
• အကယ်၍ အသုံးပြုသူအနေနဲ့ စာချုပ်သက်တမ်းမပြည့်မီမှာ ဖျက်သိမ်းလိုတယ်ဆိုပါက စာချုပ်သက်တမ်း ပြီးဆုံးတဲ့ကာလအထိ ကျန်ရှိတဲ့လများအတွက် လစဉ်ကြေးကိုပေးဆောင်ရမှာဖြစ်ပါတယ်။

၁၁။ တခြားအပိုထပ်ဆောင်းဝန်ဆောင်မှုတွေရှိပါသေးလား။

(က) အသုံးပြုသူများအနေနဲ့ သုံးစွဲတဲ့ အမြန်နှုန်းကို အချိန်မရွေး အတိုးအလျှော့ လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် အသုံးပြုသူအနေနဲ့ ဒေတာအမြန်နှုန်းလျှော့ချတဲ့အခြေအနေမျိုးမှာတော့ ဝန်ဆောင်ခ ၁၀,၀၀၀ ကျပ်ကို တစ်ကြိမ်ကောက်ခံသွားမှာဖြစ်ပါတယ်။
(ခ) ဒါ့အပြင် အသုံးပြုသူအနေနဲ့ ဝန်ဆောင်ခ ၁၀,၀၀၀ ကျပ် တစ်ကြိမ်ပေးသွင်းပြီး အများဆုံး သုံးလအထိ ဝန်ဆောင်မှုအသုံးပြုခြင်းကို ခေတ္တရပ်နားထားနိုင်ပါတယ်။

ဝန်ဆောင်မှုခေတ္တရပ်ဆိုင်းလို၍ဖြစ်စေ၊ အမြန်နှုန်းအတိုးအလျှော့ပြုလုပ်လို၍ဖြစ်စေ ပြုလုပ်လိုသည့်လမတိုင်မီ 7 ရက်ကြို၍ လာလျှောက်ထားရမည်ဖြစ်ပါတယ်။
အပိုထပ်ဆောင်းဝန်ဆောင်မှုများကို ဆူးလေ MPT ရုံး (ဗိုလ်ဆွန်ပက်လမ်းနှင့် မဟာဗန္ဓူလလမ်းထောင့် (ဆူးလေဘုရားအနီး)) တွင်လာ ရောက်လျှောက်ထားနိုင်ပါသည်။

၁၂။ MPT ရဲ့ FTTH ဝန်ဆောင်မှုရဲ့ အားသာချက်တွေက ဘာတွေဖြစ်မလဲ။

အခြားဝန်ဆောင်မှုပေးသူတွေရဲ့ FTTH ဝန်ဆောင်မှုတွေနဲ့ ဈေးနှုန်းတူညီနေတယ်ဆိုရင်တောင်မှ MPT ရဲ့ အင်တာနက်အမြန်နှုန်းက အခြားအင်တာနက်လိုင်းတွေထက် အမြန်ဆန်ဆုံးဖြစ်နေမှာပါ။

၁၃။ ဒီဝန်ဆောင်မှုနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပေးတဲ့ဖိုက်ဘာအင်တာနက်ဝန်ဆောင်မှုမှာ ဘာကွာခြားချက်ရှိသလဲ။

• စီးပွားရေးလုပ်ငန်းသုံး ဖိုက်ဘာအင်တာနက် ဝန်ဆောင်မှုက အမြန်နှုန်းအတွက် အာမခံချက်ရှိပြီးတော့ FTTH ဝန်ဆောင်မှုပါဝင်တဲ့ bandwitdth ကတော့ အခြေခံလိုအပ်ချက်များအတွက် အကောင်းဆုံးဆောင်ရွက်ပေးနိုင်အောင်လုပ်ဆောင်ထားခြင်းဖြစ်ပါတယ်။
• စီးပွားရေးလုပ်ငန်းသုံးဖိုက်ဘာအင်တာနက်သုံးစွဲသူတွေကို static IP address လည်းထောက်ပံ့ပေးထားပါတယ်။
• ဒါကြောင့် အခြေခံသုံး FTTH ဝန်ဆောင်မှုက စီးပွားရေးလုပ်ငန်းသုံး ဖိုက်ဘာအင်တာနက် ဝန်ဆောင်မှု တွေထက်ပိုပြီး ဈေးနှုန်း သက်သာပါတယ်။