MPT Myanmar | Moving Myanmar Forward MPT IPTV Service mm - MPT Myanmar | Moving Myanmar Forward
×

MPT IPTV နဲ့ဆို Mobile ဖုန်းပေါ် မှာလည်း အချိန်နေရာမရွေး TV ကြည့်ရှုနိုင်ပြီနော်

MPT မိုဘိုင်းဒေတာ နဲ့ ဆို  ပြည်တွင်း ပြည်ပမှ ရုပ်ရှင်များနှင့် ရုပ်သံအစီအစဉ်တွေကို စာရင်းသွင်းခ ပေးဆောင်စရာမလိုဘဲ အသက်သာဆုံး ဒေတာ နှုန်းထားများဖြင့် MPT IPTV Application ပေါ်တွင် ကြည့် ရှုနိုင်ပါပြီ။

ပြည်တွင်း၊ ပြည်ပရုပ်သံ Channel တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။

MPT IPTV အယ်ပလီကေရှင်းကို ဘယ်လို ဒေါင်းလုတ်ရယူနိုင်ပါသလဲ?

*1717#   ကို ခေါ်ဆို၍ အယ်ပလီကေးရှင်း ဒေါင်းလုတ်လင့်ခ်များကို ရယူနိုင်ပါသည်။

အယ်ပလီကေးရှင်း အား ဒေါင်းလုတ် ရယူမည်။

စည်းကမ်းချက်များ >>>>> အသေးစိတ်ကြည့်ရှုရန်

မေးလေ့မေးထရှိသောမေးခွန်းများ

၀န်ဆောင်မှုအကြောင်း

၁။ MPT IPTV ၀န်ဆောင်မှုဆိုတာဘာလဲ။

MPT IPTV ၀န်ဆောင်မှုဆိုသည်မှာ ပြည်တွင်းပြည်ပ ရုပ်သံလိုင်းများ၊ ရုပ်ရှင်ဇာတ်လမ်းများ ပါ၀င်သော ဗွီဒီယို ၀န်ဆောင်မှုတစ်ခုဖြစ်သည်။

စတင်အသုံးပြုခြင်း

၂။ MPT IPTV ကိုမည်သို့ကြည့်ရှုနိုင်ပါသလဲ။

MPT IPTV ဝန်ဆောင်မှုကို Android application ၊ iOS  application များဖြင့်အသုံးပြု နိုင်ပါသည်။

  • Android မှ တစ်ဆင့် အသုံးပြုလိုပါက Google Play Store တွင် “ MPT IPTV” ဟုရိုက်နှိက်ရှာဖွေကာ ရယူနိုင်ပါသည် (သို့မဟုတ်) https://play.google.com/store/apps/details?id=com.iptv.mpt.mm ဒီမှာ တစ်ဆင့် ဒေါင်းလုဒ်ရယူပါ။
  • လိုတရ Portal မှတစ်ဆင့်ရယူလိုပါက http://lotaya.mpt.com.mm/event/260 (သို့မဟုတ်) *1717# ကို ခေါ်ဆိုပြီး application ကို ဒေါင်းလုဒ်ရယူနိုင်ပါသည်။
  • iOS application မှတစ်ဆင့် ဒေါင်းလုဒ်ရယူလိုပါက iOS app store တွင် “ MPT IPTV” ဟုရိုက်နှိက် ရှာဖွေကာ ရယူနိုင်ပါသည် (သို့မဟုတ်) ဒီမှ https://apps.apple.com/us/app/mpt-iptv/id1530893772 တစ်ဆင့် ဒေါင်းလုဒ်ရယူပါ။

၃။ App ကိုအသုံးပြုပါက မဖြစ်မနေ subscribe လုပ်ဖို့လိုပါသလား။

ရုပ်သံလိုင်းများနှင့် ရုပ်ရှင်များကို App ကိုအသုံးပြု၍ ကြည့်ရှုရန် မဖြစ်မနေ subscribe လုပ်ရန် မလိုပါ။ MPT ဖုန်းအင်တာနက်ကိုအသုံးပြုပြီး non-subscriber အဖြစ်ကြည့်ရှုနိုင်ပါသည်။

(အချို့လုပ်ဆောင်မှုများကိုတော့ ကန့်သတ်ထားပါသည်။ ဥပမာ။ ။ ရုပ်ရှင်ဇာတ်ကားများကို ဒေါင်းလုဒ်ဆွဲခြင်းသည် subscription ဝန်ဆောင်မှုဖြင့်သာ အသုံးပြုနိုင်ပါသည် (subscription ဝန်ဆောင်မှုအား အသုံးပြုလို့ရအောင် လုပ်ဆောင်နေဆဲ ဖြစ်ပါသည်) ၊ အခြား အင်တာနက်လိုင်းများဖြင့်ကြည့်ရှုခြင်း နှင့် EPL ဝန်ဆောင်မှုကို MPT မိုဘိုင်းဒေတာဖြင့်သာ ကြည့်ရှုနိုင်ခြင်း တို့ဖြစ်ပါသည်။)

၄။ MPT IPTV ၀န်ဆောင်မှုကို မည်သို့ subscribe ပြုလုပ်ရမည်နည်း။

MPT ဖုန်းအင်တာနက်ကို အသုံးပြုသူဖြစ်ပါက App တွင် သင့်ဖုန်းနံပါတ်ကို အသုံးပြုပြီး အလိုလျောက်မှတ်ပုံတင်ပါလိမ့်မည်။ ထို့နောက် subscribe ပြုလုပ်စရာမလိုဘဲ ကြည့်ရှုနိုင်ပါလိမ့်မည်။ ထိုသို့ non-subscriber အဖြစ် အသုံးပြုပါက ရုပ်သံလိုင်းများနှင့် ရုပ်ရှင်များကို App ကိုအသုံးပြု၍ ကြည့်ရှုနိုင်ပါသည်။ အချို့လုပ်ဆောင်မှုများကိုတော့ ကန့်သတ်ထားပါသည်။ ဥပမာ။ ။ ရုပ်ရှင်ဇာတ်ကားများကို ဒေါင်းလုဒ်ဆွဲခြင်း၊ အခြား အင်တာနက်လိုင်းများဖြင့်ကြည့်ရှုခြင်း၊

၅။ မြန်မာနိုင်ငံပြင်ပမှ MPT IPTV ၀န်ဆောင်မှုကိုအသုံးပြုနိုင်ပါသလား။

MPT IPTV ၀န်ဆောင်မှုကို မြန်မာနိုင်ငံအတွင်းသာ အသုံးပြုနိုင်ပါသည်။

၆။ MPT IPTV ၀န်ဆောင်မှုကိုအသုံးပြုရန် အနည်းဆုံး မည့်သည့် Android (သို့) iOS ဗားရှင်းရှိရန်လိုပါသလဲ။

Android အသုံးပြုသူများအတွက် ဗားရှင်း 5.0 နှင့်အထက်

iOS အသုံးပြုသူများအတွက် ဗားရှင်း 9.0 နှင့်အထက်

၇။ MPT IPTV application တွင် မည်သည့် ရုပ်ထွက်ဖြင့်ကြည့်ရှုနိုင်ပါသလဲ။

ဖုန်းနှင့် အသုံ:ပြုသူများအတွက် 1K HD (1280*720P) & SD (720*576P) ရုပ်ထွက်များဖြင့်ကြည့်ရှုနိုင်ပါသည်။

၈။ MPT IPTV application အသုံးပြုရန်အတွက် သင့်တော်သော အင်တာနက်လိုင်းဆွဲအား မည်မျှရှိသင့်ပါသလဲ။

ဖုန်းနှင့်အသုံးပြုသူများအတွက် တည်ငြိမ်အားအကောင်းသောဖုန်းအင်တာနက်လိုင်း (သို့) 4 mbps လိုင်းဆွဲအားရှိသော wifi ဖြင့်အသုံးပြုသင့်ပါသည်။

ငွေပေးချေမှုပုံစံများ

၉။ ဖုန်းဖြင့် MPT IPTV ၀န်ဆောင်မှုအသုံးပြုရန်အတွက် မည်သို့သော အစီအစဥ်များရှိသလဲ။

သင်သည် MPT ဖုန်းအင်တာနက်ဖြင့်အသုံးပြုသော non-subscription အသုံးပြုသူဖြစ်ပါက ဒေတာအသုံးပြုမှုအတွက်သာလျှင် ကျသင့်မည်ဖြစ်ပါသည်။ ရုပ်ရှင်ဇာတ်ကားများကို ဒေါင်းလုဒ်ဆွဲခြင်းကိုတော့ ပြုလုပ်မရနိုင်ပါ။

၁၀။ Wifi (သို့မဟုတ်) အခြား အင်တာနက်ကွန်ရက်ဖြင့် MPT IPTV ဝန်ဆောင်မှုကို အသုံးပြုနိုင်ပါသလား။

အခုလက်တလောတွင် MPT IPTV ဝန်ဆောင်မှုကို Wifi (သို့မဟုတ်) အခြား အင်တာနက်ကွန်ရက်ဖြင့် အသုံးပြုလို့မရသေးပါ။ MPT IPTV  Subscription ဝန်ဆောင်မှုကို မကြာခင် အသုံးပြုလို့ရအောင်လုပ်ပေးသွားမှာပါ။

ထုတ်ကုန်နှင့် ၀န်ဆောင်မှုများ

၁၁။ MPT IPTV ၀န်ဆောင်မှုတွင် ရုပ်သံလိုင်းနှင့် ရုပ်ရှင်ဇာတ်ကားများ မည်မျှပါ၀င်သနည်း။

ပြည်တွင် ပြည်ပ ရုပ်သံလိုင်း (၈) လိုင်း ကိုကြည့်ရှုနိုင်ပါသည်။ ဒါ့အပြင် နာမည်ကြီးရုပ်ရှင်ကားပေါင်း ၂၀၀ ကျေ်ာနှင့် TV show များကိုလည်း ကြည့်ရှုနိုင်ပါသည်။

၁၂။ MPT IPTV ၀န်ဆောင်မှုတွင် မည်သည့်ရုပ်သံလိုင်းများ ကိုကြည့်ရှုနိုင်ပါသလဲ။

1) 5 Plus
2) Channel 7
3) Mahar Bawdi
4) Readers Channel
5) Star Bharat
6) Star Gold
7) Star Plus
8) Star UTSAV
9) Channel K
10) Fortune TV
11) YTV
12) CGTN Documentary

၁၃။ MPT IPTV ၀န်ဆောင်မှုကို ဒေတာလက်ဆောင်ဖြင့် ကြည့်ရှုနိုင်ပါသလား။

MPT IPTV ၀န်ဆောင်မှုကို ဖုန်းဒေတာလက်ဆောင်ဖြင့် မကြည့်ရှုနိုင်ပါ။

App ၏လုပ်ဆောင်ချက်များ

၁၄။ တိုက်ရိုက်ကြည့်ရှုခြင်းတွင် ဗီဒီယို ရုပ်ထွက်ကိုမည်သို့ရွေးချယ်နိုင်ပါသလဲ။

App တွင် ဗီဒီယို ရုပ်ထွက်များကို အင်တာနက်ဆွဲအားပေါ်မူတည်ပြီး အလိုလျောက်ချိန်ညှိပေးပါသည်။

၁၅။ App တွင် ချိန်ညှိခြင်းများကို မည်သည့်နေရာတွင်ပြုလုပ်ရမည်နည်း။

App တွင် ချိန်ညှိခြင်းများကို “ပရိုဖိုင်” အောက်တွင် ပြုလုပ်နိုင်ပါသည်။

၁၆။ App ၏ ဘာသာစကားပြောင်းလဲရန် မည်သည့်နေရာတွင် ပြုလုပ်နိုင်ပါသလဲ။

App ၏ ဘာသာစကားပြောင်းလဲရန် “ပရိုဖိုင်” အောက်တွင်ရှိသော “English/မြန်မာ” မှတဆင့် ပြုလုပ်နိုင်ပါသည်။

၁၇။ ပြီ:ဆုံးသွားသော ရုပ်သံအစီအစဥ်များကို ပြန်လည်ကြည့်ရှုနိုင်ပါသလား။

ပြီ:ခဲ့သော ၇၂ အတွင်းမှ ရုပ်သံအစီအစဥ်များကို ပြန်လည်ကြည့်ရှုနိုင်ပါသည်။

၁၈။ ပြီ:ဆုံးသွားသော ရုပ်သံအစီအစဥ်များကို မည်သည့်နေရာတွင် ပြန်လည်ကြည့်ရှုနိုင်ပါသလဲ။

ရုပ်သံလိုင်း တစ်ခုချင်းစီ၏ ဘေးတွင်ရှိသော မီနူး ကိုနှိပ်ပြီး ရုပ်သံအစီစဥ်များအသေးစိတ်တွင် ပြန်လည်ရှာဖွေကာ ကြည့်ရှုနိုင်ပါသည်။

နည်းပညာအကူအညီ

၁၉။ ကြည့်ရှုနေသော ရုပ်ရှင်ဇာတ်ကား ရပ်တန့်သွားပါက မည်သို့ပြုလုပ်ရမည်နည်း။

ဦးစွာ အင်တာနက်လိုင်းဆွဲအားကို စစ်ဆေးပါ။ App နှင့် စက်ကို အဖွင့်ပိတ်လုပ်ပါ။ မရပါက အသုံးပြုသူများ ၀န်ဆောင်မှုသို့ဆက်သွယ်ပါ။

၂၀။ ရုပ်သံများ ရုပ်ထွက်မကောင်းပါက မည်သို့ပြုလုပ်နိုင်မည်လဲ။

ရုပ်သံများ ရုပ်ထွက်မကောင်းခြင်းသည် အောက်ပါအချက်အလက်များကြောင့်ဖြစ်နိုင်ပါသည်။
• အင်တာနက်လိုင်းစွဲအား အားနည်းခြင်း
• App တွင် ရုပ်သံလိုင်းများ ကြည့်ရှုနေပါက ရုပ်ထွက်ကို HD သို့ပြောင်းလဲပြီး ကြည့်ရှုနိုင်ပါသည်။

၂၁။ MPT IPTV ၀န်ဆောင်မှုအသုံးပြုနေစဥ် နည်းပညာဆိုင်ရာ အခက်အခဲများဖြစ်ပေါ်လာပါက မည်သို့ပြုလုပ်ရမည်နည်း။

အသုံးပြုနေသော application သည် နောက်ဆုံးဗားရှင်း ဟုတ်မဟုတ်စစ်ဆေးပါ။ ဆက်လက်ဖြစ်နေပါက Error Code ကိုမှတ်ထားပြီး အသုံးပြုသူများ ၀န်ဆောင်မှုသို့ဆက်သွယ်ပါ။

၂၂။ MPT IPTV ၀န်ဆောင်မှုအသုံးပြုနေစဥ် အသံမကြားရပါက မည်သို့ပြုလုပ်ရမည်နည်း။

အသံဖွင့်ထားခြင်းရှိမရှိစစ်ဆေးပါ။ ဆက်လက်ဖြစ်နေပါက အသုံးပြုသူများ ၀န်ဆောင်မှုသို့ဆက်သွယ်ပါ။

၂၃။ MPT IPTV ၀န်ဆောင်မှုတွင် မျက်နှာပြင်အပြည့်နှင့် ကြည့်ရှုခြင်းကို မည်သို့ ပိတ်ရမည်နည်း။

IPTV App အတွက် Return ခလုပ်ကိုနှိပ်ပါ။

ဆက်သွယ်ရန်

၁။ MPT IPTV ၀န်ဆောင်မှု အတွက် အကူအညီများကို မည်သို့ ရယူနိုင်ပါသလဲ။

MPT မိုလ်ဘိုင်းဖုန်း (သို့) ကြိုးဖုန်းများဖြင့်ခေါ်ဆိုလိုပါက ၁၀၆ (သို့) ၂၈၀၀ သို့ဆက်သွယ်ပါ။
MPT မဟုတ်သော မိုလ်ဘိုင်းဖုန်း (သို့) ကြိုးဖုန်းများဖြင့်ခေါ်ဆိုလိုပါက ၀၁-၂၃၉၉၁၀၆ (သို့) ၀၁-၈၆၅၂၈၀၀ သို့ဆက်သွယ်ပါ။
ဆက်သွယ်နိုင်သော အချိန်များကို အောက်ပါ MPT website လင့်ခ်တွင်ကြည့်ရှုနိုင်ပါသည်။
https://www.mpt.com.mm/mm/home-mm/support-mm/contact-us/