×

MPT က “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ် ပညာရေးဆီ” အစီအစဉ်ဖြင့် အဆင့်မြင့် အိုင်တီနည်းပညာ ကျွမ်းကျင်မှု သင်တန်းသစ် ဖွင့်လှစ်

09 Sep 2019

MPT နှင့် NLD ပညာရေး ကွန်ရက်တို့ပူးပေါင်းပြီး အနာဂတ်၏ ဒီဂျစ်တယ်ပညာရပ် ကျွမ်းကျင်မှု သင်တန်းဆရာများ မွေးထုတ်ပေးမည့် အထူးသင်တန်းများကို စဉ်ဆက်မပြတ် ထောက်ပံ့နေ

(ရန်ကုန်၊ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၉ ရက်၊) – မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT အနေဖြင့် အထူးအောင်မြင်ခဲ့သည့် “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ်၏ နောက်ဆက်တွဲအဖြစ် ၂၀၂၀ ခုနှစ် အတွက် ကွန်ပျူတာပညာ ကျွမ်းကျင်မှု ဆရာဖြစ် သင်တန်းသစ်ကို စတင်ဖွင့်လှစ်ပြီဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန် ကြေညာလိုက်သည်။

 

နိုင်ငံတစ်ဝန်းလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နေသည့် ဤသင်တန်း အစီအစဉ်ကို MPT နှင့် NLD ပညာရေး ကွန်ရက် တို့ ပူးပေါင်းစီစဉ်ဆောင်ရွက်နေခြင်းလည်း ဖြစ်သည်။
အဆိုပါ ကွန်ပျူတာပညာ ကျွမ်းကျင်မှု ဆရာဖြစ်သင်တန်းသည် “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ်မှတစ်ဆင့် အောင်မြင်ခဲ့သည့် သင်တန်းသားများကို မိုက်ခရိုဆော့ဖ် ကွန်ပျူတာ အက်ပလီကေးရှင်း နှင့် အိုင်တီနည်းပညာကျွမ်းကျင်မှု သင်ကြားရေးနည်းလမ်းများကို သေချာစွာ လေ့ကျင့်သင်ကြားပေးနိုင်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ကွန်ပျူတာပညာ ကျွမ်းကျင်မှု ဆရာဖြစ်သင်တန်းသို့ တက်ရောက်မည့် သင်တန်းသား (၅၀) အနေဖြင့် သင်တန်းပြီးဆုံးပြီးနောက် မိမိတို့ ကျွမ်းကျင်တတ်မြောက်လာသည့် အဆင့်မြင့် ကွန်ပျူတာပညာများကို နိုင်ငံတစ်ဝန်းရှိ NLD ပညာရေး ကွန်ရက် သင်တန်းကျောင်းများမှတစ်ဆင့် သက်ဆိုင်ရာဒေသများ၌ ပြန်လည်မျှဝေ သင်ကြားပေးနိုင်မည် ဖြစ်သည်။ ၂၀၂၀ ခုနှစ်အတွက် ကွန်ပျူတာပညာ ကျွမ်းကျင်မှု ဆရာဖြစ်သင်တန်း ပထမအသုတ်ကို သင်တန်းသား (၂၅) ဦးဖြင့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်တွင် ရန်ကုန်မြို့ရှိ MPT သင်တန်းကျောင်း၌ စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်။

 

“MPT အနေနဲ့ မြန်မာနိုင်ငံက အခွင့်အရေးနည်းပါးလှတဲ့ လူငယ်တွေကို တစ်ဖက်တစ်လမ်းကနေ ကွန်ပျူတာပညာ ကျွမ်းကျင်မှုတွေ မျှဝေသင်ကြားမှုကနေတစ်ဆင့် တစိုက်မတ်မတ်နဲ့ ကူညီပံ့ပိုးပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒီဂျစ်တယ်နည်းပညာတွေက ကုန်ထုတ်လုပ်မှုစွမ်းအားကို တိုးတက်စေနိုင်သလို စီးပွားရေးဆိုင်ရာ အခွင့်အလမ်းသစ်တွေကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင်မြင်မှုအတွက် ဒီဂျစ်တယ်နည်းပညာ ကျွမ်းကျင်တတ်မြောက်သူတွေ လုံလုံလောက် လောက် ရှိနေဖို့လည်းလိုအပ်ပါတယ်။ မိုဘိုင်းလ် အင်တာနက်နဲ့ ကွန်ပျူတာ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ နိုင်ငံရဲ့ ခေတ်မီ ဒီဂျစ်တယ်စီးပွားရေးစနစ်ကို တည်ဆောက်ရာ မှာ မြန်မာနိုင်ငံသားအားလုံး ပါဝင်ခွင့်ရရှိစေဖို့အတွက်လည်း ကျွန်တော်တို့အနေနဲ့ ရည်မှန်းထားပါတယ်။” ဟု MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှု ဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ ဦးမြင့်သိန်းထွန်း က ပြောကြားခဲ့သည်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာမျိုးညွန့်ကလည်း “ရရှိနိုင်တဲ့ သတင်းနည်းပညာရင်းမြစ်တွေအားလုံးကို ဘယ်လိုအသုံးချနိုင်မယ်ဆိုတဲ့ နည်းလမ်းနဲ့ ပတ်သက်ပြီး သင်တန်းဆရာတွေကို လေ့ကျင့်ပေးနိုင်မယ့် လုပ်ငန်းစဉ်ဟာ ဒီဂျစ်တယ်ကျွမ်းကျင်မှု ပညာရပ်တွေကိုဖြန့်ဝေရေးအတွက် အထူးပဲအရေးပါလှတဲ့အပြင် ကျွန်တော်တို့နိုင်ငံသားတွေကိုလည်း အကျိုးအမြတ်တွေ ဖြစ်ထွန်းစေမှာဖြစ်ပါတယ်။ လက်ရှိ အနေအထားအရ နိုင်ငံတစ်ဝန်းက အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေမှာ ဒီဂျစ်တယ်နည်းပညာတွေရဲ့ အကျိုးကျေးဇူးကို အပြည့်အဝ ရရှိခံစားစေနိုင်မယ့် ကျွမ်းကျင်တတ်မြောက်မှုနဲ့ လုပ်ငန်းလည်ပတ်မှု အတွေ့အကြုံတွေမရှိသေး တာကြောင့် MPT ကနေ အခုလိုမျိုး ဒီဂျစ်တယ်နည်းပညာကျွမ်းကျင်မှုဆိုင်ရာ သင်တန်းတွေ ဖွင့်လှစ်သင်ကြားပေးနေတာကို ကျေးဇူးတင် ဝမ်းမြောက်မိပါတယ်။” ဟု ပြောကြားသွားခဲ့သည်။

 

“ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ်ကို MPT နှင့် NLD ပညာရေး ကွန်ရက်တို့ ပူးပေါင်း၍ မြို့ပြများတွင်သာမက မြို့ပြမဟုတ်သည့် ဒေသများတွင် နေထိုင်သော လူငယ်များအား ပညာရေးနှင့် နည်းပညာပိုင်းတို့ကို လက်လှမ်းမီစေရန်အတွက် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်သည်။ ၎င်းအစီအစဉ် စတင်ခဲ့သည့် ၂၀၁၆ ခုနှစ်မှ စတင်ပြီး နိုင်ငံတစ်ဝန်းမှ ကျောင်းသူ၊ ကျောင်းသားပေါင်း (၅,၀၀၀) ကျော်သည် MPT ၏ ယခုအစီအစဉ်မှတစ်ဆင့် ကွန်ပျူတာ နည်းပညာ ကျွမ်းကျင်မှုပညာရပ်များ တတ်မြောက်ခဲ့ပြီး ဖြစ်သည်။

 

MPT အနေဖြင့် ဒီဂျစ်တယ် နည်းပညာ တတ်ကျွမ်းမှု ကွာဟချက်လျော့ချရေးကို နည်းလမ်းမျိုးစုံဖြင့် တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံ တစ်ဝန်းရှိ MPT Telecenter ပေါင်း ၁၅၀ ကျော်၌ လူအများအတွက် အသုံးဝင်ပြီး အကျိုးရှိသည့် သတင်းအချက်အလက်များ၊ ဆက်သွယ်ရေး ဝန်ဆောင်မှုများကိုလည်း မျှဝေပေးအပ်လျက်ရှိသည်။ MPT အနေဖြင့် ပြည်နယ်နှင့် တိုင်း ဒေသကြီး အသီးသီးရှိ အမေ့အိမ် ပညာဒါန သင်တန်းကျောင်းများတွင် အင်တာနက် ကွန်ရက်ချိတ်ဆက်မှု နှင့်အတူ လက်ပ်တော့ကွန်ပျူတာ အလုံး ၃၀၀ ကိုအသုံးပြုပြီးသင်တန်းများကိုလည်း ထောက်ပံ့ပေးလျက်ရှိသည်။ MPT သည် နိုင်ငံတစ်ဝန်း၌ မိုဘိုင်းလ်အသုံးပြုမှုဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ပေးလျက်ရှိပြီး အနာဂတ်မျိုးဆက်သစ်လူငယ်များအား မိုဘိုင်းလ်ဖုန်းများကို လုံခြုံစိတ်ချစွာ အသုံးပြုတတ်စေရန် အသိပညာပေးမှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါသည်။
MPT ၏ လူမှုအကျိုးပြု လုပ်ငန်းဆောင်ရွက်မှုများနှင့် လူငယ်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ချက်များကို အသေးစိတ်သိရှိလိုပါက http://mpt.com.mm/en/about-home-en/csr-activities/ သို့ ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။

 

 

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအကြောင်း
MPT သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်ပြီး၊ နှစ်ပေါင်း ၁၃၀ ကျော်ကြာအောင် ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုတွင် ရှေ့ဆောင်လာခဲ့သူ ဖြစ်ပါသည်။ ကြိုးဖုန်းနှင့် မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုများအား ပြည်သူများနှင့် စီးပွားရေး လုပ်ငန်းများထံ ဆောင်ရွက်ပေးလျက်ရှိပြီး၊ တစ်နိုင်ငံလုံးသို့ လွှမ်းခြုံထားသည့် အကြီးမားဆုံး 3G ကွန်ရက်ကို ပိုင်ဆိုင်ထာကာ မြန်မာနိုင်ငံ၏ အမြန်ဆုံးနှင့် အဆင့်အမြင့်ဆုံး MIMO 4X4 နည်းပညာ အသုံးပြုထားသောLTE+ ကွန်ရက်ကိုလည်း ပိုင်ဆိုင် ထားပါသည်။

 

၂၀၁၄ ဇူလိုင်လတွင် MPT သည် KDDI Summit Global Myanmar (KSGM) နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ပါသည်။ KSGM သည် ဂျပန်ပူးပေါင်းဆောင်ရွက်သူများ ဖြစ်ကြသည့် KDDI Corporation (KDDI) နှင့် Sumitomo Corporation (Sumitomo) တို့မှ ပိုင်ဆိုင်ထားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား အရှိန်မြှင့်တင်နိုင်ရန်အတွက် MPT အနေဖြင့် KDDI နှင့် Sumitomo တို့ ပူးပေါင်းပြီး ဆယ်နှစ်အတွင်း ဒေါ်လာ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံကြရန် ရည်ရွယ်ခဲ့ကြ ပါသည်။ အဆိုပါဆောင်ရွက်ချက်မှာ မြန်မာနိုင်ငံသမိုင်းတွင် ဂျပန်နိုင်ငံ၏ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုများထဲမှ တစ်ခု ဖြစ်ခဲ့ပါသည်။

 

MPT အနေဖြင့် ဝန်ထမ်းပေါင်း ၈ ထောင်ကျော်နှင့်အတူ KSGM နှင့် ပူးပေါင်းပြီး ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား စဉ်ဆက်မပြတ် အားစိုက်ဆောင်ရွက်နေကာ တာဝန်သိမှုလူမှုအကျိုးပြုလုပ်ငန်း (Corporate Social responsibility) ဆိုင်ရာ တန်ဖိုးများအား လေးစားလိုက်နာလျက် မြန်မာနိုင်ငံအား ရှေ့သို့လှမ်းနိုင်စေ ရန် ဆောင်ရွက်လျက်ရှိပါသည်။ MPT အနေဖြင့် လက်ရှိတွင် သုံးစွဲသူ ၂၃ သန်းကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

 

အခြားသောအချက်အလက်များနှင့် ပိုမိုတိကျသည့် စည်းမျဉ်းစည်းကမ်းများအတွက် www.mpt.com.mm သို့မဟုတ် www.facebook.com/mptofficialpage များတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ လူငယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များနှင့် ပတ်သက်၍ MPT ၏ လှုပ်ရှားမှုများအား ပိုမိုသိရှိလိုပါက http://mptcsr.foc.lotayamm.com/mptyouth သို့ သွားရောက်ပြီး သတင်းအချက်အလက်များ စုံလင်စွာပါရှိသည့် ကော်ပိုရိတ် ဗီဒီယိုအား အခမဲ့ကြည့်ရှုနိုင်ပါသည်။

 

မီဒီယာသတင်းအချက်အလက်များအတွက်မေးမြန်းလိုပါကဆက်သွယ်ရန် :
MPT-KSGM Joint Operations
Hay Mann Soe
(+95) 9 423000171 / (+95) 9 8630050
haymannsoe@mptjo.com.mm
corporatecomm@mptjo.net.mm
ရှေ့သို့လှမ်းချီ မြန်မာပြည်