MPT Myanmar | Moving Myanmar Forward MPT MNL Offer FAQs MM - MPT Myanmar | Moving Myanmar Forward
×

MPT MNL Offer

၁။ MPT MNL application ဆိုသည်မှာဘာလည်း။

MPT MNL application ဆိုသည်မှာ Myanmar National League ဘောလုံးပွဲနဲ့ပက်သက်သော အကြောင်းအရာများ၊ ပွဲစဉ်များ၊ သတင်းများ၊ များ၊ တိုက်ရိုက်ပွဲများ နှင့် အကြိုခန့်မှန်းပြိုင်ပွဲများပါဝင်သော application တခုဖြစ်ပါသည်။

၂။ MPT MNL application ကိုဘယ်တော့စသုံးနိုင်မှာလည်း။

MPT MNL application ကို ၁ရက် ဇွန်လ ၂၀၁၈ မှစ၍အသုံးပြုနိုင်ပါသည်။

၃။ Application အသုံးပြုခ ပေးရမှာလား။

Application အသုံးပြုခပေးစရာမလိုပါ။ Application အသုံးပြုနေစဉ် Internet အသုံးပြုခသာ ပေးရမည် ဖြစ်ပါသည်။

၄။ ဒီ application ကို MPT customers/users များသာ အသုံးပြုလို့ရမှာလား။

MPT ၊ Telenor ၊ Ooredoo ၊ Mytel နှင့် WiFi users အားလုံးအသုံးပြုလို့ရပါသည်။

၅။ Application ကိုဘယ်ကနေ download လုပ်နိုင်ပါသလည်း။

Google play store, Apple store, MPT webpage, Lotaya application and USSD *3101# sms link မှ download လုပ်နိုင်ပါသည်။

၆။ Application မှာပါဝင်သော quiz & game အစီအစဉ် မှာဘာပါလည်း။

Quiz & Game အစီအစဉ်မှာ ဘောလုံး ပြိုင်ပွဲများအားလုံးကို ခန့်မှန်းသော အစီအစဉ် တခုဖြစ်ပါသည်။ အားလုံးမှန်မှအနိုင်ရရှိ၍ တပွဲမှားလျင်ရှုံးမည်ဖြစ်ပါသည်။
Quiz & Game အစီအစဉ်မှာ MPT ဆင်းကဒ် အသုံးပြုသူများ အတွက်သာအကျုံးဝင်ပါသည်။

၇။ ဘောလုံးပွဲများကို ဘယ်နေ့တွေမှာ ကျင်းပ ပါသလည်း။

ဘောလုံးပွဲများကို စနေ နှင့် တနင်္ဂနွေနေ့တွင်ကျင်းပပါသည်။

၈။ ဒီ application တွင် ဘောလုံး ဘယ်နှစ်သင်းပါဝင်ပါသလည်း။

၁၂သင်းပါဝင်ပါသည်။ အား
လုံးမှာ League 1 မှဖြစ်ပါသည်။

၉။ ခန့်မှန်းပြိုင်ပွဲကို ဘယ်အချိန် မှ ဘယ်အချိန်ထိ ဝင်ရောက်ရွေးချယ်နိုင်မလည်း။

ခန့်မှန်းပြိုင်ပွဲ အသင်းများကို တနင်္လာနေ့ ည ၁၂မှ စ၍ စနေနေ့ နေ့လည် ၁၂ ထိ ရွေးချယ်နိုင်ပါသည်။

၁၀။ ဆုရသူများကို ဘယ်လိုရွေးချယ်မှာလည်း။

Game winners များထဲမှ 4 ယောက်ကို ကံထူးရှင် ရွေးချယ်ဆုပေးသွားမည်ဖြစ်ပါသည်။ ပြိုင်ပွဲမှာ တပတ်စာ ၆ပွဲလုံး ခန့်မှန်းရပြီး အားလုံးမှန်မှ အနိုင်ရမည်ဖြစ်ပါသည်။

၁၁။ ဆုရသူစာရင်းကိုဘယ်လိုကြေငြာမှာလည်း။

ဆုရသူစာရင်းကို ဖုန်းခေါ်ပြီး Facebook တွင်လည်းကြေငြာပေးပါမည်။

၁၂။ ဘာဆုတွေ ပေးမှာဘာလည်း။

ဆုများမှာ ငွေကြေးမဟုတ်သော ဘောလုံး အင်္ကျီ ၊ MNL အမှတ်တရ ငွေဖြည့်ကဒ် နှင့်အခြားအဖိုးတန် ပစ္စည်းများဖြစ်ပါသည်။ ဆုပစ္စည်း များသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်ပါပြီး MPT Facebook တွင်အချိန်နှင့်အမျှဖော်ပြပေးသွားပါမည်။

၁၃။ ဆုကိုဘယ်လိုပေးအပ်မှာလည်း။

ဆုများကို တစ်လတစ်ခါ လကုန်ပိုင်းတွင်ပေးသွားပါမည် ကိုယ်တိုင်လာမယူနိုင်ပါက ဆုရရှိသူမှ ကိုယ်စားလှယ်လွှဲစာ နှင့် NRiC copy ကိုပြပြီး ထုတ်ယူနိုင်ပါသည်။