×

MPT Money ဖြင့် ဒီဂျစ်တယ်အာမခံဝန်ဆောင်မှုကို လွယ်ကူစွာ ငွေပေးချေနိုင်

10 Nov 2020

(MPT Money သုံးစွဲသူများသည် ဒီဂျစ်တယ်အာမခံဝန်ဆောင်မှု ဝယ်ယူထားသည့်ငွေပမာဏများထဲမှ
E-money ပြန်အမ်းငွေ ၅ ရာခိုင်နှုန်းနှင့် MPT Club ပွိုင့် ၅ ရာခိုင်နှုန်းအကျိုးခံစားခွင့်များကို ပြန်လည်ရရှိနိုင်မည်။)

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၀ ရက်) မြန်မာနိုင်ငံ၏ ယုံကြည်စိတ်ချရဆုံးဖြစ်သည့် မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှု MPT Money သည် MPT နှင့် မိတ်ဖက်အဖြစ်ဆောင်ရွက်ထားသည့် AYA SOMPO နှင့် GGI Nippon Life အာမခံ ကုမ္ပဏီများ၏ ကိုယ်အင်္ဂါ ထိခိုက်မှုအာမခံ (သက်တော်စောင့်) နှင့် ကျန်းမာရေးအာမခံ (ဇီဝက) အတွက် ဒီဂျစ်တယ်ငွေပေးချေမှုနည်းလမ်းသစ်ကို မိတ်ဆက်ခဲ့ပါသည်။ MPT သုံးစွဲသူများအားလုံးသည် အာမခံဝန်ဆောင်မှုအတွက် ငွေပေးချေရာတွင် MPT Money အကောင့်ကို အသုံးပြု၍ ငွေပေးချေသည့်ပမာဏအပေါ်မူတည်၍ E-money ပြန်အမ်းငွေ ၅ ရာခိုင်နှုန်း နှင့် MPT Club ပွိုင့် ၅ ရာခိုင်နှုန်းတို့ကို နိုဝင်ဘာလ ၁၈ ရက်အထိ ရယူနိုင်မည် ဖြစ်ပါသည်။

ယခုအခါ MPT Money သုံးစွဲသူများသည် မိမိတို့ဝယ်ယူမည့် အာမခံအစီအစဉ်များအတွက် E-Wallets ကို အသုံးပြု၍ လွယ်ကူသက်သာစွာငွေပေးချေနိုင်ပြီး ပရိုမိုးရှင်း ကာလအတွင်း ဝယ်ယူပါက E-money ပြန်အမ်းငွေနှင့် MPT Club ပွိုင့်များကို ရရှိနိုင်ပါသည်။ MPT သုံးစွဲသူများသည် မိမိတို့ကိုယ်တိုင်နှင့် ချစ်ခင်ရသူများကို ကာကွယ်စောင့်ရှောက်နိုင်ရန် မိမိတို့နေအိမ်မှပင် MPT4U အက်ပလီကေးရှင်းနှင့် MPT ဝက်ဘ်ဆိုက် ၊ စာတိုအတွင်းရှိ Link ၊ MPT U-Life ဒီဂျစ်တယ်အာမခံ ဝက်ဘ်ဆိုက် https://www.mpt.com.mm/mm/mpt-u-life-mm/ တို့မှတစ်ဆင့် အထက်ပါ အာမခံပေါ်လစီနှစ်မျိုးကို အလွယ်တကူ ဝယ်ယူနိုင်ပါသည်။

“MPT Money အနေနဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းအာမခံကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး ငွေသားကိုင်တွယ် သုံးစွဲဖို့မလိုတဲ့ လူမူအဖွဲ့အစည်းအဖြစ် ဖွံ့ဖြိုးတိုးတက်လာဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။ သုံးစွဲသူတွေကို MPT U-Life ဒီဂျစ်တယ်အာမခံ ဝန်ဆောင်မှုကနေ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေ ကျန်းမာရေးအာမခံအကျိုးကျေးဇူးတွေကို အခက်အခဲမရှိ ရယူနိုင်အောင် ကျွန်တော်တို့ လုပ်ဆောင်နေပါ တယ်။ လွယ်ကူချောမွေ့တဲ့ ငွေပေးချေမှုအသစ်တွေနဲ့အတူ ဒီဂျစ်တယ် အာမခံဝန်ဆောင်မှုတွေကို ဝယ်ယူရာတွင် အကျိုးခံစားခွင့်တွေကို အပိုထပ်ဆောင်းအဖြစ် ပေးခွင့်ရတဲ့အတွက် ကျွန်တော်တို့ ဝမ်းသာ ပျော်ရွှင်မိပါတယ်။ MPT Money သုံးစွဲသူတွေအားလုံးဟာ ကျန်းမာရေးကာကွယ်မှုတွေအတွက် e-money ပြန်အမ်းငွေတွေနဲ့ MPT Club ပွိုင့် တွေကို နိုဝင်ဘာလ ၁၈ ရက် အထိ ရယူခံစားနိုင်မှာ ဖြစ်ပါတယ်”ဟု MPT Money ၏ အုပ်ချုပ်မှု ဒါရိုက်တာဖြစ်သူ ဦးခင်မောင်မြင့်က ပြောကြားခဲ့သည်။

MPT Money သုံးစွဲသူများသည် ငွေပေးချေမှုများနှင့်ပတ်သက်၍ “သက်တော်စောင့်” ကိုယ်အင်္ဂါထိခိုက်မှုအာမခံ အတွက် https://fb.watch/1FHdy7PAS2/ နှင့် “ဇီဝက” ကျန်းမာရေးအာမခံအတွက် https://bit.ly/35uWUf7 တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT Money သည် စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ဆန်းသစ်သော၊ လုံခြုံစိတ်ချရသော၊ ဈေးနှုန်းသက်သာသော ဝန်ဆောင်မှု ကောင်းများစွာ ပေးစွမ်းခြင်းဖြင့် သုံးစွဲသူများ၏ ဒီဂျစ်တယ်လူမှုဘဝများ ပိုမိုပြည့်စုံကြွယ်ဝစေရေး အတွက် ရည်ရွယ်၍ ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုနှစ်အစောပိုင်းတွင် MPT Money သည် ကုန်ပစ္စည်းများ၊ စားသောက်ကုန်များနှင့် အိမ်အတွက်လိုအပ်သော ပစ္စည်းများ မှာယူရာတွင် မိမိတို့နေအိမ်၌ပင် E-Wallet ဝန်ဆောင်မှုမှတစ်ဆင့် မြန်ဆန် လုံခြုံစိတ်ချရသော ဒီဂျစ်တယ်ငွေပေးချေမှုကို ဆောင်ရွက်နိုင်ရန် Hi-So နှင့် Zay Chin Mart တို့အပြင် အမျိုးအစား စုံလင်သော ကုန်ပစ္စည်းများ ဝယ်ယူနိုင်သည့် အွန်လိုင်းရှော့ပင်း ဝန်ဆောင်မှု ဖြစ်သော rgo47 နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ထို့အပြင် MPT Money ဒီဂျစ်တယ်နည်းလမ်းဖြင့် ချေးငွေများ ထုတ်ပေးနိုင်ရန်အတွက်လည်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (MADB) နှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။

MPT Money အက်ပလီကေးရှင်း ကို မည်သည့်မိုဘိုင်းလ်ကွန်ရက်ဖြင့်မဆို အသုံးပြုနိုင်ပါသည်။ Android အသုံးပြုသူများအနေဖြင့် MPT Money အက်ပလီကေးရှင်းကို http://bit.ly/MPTMoneyAndroid နှင့် iOS အသုံးပြုသူများအနေဖြင့် http://bit.ly/MPTMoney_iOS မှ download ရယူ၍ “ဒီဂျစ်တယ်ငွေပေးချေမှု” ဝန်ဆောင်မှုမှ ပေးသော စိတ်လှုပ်ရှားဖွယ်ကောင်းသည့် အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်သည်။

MPT Money နှင့် ပတ်သက်၍ အချက်အလက်များပိုမိုသိရှိလိုပါက ၉၉၀ သို့ ဆက်သွယ်ခေါ်ဆိုနိုင်ခြင်း (သို့မဟုတ်) MPT Money Official Facebook Page www.facebook.com/MPTMoneyOfficial သို့လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

MPT Money အကြောင်း

MPT Money သည် ဒီဂျစ်တယ် စီးပွားရေး ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်ထားကာ ယုံကြည်စိတ်ချရမှု အပြည့်ရှိသော ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများကို ဆန်းသစ်တီထွင်မှုနှင့် သက်သာသော နှုန်းထားများဖြင့် ပေးအပ်ခြင်းဖြင့် ငွေရေးကြေးရေးကဏ္ဍတွင် လူတိုင်းလက်လှမ်းမီ ပါဝင်နိုင်စေရန် ဆောင်ရွက်လိုက်ခြင်းဖြစ်ပါသည်။

သုံးစွဲသူများအတွက် ရိုးရှင်းလွယ်ကူစေမည့် MPT Money ၏ နည်းပညာကို အသုံးပြုခြင်းဖြင့် အီလက်ထရောနစ် စနစ်သုံး ငွေကြေးလွှဲ ပြောင်းပေးခြင်းနှင့် ငွေပေးချေခြင်းဆိုင်ရာ လုပ်ဆောင်ချက်များဖြစ်သည့် OTC (နှစ်ဦးနှစ်ဖက် တိုက်ရိုက် ငွေလွှဲပြောင်းခြင်း)၊ လစာပေးခြင်းဆိုင်ရာဝန်ဆောင်မှုနှင့် ပင်စင် ဝန်ဆောင်မှုများ၊ Mobile Wallet ဖြင့် ငွေပေးချေခြင်း၊ MPT နှင့်အခြားသော အော်ပရေတာများသို့ ဖုန်းငွေဖြည့်သွင်းခြင်းနှင့်ဒေတာဝယ်ခြင်း၊ ငွေတောင်းခံလွှာများ ပေးချေခြင်း၊ ဈေးဆိုင်များတွင်ငွေပေးချေခြင်း၊ CB ဘဏ် ATM တွင်ငွေထုတ်ခြင်း၊ ကိုယ်စားလှယ်ဆိုင်များတွင် ငွေသွင်းငွေထုတ်အပြင် အခြားသော ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများကို သုံးစွဲသူများနှင့် ရောင်းချသူများအကြား အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်စေပါသည်။

MPT Money သည်လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း တိုးတက်မှုအမြန်ဆုံး ငွေကြေးဝန်ဆောင်မှုဖြစ်ပြီး သုံးစွဲသူများ အဆင်ပြေလွယ်ကူစေရန် နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၂၇၈ ခုမှ ကိုယ်စားလှယ်ပေါင်း ၂၇,၀၀၀ ကျော်ရှိသည့် ကိုယ်စားလှယ်ကွန်ရက်ဖြင့်လည်ပတ်နေပါသည်။